ဖာနန်ဒက်စ်သည် စာချုပ်သစ်ဖြင့်မန်ယူအသင်း၌ ဆက်လက်ရှိနေရန် အသင့်ဖြစ်နေပြီ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် အိုးလ်ထက်ဖို့ဒ်တွင် စာချုပ်သစ်တရပ်ချုပ်ဆိုကာ အသင်းနှင့်အတူ ၎င်း၏အနာဂတ်ကို ဆက်လက်ပုံဖော်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

လက်ရှိစာချုပ်၏ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သော မန်ယူအသင်းခေါင်းဆောင်၏ အနာဂတ်နှင့်ပတ်သက်၍ မသေမချာဖြစ်မှုများ ရှိနေခဲ့သည်။ အကယ်၍ ရက်ဒဲဗစ်ခေါ် မန်ယူအသင်းအနေဖြင့် ယခုနွေရာသီတွင် ငွေကြေးပြန်လည်ဖလှယ်ရန် ဆုံးဖြတ်ခဲ့ပါက ဆော်ဒီပရိုလိဂ်ကလပ်များဘက်မှ ရေရှည်စောင့်ကြည့်နေခဲ့ကြပြီး အသင်းအချို့ကလည်း ၎င်း၏အခြေအနေကို ဆက်လက်စောင့်ကြည့်လျက် ရှိကြသည်။ သို့သော်လည်း အသက် ၃၁ နှစ်အရွယ် ကစားသမားသည် စာချုပ်သစ်သစ်များကို လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဖြစ်ပြီး The Express ၏ ဖော်ပြချက်အရ စာချုပ်ဆိုင်ရာဆွေးနွေးမှုများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေချိန်တွင် ဖာနန်ဒက်စ်သည် အသင်း၏စီမံကိန်းအတွက် အပြည့်အဝ တာဝန်ယူလုပ်ကိုင်သွားရန် အသင့်ရှိနေသည်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ခက်ခဲသောကာလများကို ဖြတ်သန်းခဲ့ရသော်လည်း လိဂ်ဖလားတစ်ကြိမ်နှင့် အက်ဖ်အေဖလားတစ်ကြိမ်သာ ရရှိခဲ့သည့် ထိုကာလအတွင်း၌ တောက်ပနေခဲ့သော တစ်ဦးတည်းသော အလင်းရောင်တစ်ခုလည်း ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို ဂိုးဖန်တီးမှု ၂၁ ကြိမ်ဖြင့် ချိုးဖောက်နိုင်ခဲ့ပြီး ရက်ဒဲဗစ်အသင်း အဆင့် (၃) နေရာတွင် ရပ်တည်နိုင်ရန် ကူညီပေးခဲ့သည်။

ယခုအခါတွင်မူ မိုက်ကယ်ကာရစ်၏ လမ်းညွှန်မှုအသစ်အောက်တွင် ခေတ်သစ်တစ်ခုအတွက် ပြင်ဆင်နေသည့် မန်ချက်စတာယူနိုက်တက်အသင်းတွင်သာ ဆက်လက်ရှိနေရန် ၎င်းက ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။ အဆိုပါစာချုပ်သစ်၏ စည်းကမ်းချက်အသစ်များအရ ဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ်တွင် လစာအများဆုံးရရှိသည့် ကစားသမားများထဲမှ တစ်ဦးအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ပေသည်။

Author: Bamakhit

Leave a Reply

Your email address will not be published. Required fields are marked *