၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ G12 အောင် စာရင်း 2026

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း G12 အောင် စာရင်း 2026
၁။ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ၂၈-၆-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၆:၀၀) အချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

၂။ အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

၃။ အောင်စာရင်းထုတ်ပြန်မည့် ၂၈-၆-၂၀၂၆ ရက်နေ့၊ နံနက် (၄) နာရီတွင် စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို https://www.myanmarexam.org တွင်လည်းကောင်း၊ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သော အောင်စာရင်းစနစ်ကို https://result.dme.gov.mm တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။

၄။ စာမေးပွဲအောင်စာရင်းများကို အဆိုပါ Website များမှ ထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသည့်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

၅။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၈-၆-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

Author: Bamakhit

Leave a Reply

Your email address will not be published. Required fields are marked *