ကြာသပတေးဂြိုဟ်ရဲ့ “ဆွဲငင်အားထောင်ချောက်” ဆိုတာ ဘာလဲ
308လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀၀ (၈၀၀ million years ago) လောက်က အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားက ဂြိုဟ်သိမ်ခါးပတ် (Main Asteroid Belt) ထဲမှာ အချင်း ကီလိုမီတာ ၁၀၀ ကနေ ၂၀၀ အထိရှိတဲ့ ဧရာမ ကျောက်တုံးကြီးတစ်လုံး ပြိုကွဲသွားပါတယ်။ အဲဒီ ကျောက်တုံးကြီးကို “Eulalia parent body” လို့ ခေါ်ပါတယ်။ ဒီပြိုကွဲမှုဟာ သာမန်ဖြစ်ရပ်မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကျောက်တုံးဟာ နေအဖွဲ့အစည်းထဲက အန္တရာယ်အရှိဆုံးနေရာ တစ်ခုမှာ ရှိနေလို့ပါ။ အဲဒီနေရာက ကြာသပတေးဂြိုဟ်ရဲ့ ဆွဲငင်အားလွတ်မြောက်ရေး ပေါက်ဝ (gravitational escape hatch) ရဲ့ အနားစွန်းပါ။ ဒီနေရာမှာ အဓိကအချက်က “၃:၁ ပျမ်းမျှရွေ့လျားမှု ပဲ့တင်ထပ်မှု (3:1 mean-motion resonance)” လို့ခေါ်တဲ့ ပတ်လမ်းသဘောတရားပါ။ ဆိုလိုတာက ဂြိုဟ်သိမ်တစ်လုံးဟာ နေကို ၃ ပတ် ပတ်တိုင်း၊ ကြာသပတေးဂြိုဟ်က ၁ ပတ်ပဲ ပတ်တဲ့ ပတ်လမ်းစနစ်ကို J3:1 လို့ခေါ်တယ်။ ဒီလိုနေရာမျိုးမှာ ကြာသပတေးရဲ့ ဆွဲငင်အားက … Read more