ရေချိုးခန်းထဲတွင် မသိမ်းဆည်းသင့်သော ပစ္စည်း (၈) မျိုး

  • ဆေးဝါးများနှင့် ဖြည့်စွက်စာများ (Medication and supplements): ရေချိုးခန်းတွင်းရှိ အပူချိန်နှင့် စိုထိုင်းဆ အပြောင်းအလဲများက ဆေးဝါးများ၏ အာနိသင်ကို လျော့ကျစေပြီး သက်တမ်းမကုန်မီ ပျက်စီးစေနိုင်သည်။ ၎င်းတို့ကို အေး၍ခြောက်သွေ့သော နေရာ (ဥပမာ – အဝတ်ဗီရို သို့မဟုတ် အံဆွဲ) တွင်သာ သိမ်းဆည်းပါ။

  • မိတ်ကပ် (Makeup): အပူနှင့် ရေခိုးရေငွေ့များကြောင့် မိတ်ကပ်များ၏ အသွင်အပြင်၊ တာရှည်ခံမှုနှင့် အနံ့တို့ ပျက်ယွင်းနိုင်ပြီး မကြာခဏ ဖွင့်သုံးတိုင်း မှို သို့မဟုတ် ဘက်တီးရီးယား ဝင်ရောက်နိုင်ခြေ ပိုများသည်။ အထူးသဖြင့် ဖောင်ဒေးရှင်းနှင့် မာစကာရာကဲ့သို့ အရည်အခြေခံသော ပစ္စည်းများကို အခန်းတွင်း၌သာ ထားပါ။

  • Retinol နှင့် Vitamin C Serums: အရောင်ပြောင်းခြင်းနှင့် ဓာတ်တိုးမှု (Oxidation) ဖြစ်လွယ်သောကြောင့် အာနိသင်လျော့ကျတတ်သည်။ ၎င်းတို့ကို ရေချိုးခန်းအပြင်ဘက်ရှိ အလင်းရောင်တိုက်ရိုက်မရသော နေရာများတွင် ထားသိုပါ။

  • သွားဖြူစေသော ကပ်ခွာများနှင့် ဂျယ်လ်များ (Whitening strips and gels): ပူနွေးစိုထိုင်းသော ပတ်ဝန်းကျင်တွင် ထားပါက သက်တမ်းမကုန်မီ ပျက်စီးသွားတတ်ပြီး သုံးသည့်အခါ အာနိသင်မဲ့သွားနိုင်သည်။ အေး၍ မှောင်သောနေရာ (သို့မဟုတ် ရေခဲသေတ္တာ) တွင် သိမ်းဆည်းပါ။

  • လက်ဝတ်ရတနာများ (Jewelry): ရေနွေးငွေ့နှင့် အပူချိန်အပြောင်းအလဲများက ပုလဲ၊ ငွေ (Sterling Silver) နှင့် ရွှေရည်စိမ် လက်ဝတ်ရတနာများကို အရောင်ကျဆင်းစေကာ အမြန်ပျက်စီးစေနိုင်သည်။ သတ္တုများ ကျုံ့ခြင်း၊ ကျယ်ခြင်းကြောင့် ကျောက်ချယ်ထားသော လက်စွပ်များမှ ကျောက်များ ကျွတ်ထွက်ခြင်းလည်း ဖြစ်စေနိုင်သည်။

  • နေလောင်ခံခရင်မ် (Sunscreen): အပူနှင့် စိုထိုင်းဆကြောင့် ပါဝင်ပစ္စည်းများ၏ တည်ငြိမ်မှုကို ပျက်ပြားစေသည်။ အေးမြသောနေရာတွင် ထားသိုခြင်းဖြင့် မူလအာနိသင်ကို ထိန်းသိမ်းပါ။

  • သွားအစွပ်များနှင့် Retainers များ (Mouth guards and retainers): စိုထိုင်းသောပတ်ဝန်းကျင်က မှိုပေါက်ပွားမှုကို အားပေးသည့်အပြင် အိမ်သာရေဆွဲချရာမှ လွင့်စင်လာသော ဘက်တီးရီးယားများ ကပ်ငြိနိုင်သောကြောင့် ၎င်းတို့ကို ရေချိုးခန်းပြင်ပရှိ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သော နေရာတွင်သာ သိမ်းဆည်းပါ။

  • ရေမွှေး (Fragrance): အပူချိန်အပြောင်းအလဲ၊ နေရောင်နှင့် အောက်ဆီဂျင်တို့ကြောင့် ရေမွှေး၏ မူလအနံ့ ပြောင်းလဲသွားနိုင်သည်။ မှောင်ပြီး အေးသော အိပ်ခန်းအံဆွဲ သို့မဟုတ် ဗီရိုထဲတွင် သိမ်းဆည်းပါ။

Author: Bamakhit

Leave a Reply

Your email address will not be published. Required fields are marked *