“ဒီနေ့ ကံမကောင်းပါလား”ဆိုသူတွေ ကြည့်သွားသင့်တဲ့ တဒင်္ဂဓာတ်ပုံများ

တစ်နေ့တာကို ကံဆိုးမှုနဲ့စတင်လိုက်ရတဲ့ သူတွေအဖို့ ဒီနေ့ကံမကောင်းပါလားဆိုပြီး မုဆိုးကျော်ကြီးရဲ့စကားကို အငှားလုပ် ပြောတတ်ကြပါတယ်။ ကံဆိုးမှုဆိုတာ လူတစ်ယောက်တည်းရဲ့ထံကိုသာ ရောက်လာတတ်တာ မဟုတ်ပါဘူး။ သင့်လိုပဲ ကံဆိုးသူတွေ ရှိနေပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကံဆိုးဖို့စက္ကန့်ပိုင်းအလို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပါ။ #တင်ပစုံရိုးမကျိုးခင် စက္ကန့်ပိုင်းအလို #မရဏမင်းနဲ့ သူတင်ကိုယ်တင် #သောက်ထားသမျှကုန် #နှာခေါင်းခွဲစိတ်မှု ပြလုပ်ခဲ့ရခြင်းအကြောင်း #ငါးနဲ့ မှားနေသလား #ကုန်ပြီ #တစ်ချို့ကျွမ်းကျင်မှုတွေဟာ ဒဏ်ရာတွေနဲ့ ရင်းနီးရပါတယ် #အပေါင်းအသင်းကောင်းလို့...

မူလီအခေါင်းကိုတောင် အလွတ်မပေးဘဲ ကမြင်းသူ၊ ဆေးရုံအရေးပေါ် တက်ခဲ့ရ

အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ မူလီခေါင်း အပေါက်ထဲကို သူရဲ့ ငယ်ပါနဲ့ မဖွယ်မရာလုပ်ခဲ့လို့ အရေးပေါ် ဆေးရုံပြေးခဲ့ရကြောင်း သိရပါတယ်။ သူကတော့ မတော်တဆ ဒီလိုဖြစ်သွားတာ ပြောပေမယ့်၊ တကယ်က မတော်တဆတော့ မဖြစ်နိုင်ပါဘူး။ သူရဲ့ ငယ်ပါဟာ မူလီခေါင်းထဲမှာ မဆန့်မပြဲ တစ်နေလို့ အတော်လေး ဒုက္ခခံခဲ့ရပြီး၊ သွေးကြောတွေတောင်...

ကျောင်းပျင်းပြီး အိပ်ဟန်ဆောင်နေတဲ့မြေးကို ရဲနဲ့ပေါင်း ပညာပေးလိုက်တဲ့ အဖွားရဲ့လုပ်ရပ်

ထိုင်းနိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ အတန်းစဉ်စာမေးပွဲ ဖြေရန်ရှိနေပါလျှက်၊ အိပ်ယာထဲမှာ အိပ်ချင်ယောင် ဆောင်နေလို့ အဖွားဖြစ်သူက ရဲကို ဖုန်းဆက်ခေါ်သည်အထိ ဖြစ်ခဲ့ရပါတယ်။ အဖွားဟာ မြေးဖြစ်သူကို ဂရုတစိုက်နဲ့ အကြိမ်ကြိမ် နှိုးပေမယ့်- မြေးဖြစ်သူက အိပ်ယာကထဖို့ ငြင်းဆန်ခဲ့တာကြောင့် နောက်ဆုံး အဖွားဖြစ်သူက ရဲကိုဖုန်းဆက်ခေါ်သည်အထိ ဖြစ်ခဲ့ရပါတယ်။ မြေးဖြစ်သူကလည်း ဒီအခါကျမှ...

‘ကမ္ဘာ့ရှက်ပြာရှက်ပြာ’အနိုင်ဆုံး ကောင်မလေးရဲ့ ဗွီဒီယိုဖိုင် လူကြည့်များနေ

မှန်တံခါး၊ မှန်အကာအရံတွေဟာ မျက်မှောက်ခေတ်မှာ အသုံးများလာလို့၊ ကျွန်တော်တို့တစ်တွေဟာ အဆောက်ဦတစ်ခုခုထဲကို ဝင်တော့မယ်ဆိုရင် အတော်လေး သတိထားရပါတယ်။ မဟုတ်ရင် မှန်နဲ့နဖူး မိတ်ဆက်သွားမှာဖြစ်ပြီး၊ နာကနာ အရှက်က ကွဲဦးမှာပါ။ အခုကောင်မလေးတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်ကတော့ လူအများမှာ အတော်လေး ပြောစရာ ဖြစ်နေပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေသူတွေကတော့ အဲဒီကောင်မလေးကို ကမ္ဘာ့ရှက်ပြာရှက်ပြာ...

