အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် လေးထပ်အဆောက်ဦ ပြိုကျ၊ (၂)ဦးသေ၊ ဒါဇင်ကျော်ပိတ်မိနေ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က လူနေအဆောက်ဦတစ်ခု ရုတ်တရက်ပြိုကျခဲ့တာကြောင့် (၂)ဦးသေ၊ ဒါဇင်ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ (၄)ထပ်အဆောက်ဦဟာ ဆောက်လုပ်ထားတာ သက်တမ်းအတော်လေး ကြာမြင့်နေပုံရပြီး- သည်းထန်လှတဲ့ မိုးရေတွေကြားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေက အတော်ခက်ခဲနေတယ်လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ Dongri လူနေဧရိယာမှာ ဒီနေ့ဇူလိုင်(၁၆)ရက် ဒေသစံတော်ချိန် (၁၁.၄၀)မှာ ဖြစ်ပွားခဲ့တာပါ။...

သားအတွက် အောက်ဆီဂျင်ဘူးရဖို့ နှစ်ရက်တစ်ကြိမ် (၇၅)မိုင် ခရီးသွားနေရတဲ့ မိဘနှစ်ပါး

မိဘဆိုတာကတော့ သားသမီးအသက်အန္တရာယ်နဲ့ ကြုံနေရပြီဆိုရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ပဓာနမထားဘဲ၊ စောင့်ရှောက်ကာကွယ်ပေးကြတာ သဘာဝပါဘဲ။ မိဘရဲ့အချစ်ထက် ဘယ်အချစ်ကမှ လိုက်မမီဘူးဆိုတာ စကားနဲ့တင်မဟုတ်ပါဘူး ပြင်ပမှာ လက်တွေ့အဖြစ်တွေ ရှိပါတယ်။ အခု ထိုင်းနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေးတွဲလောင်း၊ အောက်ဆီဂျင်းဘူးတန်းလန်းနဲ့ ခရီးသွားနေတာကို လူတစ်ယောက်က အမှတ်တမဲ့နဲ့ ဓာတ်ပုံရိုက်ယူပြီး လူမှုကွန်ရက်မှာ...

မိဘတွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ တောင်မှ မြောက်ကိုရီးယားကို ခိုလှုံခဲ့သူ

(၁၉၅၃)ခုနှစ်က စပြီး၊ မြောက်ကိုရီးယားမှ တောင်ကိုရီးယားဘက်ကို ခိုးဝင်ခိုလှုံသူဟာ လူပေါင်(၃၀၀၀၀)ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဘက်ကို ရွှေ့ပြောင်းခိုလှုံသူဟာ မရှိသလောက်ကို ရှားပါးခဲ့ပေမယ့် ဒီ(၇၀)ကျော် အဖိုးအိုကတော့ ထူးခြားပါတယ်။ အဖိုးအိုအမည်ကတော့ Choe In-guk ဖြစ်ပြီး၊ အသက်(၇၃)နှစ် ဖြစ်ပါတယ်။ သူဟာ သေဆုံးသွားတဲ့ သူ့မိဘတွေရဲ့သဘောဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန်အတွက်...

နှစ်များစွာ သိမ်းထားမိတဲ့အရာကို တန်ဖိုးကြီး ‘ငါးကြီးအန်ဖတ်မှန်း’မသိတဲ့ တံငါသည်

ငါကြီးအန်ဖက်ကို တံငါသည်တွေက "ပေါလောပေါ်နေတဲ့ရွှေဖက်တွေ"လို့ တင်စားကြပါတယ်။ တကယ်လည်း ငါးကြီးအန်ဖက်ဟာ ရွှေလောက်ကို တန်ဖိုးရှိပြီး၊ ငါကြီးအန်ဖက်တစ်ကီလိုဟာ ပေါင် သောင်းနဲ့ချီအထိ ဖြစ်သွားနိုင်ပါတယ်။ (၂၀၁၆)ခုနှစ် ဧပြီလတုန်းက ဗြိတိန်လင်မယားနှစ်ယောက်ကတော့- ကြီးမားလှတဲ့ ငါးကြီးအန်ဖက်ကို ရရှိခဲ့လို့ ပေါင် (၇၀၀၀၀)အထိ ရရှိခဲ့ဖူးပါတယ်။ အဲဒီနှစ် နိုဝင်္ဘာလမှာပဲ ဗြိတိန်တံငါသည် သူငယ်ချင်းနှစ်ယောက်ဟာ...

မြွေနဂါးကြီးကြောင့် ငလျင်လှုပ်ရတာဆိုပြီး၊ ဓာတ်ပုံတွေပြင် ဝါဒဖြန့်သူကို ဖမ်းဆီးအရေးယူ

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ မကြာခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မြွေနဂါးကြီးကြောင့်ဆိုပြီး ဝါဒဖြန့်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မလျှော်ကန်သောသဘောဖြင့် Photoshop ပညာနဲ့ ဓာတ်ပုံပြင်ကာ လူထုကြားထဲမှာ မြွေနဂါးကြီး သွားနေတဲ့ပုံကို ဖန်တီးခဲ့ပါသေးတယ်။ သူ့ကို တရုတ်အာဏာပိုင်တွေက မလျှော်ကန်သောသဘောဖြင့် လူထုကြားမှာ အငြင်းပွားဖွယ်ရာ မဟုတ်မမှန်သတင်းများ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးထားကြောင်း...

