သမ္မတထရမ့်၏ ရုတ်တရက် အမိန့်ပေးမှုအပြီး အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများ အချိန်တိုအတွင်း ရပ်ဆိုင်း
318သမ္မတထရမ့်၏ ရုတ်တရက် အမိန့်ပေးမှုအပြီး အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများ အချိန်တိုအတွင်း ရပ်ဆိုင်း အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပြုလုပ်နေသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် ယင်းလေ့ကျင့်မှုများကို အချိန်တိုအတွင်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံနှစ်ခုစလုံးက ပြောကြားခဲ့သည်။ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ၎င်း၏ “အလွန်ကောင်းမွန်သော” ဆက်ဆံရေးကို အကြောင်းပြချက်အဖြစ် ကိုးကားပြောဆိုခဲ့သည်။ ဤရုတ်တရက် ကြေညာချက်ကြောင့် ထရမ့်သည် အထီးကျန်နေသော မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်များနှင့် ပတ်သက်၍ ကင်ဂျုံအွန်နှင့် ကြီးမားသော သဘောတူညီချက်တစ်ခုရယူရန် သူ၏ကြိုးပမ်းမှုကို ပြန်လည်အသက်သွင်းလိုခြင်း ဖြစ်နိုင်ကြောင်း မှန်းဆမှုများ ထွက်ပေါ်လာခဲ့သည်။ ထရမ့်သည် ကင်ဂျုံအွန်နှင့် “သင့်လျော်သော အချိန်” တွင် အသစ်တစ်ဖန် တွေ့ဆုံရန် ဆန္ဒရှိနေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက NBC … Read more