ကမ္ဘာပေါ်တွင် ‘အလိုချင်ဆုံး’ ပျောက်ဆုံးနေသော ငါးမျိုးစိတ်တစ်ခုကို ပြန်လည်တွေ့ရှိ
350ပါပူအာနယူးဂီနီ (Papua New Guinea) နိုင်ငံ၏ တောနက်များအတွင်း စီးဆင်းနေသော မြစ်ရိုးတစ်လျှောက်တွင် နှစ်ပေါင်း ၄၀ ကျော်ကြာ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော ရေမြင်း၏ ဆွေမျိုးနီးစပ်ဖြစ်သည့် spinach pipefish (ဟင်းနုနွယ်ရွက်ပုံစံ ပိုက်လုံးငါး) ကို သုတေသီများက ပြန်လည်တွေ့ရှိခဲ့သည်။ ယင်းငါးမျိုးစိတ်သည် မျိုးသုဉ်းသွားပြီဟု စိုးရိမ်ခဲ့ကြသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ကာလကြာရှည် ရှာဖွေနေခဲ့သော မျိုးစိတ်ဖြစ်သည်။ လူပျောက်ရှာသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်ခဲ့သော ဤစူးစမ်းလေ့လာရေးခရီးစဉ်တွင် သုတေသီများသည် ဆဲပစ်မြစ် (Sepik River) နှင့် ၎င်း၏ မြစ်လက်တက်များကို နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခဲ့ပြီး ပျောက်ဆုံးနေသော အဆိုပါငါးနှင့် ပတ်သက်သည့် အထောက်အထားများရရန် ကျေးရွာများနှင့် ဈေးများတွင် လိုက်လံစုံစမ်းခဲ့ကြသည်။ တံငါသည်များ၊ ဈေးသည်များနှင့် ရွာလူကြီးများကို ငါး၏ဓာတ်ပုံပြသကာ မည်သည့်နေရာတွင် … Read more