fbpx
ICJ ဆုံးဖြတ်ချက်ထက် အစိုးရညွှန်ကြားချက်ကိုပဲ တပ်မတော်လိုက်နာမည်
တပ်မတော်အနေနဲ့ ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး အိုင်စီဂျေက ကြားဖြတ်အမိန့် ချမချဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ အစိုးရရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ တပ်မတော် စစ်ဥပဒေချုပ်ရုံး ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဟာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြီးခဲ့တဲ့...
အမှန်တရားနှင့် တရားမျှတမှုဘက်က ရပ်တည်ကြောင်း အရပ်ဖက်အဖွဲ့ ၁၀၀ ကျော်ထုတ်ပြန်
နိုင်ငံတကာတရားရုံးဟာ နိုင်ငံရေးအာဏာ၊ စစ်ရေးအာဏာယန္တရားနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်ရမှာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တရားမျှတမှုအတွက် တာဝန်ယူ ဆောက်ရွက်မယ်လို့ ယုံကြည်ကြောင်း မြန်မာအရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က ထုတ်ပြန်ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက် ချိုးဖောက်မှုနဲ့စွပ်စွဲပြီး ကြားဖြတ်အစီအမံတွေ မှတ်ပေးဖို့...
ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးတွင် ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံပါက အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်
ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ ပြစ်မှုကျူးလွန်တယ်လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ့ရင် စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် အရေးယူသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ရဲ့ အစီရင်ခံစာကို သမ္မတက တပ်မတော်ကို ပေးလိုက်ပြီးနောက်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်တာပါ။ ICOE က သက်သေခံအချက်အလက်တွေ စုဆောင်းရာမှာ...
ICJ ကြားဖြတ်ဆုံးဖြတ်ချက်ချရင် ဘာတွေဖြစ်လာနိုင်သလဲ
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းတိုင်ကြားထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ ပတ်သက်ပြီး Provisional measures လို့ခေါ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့် ချမှတ်မလားဆိုတာ မနက်ဖြန် ဇန်နဝါရီ ၂၃ ရက်နေ့မှာ သိရတော့မှာပါ။ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားသလို ကြားဖြတ်စီမံချက် ချမှတ်ခဲ့မယ်ဆိုရင် ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက်...
ဝက်အူလှည့်ကိုင်ပြီးရမ်းကားခဲ့တဲ့ အငှားယာဉ်မောင်းအား ဖမ်းဆီး
အမှုမှာ ၁၉-၁-၂၀၂၀ ရက်နေ့ ၁၅၃၀ အချိန်ခန့်တွင် တရားလို ဦး----- သည် မိသားစုနှင့်အတူ နေအိမ်သို့ Toyota Ractis အမျိုးအစားယာဉ်ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပင်လုံလမ်းအတိုင်းမောင်းနှင်၍ပြန်လာစဉ် မန္တလေးဈေးအနီးအရောက် YGN 1H/---- Colt အမျိုးအစား ခဲရောင်အငှားယာဉ်မောင်းမှာ ဖုန်းပြောရင်းမောင်းနှင်နေသဖြင့် ကျော်တက်ခဲ့ကြောင်း၊ ကျောင်းလမ်း...
ပြည်သူကို ကတိကဝတ်များ လွယ်လွယ်မပေးရန် အတိုင်ပင်ခံတိုက်တွန်း
ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ အင်မတန် အရေးကြီးပြီး ကတိကဝတ်တွေကို လွယ်လွယ်မပေးကြဖို့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်တွေနဲ့ အစိုးရအဖွဲ့ကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းခရီးစဉ်အတွင်း ပင်လည်ဘူးမြို့နယ်က ပြည်သူလူထုနဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ “ပြည်သူလူထုကို ပေးတဲ့ကတိတွေတည်ဖို့ ကျမ အတွက်...