ကားလေကာမှန်ကနေ ရှာစောင်းပင်ကြီး ဖောက်ဝင်ခဲ့ပေမယ့် ဒဏ်ရာမရခဲ့တဲ့ ဒရိုင်ဘာ

ကားမောင်းလာတဲ့ အမျိုးသားတစ်ယောက်ဟာ အရှိန်မထိန်းနိုင်ပဲ၊ အပူပိုင်းကန္တာရဒေသမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှာစောင်းပင်ကြီးကို ဝင်တိုက်မိခဲ့ပါတယ်။ ရှားစောင်းပင်ကြီးဟာ နှစ်ပိုင်းကျိုးသွားခဲ့ပြီး၊ လူကြီးတစ်ဖက်လောက်ရှိတဲ့ ရှားစောင်းပင်စည်အကျိုးကြီးက ရှေ့လေကာမှန်ကနေ ဖောက်ဝင်လာပါတော့တယ်။ ကားရဲ့အရှိန်နဲ့ ဖောက်ဝင်လာတဲ့ ဇားစောင်းပင်ကြီးရဲ့ အလေးချိန်ကြောင့် ကားဆရာဟာ အနည်းငယ်ထိခိုက်မိရုံနဲ့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ ကံကောင်းခဲ့ပြီး၊ ဒဏ်ရာမရခဲ့ပါဘူး။...

(၂၆)နှစ်,ဂျာမန်ခရီးသွားကို အဓမ္မကျင့်သတ်ဖြတ်ခဲ့သည့် ထိုင်းနိုင်ငံသားကို သေဒဏ်ချမှတ်

ထိုင်းနိုင်ငံ၊ ခိုစီချန်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မုဒိမ်းမှုမှာ ပြစ်မှုတရားခံကို သေဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အဓမ္မကျင့်ခံရသူကတော့ ဂျာမန်နိုင်ငံသူ Miriam Beelte ဖြစ်ပြီး၊ သူမဟာ ကျောက်တုံးနဲ့ထုသတ်ခံခဲ့ရတာပါ။ ပြစ်မှုကျူးလွန်သူကတော့- Ronnakorn Romruen ဖြစ်ပြီး သူကတော့ အသက်(၂၄)နှစ်ပါ။ Miriam ဟာ ဧပြီ(၇)ရက် တနင်္ဂနွေနေ့က ခိုစီချန်ကျွန်းရဲ့အထိမ်းအမှတ်နေရာကို...

ရှားပါးပင်လယ်လိပ်ကြီးကို မညှာမတာ ဝိုင်းပြီးစီးကြတဲ့ “လိပ်စီးသူများ”ရဲ့လုပ်ရပ်

အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေတစ်ခုမှာ လူအဖွဲ့တစ်ဖွဲ့ဟာ ရှားပါးပင်လယ်လိပ်ကြီး ကမ်းပေါ်တက်လာစဉ် အမိအရဖမ်းပြီး၊ လိပ်ကြီးရဲ့ ကျောကုန်းထက်ကို တက်ပြီးစီးခဲ့ကြပါတယ်။ လိပ်စီးသူတွေထဲမှာ လူကြီးရော၊ ကလေးရောအရွယ်စုံဖြစ်ပြီး၊ ဒီလုပ်ရပ်ကို အားလုံးက ရှုပ်ချနေကြပါတယ်။ အဆိုပါဗွီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုတွေအပြင်၊ တိရစ္ဆာန်ညှင်းပန်းနှိက်စက်မှုနဲ့ပါ အရေးယူပေးဖို့ ကမ္ဘာတစ်လွှားက တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုဖိအားပေးနေကြပါတယ်။ လိပ်ကြီးဟာ...

မနီလာမြို့တော်ဝန် တိုင်းခန်းလှည့်စဉ် “မစင်”နင်းမိလို့ ဒေါသထွက်ပြီး၊ ရဲမှူးကို အလုပ်ဖြုတ်

မင်းခစား ကမ်းနားသစ်ပင်-ဆိုတဲ့ စကားပုံက အဓိပ္ပါယ်မဲ့ ထွက်ပေါ်လာတာမဟုတ်ပါဘူး။ ဘုရင်မင်းရဲ့ အနီးအပါးမှာ ခစားသူတွေဟာ ဘုရင် ကြည်ရင်ကြည်သလို မောင်မင်းရဲ့ ... အမတ်မင်းရဲ့-ဆိုပြီး အဆက်ဆံခံရပေမယ့်၊ ဘုရင် မကြည်ဘူးဆိုရင် နေ့လားညလား အချုပ်လားထောင်လား၊ အသေလား အရှင်လား ကြောက်စရာပါ။ ဒါကြောင့်မို့လည်း မင်းခစားနဲ့ ကမ်းနားသစ်ပင်ဟာ အတူတူပဲလို့...