အရမ်းလှလို့ဆိုပြီး ကိုကိုတွေ အားပေးခဲ့တဲ့ ဘလော့ဂါမလေး၊ လျှို့ဝှက်ချက် ပေါ်သွားတဲ့အခါ

အသက်အရွယ် (၂၀)ဝန်းကျင်လောက်သာ ထင်ရတဲ့ ဘလော့ဂါအမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ လျှို့ဝှက်ချက်ကို ကိုယ်တိုင် ဖော်ထုတ်မိရက်သား ဖြစ်သွားပြီး၊ မိနစ်ပိုင်းအတွင်းမှာ ပရိသတ် သောင်းဂဏန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ဘလော့ဂ်အမျိုးသမီးဟာ Live လွှင့်စဉ်တိုင်းမှာ မိတ်ကပ်တွေ၊ အဝတ်အစားအလန်းစားတွေနဲ့မို့ အသက် (၂၀)(၂၅) ဝန်းကျင်ပါလောက်ပဲ ထင်စရာရှိပါတယ်။ ဒါပေမယ့်...

ဖိနပ်တွေခိုးဖို့ ကြိုးစားတဲ့ ကောင်မလေးနှစ်ဦး၊ CCTV တပ်ထားတာကို သိလိုက်ရတဲ့အခါ

အမျိုးသမီးငယ်နှစ်ဦးဟာ ဖိနပ်ခိုးဖို့ကြိုးစားစဉ်၊ အဲဒီအဆောက်ဦမှာ CCTV တပ်ထားတာကို တွေ့ရတဲ့အတွက်၊ တစ်ချိုးတည်း လစ်ပြေးကုန်ကြပါတော့တယ်။ ပထမတော့ အဲဒီကောင်မလေးဟာ ဖိနပ်အကောင်းစားတွေကို စိတ်ကြိုက်ရွေးချယ်ရင်း- နောက်မှ တစ်ဦးက CCTV တပ်ထားတာကို မြင်လိုက်ရတာပါ။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ နေရာကနေ တစ်ချိုးတည်း လစ်ပြေးကြပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ စင်္ကာပူက လူနေတိုက်ခန်းတစ်ခုမှာ...

တာဝန်ချိန်မှာ ဘိန်းဖြူမူးပြီး ရဲကားထဲအိပ်နေတဲ့ ရဲအရာရှိကို၊ ရာထူးမှဖြုတ်ပြီး အရေးယူထား

အမေရိကန် နယူးဂျာစီ၊ Middlesex မှာ နေထိုင်တဲ့ Matthew D. Ellery အမည်ရ ရဲအရာရှိဟောင်းဟာ (၂၀၁၇)၊ ဇန်နဝါရီမှာ ရဲသားတစ်ယောက် ဖြစ်လာခဲ့သူပါ။ သူဟာ ပတ္တရောင်ရဲအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ သူဟာ ဧပြီလ (၇)ရက်နေ့က အပြစ်ကြီးတစ်ခု ကျူးလွန်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ...

ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်သား လေလည်သံအကျယ်ကြီးကြောင့် အဖမ်းခံလိုက်ရ

အမေရိကန် Missouri က ရဲတပ်ဖွဲ့ဟာ ပြစ်မှုကြောင့် အလိုရှိနေတဲ့တရားခံကို ထူးဆန်းတဲ့ပုံစံနဲ့ ဖမ်းမိခဲ့ကြောင်း USA Today သတင်းက ဖော်ပြထားပါတယ်။ တရားခံဟာ ရဲတပ်ဖွဲ့လက်ကနေ လွတ်ဖို့ လုံခြုံတဲ့တစ်နေရာကို ဝင်ရောက်ပုန်းအောင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လေပွစာတွေကို စားထားပုံရပြီး၊ ကြွက်သားထိန်းချုပ်မှုအားကလည်း နည်းပုံပါဘဲ။ ဒီလိုနဲ့ ရဲတပ်ဖွဲ့ဟာ...

လေလည်တိုင်း ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမယ့် ဆေးတောင့်ကို ဈေးကွက်တွင်းရောင်းချ

လေလည်လို့ ထွက်လာတဲ့အနုံ့ကို လူတွေက မနှစ်သက်ကြပါဘူး။ ယဉ်ကျေးမှုအဆင့်အတန်း ဘယ်လောက်ပဲ မြင့်တဲ့နိုင်ငံတွေမှာပဲဖြစ်ဖြစ် လေလည်ခြင်းကို ကိုယ်မဟုတ်ရင် မနှစ်မြို့ကြတာအမှန်ပါ။ လေလည်တဲ့အခါ အစာဟောင်းတွေရဲ့အနံကို ရောပြွမ်းဓာတ်ပြုပြီး ထွက်လာတဲ့အနံ့က ဆိုးလွန်းပါတယ်။ လေလည်တဲ့အခါ ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမယ့်ဆေးတောင့်ကို ပြင်သစ်တီထွင်သူတစ်ဦးက တီထွင်ပြီး အခု ဈေးကွက်ထဲမှာ ရောင်းချနေပြီလို့ သိရပါတယ်။ တီထွင်သူရဲ့နာမည်ကတော့...