ကုန်တင်ကားမီးရှို့ပြီး ယာဉ်မောင်းအား အေအေ ဖမ်းဆီးခေါ်ဆောင်ဟု တပ်မတော်ထုတ်ပြန်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်မှာ ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းက အေအေတပ်ဖွဲ့ဝင်တွေက ကားတစီးကို မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲနေတဲ့ ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း မှော်ဘီမြို့နေသူ ဝေပိုင်မိုး မောင်းနှင်လာတဲ့ ကုန်တင်ကားဟာ ရန်ကုန်မြို့မှ...
တပ်စခန်းတွေ ဒရုန်းနဲ့ ထောက်လှမ်းခံနေရတယ်လို့ KNU ပြော
KNU တပ်မဟာနဲ့ တပ်ရင်းဌာနချုပ်စခန်းတွေကို မြန်မာတပ်မတော်ဘက်ကနေ ဒရုန်းတွေနဲ့ စုံစမ်းထောက်လှမ်းတာတွေ လုပ်ဆောင်တာကို ကန့်ကွက်ကြောင်း ကရင့်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် KNU က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ JMC-S (ကရင်)ရုံးကို တိုင်ကြားစာပေးပို့လိုက်ပါတယ်။ ဒရုန်းတွေနဲ့ တစ်ပတ်တစ်ကြိမ် နှစ်ပတ်တစ်ကြိမ်ဆိုသလို လာရောက်စုံစမ်းထောက်လှမ်းနေတာကို KNU ဘက်က ဒရုန်းတွေနဲ့...
စည်ပင်က လိမ္မော်သီးတွေ ဖျက်ဆီးခံခဲ့ရသည့် ဈေးသည်အဘိုးအိုကို ဖိလစ်ပိုင်ဂေးမော်ဒယ်တွေ့ဆုံ အားပေး
စည်ပင်ဝန်ထမ်းတွေက လိမ္မော်သီးတွေကို ဖျက်ဆီးခံခဲ့ရတဲ့ ဈေးသည်အဘိုးအိုကို နာမည်ကြီး ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca က သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းဈေးရှေ့မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး တားမြစ်ဧရိယာတွင်း ဈေးရောင်းချတဲ့အတွက် ဈေးသည် အဘိုးအိုရဲ့...
ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကို အဂတိအမှုဖြင့် စွဲချက်တင်အမိန့်ချ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု ၄ မှု၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို အမှု ၂ မှုနဲ့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ စွဲချက်တင် အမိန့်ချလိုက်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက...
ICJ ကို မြန်မာကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေ ချမှတ်ဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်အပေါ် လာမယ့် ကြာသာပတေးနေ့မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက် မြန်မာကိုယ်စားလှယ် အဖွဲ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံခြားရေး...
လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက်မင်းကွန်းသူ မိသားစုထံ ပြန်ရောက်
လူကုန်ကူးမှုခံခဲ့ရသည့် အမျိုးသမီးငယ် နှစ်ဦးကို မိဘထံ လွှဲပြောင်းပေးအပ်
တရုတ်နိုင်ငံကို လူကုန်ကူးမှုခံရတဲ့ မြန်မာအမျိုးသမီး နှစ်ဦးကို ဇန်နဝါရီ ၂၁ ရက်နေ့က အုပ်ထိန်းသူမိဘတွေထံ လူဝန်ထမ်းဦးစီးဌာနက ပြန်လည်အပ်နှံခဲ့ပါတယ်။ အထက်မြန်မာပြည်နေရာ ဒေသအသီးသီးကနေ တရုတ်နိုင်ငံကို လူကုန်ကူးခံရပြီး ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တွေကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းမှာ စောင့်ရှောက်ထားတာပါ။ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးသက်မွေးအတတ်သင်ပညာ ကျောင်းတာဝန်ခံ...
ဟာသသရုပ်ဆောင်အောင်ရဲထွေးအမှု ပြန်ခေါ်သက်သေကို စစ်ဆေး
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူ သုံးဦးကို ဇန်နဝါရီ ၂၁ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေ ၂ ဦးထဲက ၁ ဦးကို စစ်ဆေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အခင်းဖြစ်ပွားရာနေရာ The One...
Latest news
Popular posts
10.5k Followers
Follow