ရည်းစားတွေကို HIV ရှိကြောင်း အသိမပေးသူ၊ ထောင်ဒဏ်နှစ်(၃၀) ချခံရပေမယ့် ပြန်လွတ်

Michael Johnson အမည်ရ အမျိုးသားဟာ သူရဲ့ လိင်ဆက်ဆံဘက် အမျိုးသမီးတွေကို သူ့မှာ HIV ရှိကြောင်း အသိမပေးဘဲ ဖုံးကွယ်ထားခဲ့လို့၊ ထောင်ဒဏ် နှစ်(၃၀)နဲ့ (၆)လ ချမှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် သူ့ရဲ့အယူခံ အောင်မြင်သွားပြီး၊ ထောင်ဒဏ် (၅)နှစ်ခွဲသာ ကျခံခဲ့ရပါတယ်။ Johnson ဟာ ထောင်ဒဏ်...

ကိုရီးယားလိုမတတ်တဲ့ ဗီယက်နမ်ဇနီးကို စိမ်ပြေနပြေရိုက်နှက်ခဲ့တဲ့ ခင်ပွန်းသည် ဖမ်းဆီးခံရ

ကိုရီးယားအမျိုးသားတစ်ဦးဟာ သူရဲ့ ဗီယက်နမ်ဇနီးကို အချိန်(၃)နာရီကြာ စိမ်ပြေနပြေ နှိပ်စက်ရိုက်နှက်ခဲ့ပါတယ်။ သူတို့ရဲ့ သားလေးရှေ့မှာပင် ဇနီးကို အကြမ်းဖက် ရိုက်နှက်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဇနီးက လျှို့ဝှက် ဗွီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။ အဓိက ပြဿနာကတော့ သူရဲ့ဇနီးဟာ ကိုရီးယားစကားမပြောတတ်လို့ အခုလို ရိုက်နှက်ရတာပါတဲ့။ သူ့အမည်ကိုတော့ Kim လို့သာ ဖော်ပြထားပြီး၊...

ယာဉ်တိုက်မှုကြောင့် မိခင်လောင်းဗိုက်ထဲမှသန္ဓေသား အပြင်သို့လွင့်စင်သည်အထိ ဖြစ်ပွားခဲ့

မလေးရှားနိုင်ငံ၊ ကီလန်တန်မြို့မှာ အလွန်ပြင်းထန်တဲ့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ၊ မော်တော်ဆိုင်ကယ် မောင်းနှင်လာတဲ့ ဇနီးမောင်နှံနှစ်ဦးစလုံး ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။ ယာဉ်တိုက်မှု ပြင်းထန်လွန်းလို့ ဗိုက်ထဲက ငါးလအရွယ် သန္ဓေသားလောင်းအပြင်သို့ လွင့်စင်သည်အထိ ဖြစ်ခဲ့ရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သမီးမှာ ကိုယ်ဝန်ရှိနေမှန်း ဒီမတိုင်ခင်က မသိခဲ့ပါဘူးလို့...

နွားအလှပြပွဲမှာ ဆုရရှိတဲ့နွားက ဝရုန်းသုန်းကားဖြစ်ခဲ့လို့၊ ဒဏ်ရာရရှိခဲ့တဲ့ နွားသမား

ဗြိတိန်မှာကျင်းပခဲ့တဲ့ နွားအလှပြပွဲမှာ ဆုရရှိတဲ့နွားက ဝရုန်းသုန်းကားဖြစ်ခဲ့တာကြောင့် နွားကိုင်တဲ့နွားသမား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Great Yorkshire Show မှာ ဖြစ်ပျက်ခဲ့တာပါ။ နွားသမားဟာ နွားကြီးဆွဲခေါ်ရာကို ဒလိမ့်ခေါက်ကွေး ပါသွားပါတယ်။ သူဟာ ဦးခေါင်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ သူ့အမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သူဟာ ဧရာမနွားကြီးကို ကွင်းပြင်ဆီ...

ကမ်းခြေမှာ ဖိနပ်မစီးလို့ ခြေဖဝါးအရေပြားထဲ သန်ကောင် ထိုးဖောက်ဝင်ရောက်

သင်ဟာ ကမ်းခြေကို ခရီးထွက်ဖို့ စဉ်းစားနေပါသလား။ ခြေဗလာနဲ့ သဲသောင်ရဲ့ အရသာ၊ ပင်လယ်ရဲ့အရသာကို ခံစားချင်ပါသလား။ ဒီစာကို ဖတ်ပြီးတဲ့နောက်မှာ အဆင်ပြေမယ့် အကာကွယ်ယူဖို့ ပြန်တွေးကောင်း တွေးမိပါလိမ့်မယ်။ အသက် (၃၁) နှစ်အရွယ် Nurul ဟာ လောလောဆယ် Part Dickson ကမ်းခြေကို...

Latest news

Popular posts

7,363 Followers
Follow