ပျားတုတ်ခံရတဲ့ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး၊ လူတွေကို အပျော်တွေပေးခဲ့တဲ့ ကောင်မလေး

ကောင်မလေးတစ်ယောက်ဟာ ပျားတုပ်ခံရတဲ့ဓာတ်ပုံကို လူမှုကွန်ရက်မှာတင်ခဲ့ရာ၊ တစ်ချို့ကလည်း နှုတ်ခမ်းထူထူနဲ့ အင်ဂျလီနာဂျိုလီနဲ့တူတယ်လို့ နောက်ပြောင်ကြသလို၊ တစ်ချို့ကလည်း သူမရဲ့ ရယ်စရာပုံစံကြောင့် အားရပါးရ ဝိုင်းရယ်ခဲ့ကြပါတယ်။ အဲဒီကောင်မလေးကိုယ်တိုင်က လူရယ်မယ်ဆိုတာ သိသော်လည်း သူမအနေနဲ့ ဒီပုံကို မတင်ရမနေနိုင်လို့ တင်လိုက်တာလို့ ပြောပါတယ်။ ဒါပေမယ့် သူမကို အင်းဆက်တစ်ကောင်က ကိုက်သွားတာလို့သာ ဖော်ပြထားပြီး၊...

အသည်းကွဲလို့ Live လွှင့် ငိုယိုပြီး၊ Shampoo တွေသောက်ပြတဲ့ ကောင်မလေး၊ နာမည်ကြီးနေ

မလေးရှားနိုင်ငံကလို့ ယူဆရတဲ့ ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့ကောင်လေးက ထားသွားတာကို အကြောင်းပြုပြီး Live လွှင့်ကာ ငိုယိုခဲ့ပါတယ်။ ယင်းနောက် ကောင်မလေးဟာ ခေါင်းလျှော်ရှည်တွေကို ဖျော်ရည်အလား စိတ်မှာထားပြီး၊ အားရပါးရ သောက်ပြတာပါ။ ကောင်မလေးရဲ့နာမည်ကိုတော့ မသိရပါဘူး။ ဒီဗွီဒိယိုကို Viralkan Ajer အမည်ရ Page က တင်ခဲ့တာပါ။...

အသုဘတွေမှာ ကျန်ရစ်သူဆွေမျိုးတွေကို အရှက်လိုက်ခွဲတဲ့အလုပ်နဲ့ ငွေဝင်ကျန်းနေသူ

သြစတေးလျနိုင်ငံ၊ Gold Coast မှာ နေထိုင်တဲ့ Bill Edgar ရဲ့အလုပ်ကတော့ နည်းနည်းလေး ထူးဆန်းပါတယ်။ သူ့အလုပ်က အသုဘတွေမှာ ကျန်ရစ်သူဆွေမျိုးတွေကို သေသူရဲ့ကိုယ်စား ဆဲဆို ကြိမ်းမောင်းရတဲ့အလုပ်ပါ။ Bill ဟာ ဒီအလုပ်ကြောင့် ငွေဝင် အတော်လေး ခိုင်မာနေပါတယ်။ သူဟာ ဒီအလုပ်ကို ခွင့်ပြုချက်မရဘဲ...

နွားတွေပျော်အောင် တတ်ထားတဲ့ဂီတပညာနဲ့ စေတနာပါပါ ဖျော်ဖြေနေသူကြီး

ဆက်ဆိုဖုန်းဆိုတာ သံစုံတီးဝိုင်းကြီးတွေမှာ မပါမဖြစ် ပါဝင်ရတဲ့ လေမှုတ်တူရိယာတစ်မျိုးပါ။ မြန်မာတွေကတော့ နှဲကောက်လို့ အလွယ်ခေါ်ကြတယ် ထင်ပါတယ်။ အမျိုးသားကြီးတစ်ယောက်ကတော့ နွားတွေ ကုန်ခမ်းနေတဲ့ အားအင်တွေ ပြည့်စေဖို့ ညနေတိုင်း ဆက်ဆိုဖုန်း မှုတ်ပြပါတယ်တဲ့။ သူ့ရဲ့နာမည်ကတော့ Rick Herrmann ဖြစ်ပြီး၊ Lafayette, Oregon မှာ နေထိုင်ပါတယ်။...

အစားအစာလိုက်ပို့ရင်း ဖိနပ်ခိုးယူသူကို CCTV မှတ်တမ်းဖြင့် ဖော်ထုတ်နိုင်ခဲ့

စင်္ကာပူနိုင်ငံမှာ GrabFood  မောင်းနှင်သူတစ်ဦးဟာ အစားအစာတွေကို Delivery ပို့ရင်း လူလစ်ရင်လစ်သလို၊ ဖိနပ်တွေကို အလစ်သုတ်နေသူ ဖြစ်ပါတယ်။ ဒီကိစ္စဟာ Grab ကုမ္ပဏီအတွက် အတော်လေး စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်ပါဘဲ။ GrabFood ဝန်ဆောင်မှုဟာ စင်္ကာပူနိုင်ငံမှာ အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး၊ အခုလုပ်ရပ်ကြောင့် အိုးမည်းသုတ်သလို ဖြစ်သွားစေခဲ့ပါတယ်။ အဆိုပါ...

Latest news

Popular posts

8,873 Followers
Follow