နို့သောက်ခြင်းကို ဘာကြောင့်ရှောင်ကြဉ်ရသလဲဆိုတာ ခရစ္စတီယာနို ရော်နယ်ဒို ရှင်းပြ
345အသက် (၄၁) နှစ်ပြည့်သွားပြီဖြစ်သော ခရစ္စတီယာနို ရော်နယ်ဒိုသည် ကွင်းအတွင်း သူ၏လွှမ်းမိုးနိုင်စွမ်းကို လျော့ကျသွားစေခြင်းမရှိဘဲ၊ သူနှင့်အနီးကပ်ဆုံးလူများကတော့ ၎င်း၏လျှို့ဝှက်ချက်သည် လေ့ကျင့်ရေးကွင်းပြင်ပတွင် ရှိနေသည်ဟု ဆိုကြသည်။ ဂျူဗင်တပ်စ်အသင်းတွင် ကစားစဉ်ကာလအတွင်း ရော်နယ်ဒိုအတွက် အစားအစာများ ပြင်ဆင်ပေးခဲ့သည့် ကိုယ်ပိုင်စားဖိုမှူး ဂျော်ဂျီယို ဘာရွန် (Giorgio Barone) က ပေါ်တူဂီစူပါစတား၏ ထူးခြားလှသော ရေရှည်ကြံ့ခိုင်မှုနောက်ကွယ်ရှိ အာဟာရဆိုင်ရာ ခံယူချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထင်ရှားသော အချက်တစ်ချက်မှာ ရော်နယ်ဒိုသည် နွားနို့သောက်သုံးခြင်းကို လုံးဝငြင်းပယ်ခြင်းဖြစ်သည်။ ဘာရွန်၏ အဆိုအရ ဤတိုက်စစ်မှူးသည် နို့ထွက်ပစ္စည်းများကို လုံးဝမစားသုံးဘဲ အခြားအရာများဖြင့်သာ အစားထိုးကာ လူကြီးများ တိရစ္ဆာန်နို့သောက်သည့် အလေ့အထကို သဘာဝနှင့် ဆန့်ကျင်သည်ဟု ရှုမြင်ကြောင်း သိရသည်။ ဘာရွန်က ယင်းအကြောင်းရင်းကို ရှင်းပြရာတွင် ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ “နွားနို့မပါပါဘူး။ … Read more