fbpx

တရားဥပဒေစိုးမိုးရေး အဓိကစိန်ခေါ်မှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီးသစ်ပြော

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိကစိန်ခေါ်မှုဖြစ်ပြီး ပြည်သူလူထုမပါဘဲ တရားဥပဒေစိုးမိုးရေးလုပ်မရဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးခေတ္တရပ်နားချိန်မှာ မီဒီယာ တွေရဲ့ မေးမြန်းမှုတွေကို အခုလို ဖြေဆိုခဲ့တာဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေးကတော့ အဓိကစိန်ခေါ်မှုပေါ့။ အဲဒါကိုသေချာလုပ်ရမှာပေါ့။ တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက...

ပုသိမ်မြို့ က အမျိုးသား ၁ ဦး မင်္ဂလာဆောင်ပြီး ၃ ရက်အကြာ ကြိုးဆွဲချသေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အမှတ် ၁ ရပ်ကွက် ထန်းကုန်းလေး ၃ လမ်းမှာနေထိုင်တဲ့ ဝေလင်းထွန်းဟာ အဒေါ်ဖြစ်သူ အိမ်ကို အလည်သွားရင်း နေအိမ်မျက်စောင်းထိုးက...

အမ်းမြို့နယ် တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးအသတ်ခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင် နေတဲ့ ရဲဒုတပ်ကြပ် ထွန်းထွန်းနိုင်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်က ကဇုကိုင်းကျေးရွာမှာ ဓားထိုးသတ်ခံရပြီး သေဆုံးသွားပါတယ်။ သေဆုံးသူ ရဲဒုတပ်ကြပ်ထွန်းထွန်းနိုင်ဟာ ကဇုကိုင်းကျေးရွာ(စမ်းကြီးပိုင်း)ရှိ ကုန်စုံဆိုင်မှာ စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့သွားရောက်ခဲ့စဉ် အမည်မသိဆိုင်ကယ်တစီးနဲ့ လူတဦးက နောက်က လိုက်လာတာကြောင့်...

ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၁ ဦးကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ယောက်ကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး သံသယလူနာ ၁ ယောက်အပါအဝင် နောက်ထပ် ၅ ယောက်ကိုလည်း ဆေးရုံအသီးသီးကနေ ဆင်းခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာရတဲ့ ဓာတ်ခွဲအဖြေတွေအရ...

ဖွဲ့စည်းပုံပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီပုံရိပ်မြှင့်တင်နေဟု တပ်မတော်ပြော

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီက ပုံရိပ်ကို မြှင့်တင်နေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။ “ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့လုပ်တယ်ဆိုတဲ့ ပုံရိပ်ကို လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်သားတွေရော၊ ပြည်ခိုင်ဖြိုးပါတီကလည်း တင်ထားတာရှိတယ်။...

ကိုယ်အပူချိန်မြင့် တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု

ကိုယ်အပူချိန်မြင့်မားပြီး လည်ချောင်းနာ လက္ခဏာတွေဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်က ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် တရုတ်နိုင်ငံသားအား စစ်ဆေးရာမှာ အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီလူနာကို ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသနေပြီး သူ့ထံမှ...

ထား၀ယ်တက္ကသိုလ်အတွင်း ဘွဲ့ယူမည့်သူများ ဓာတ်ပုံရိုက်ခွင့်ပြန်ရ

ထား၀ယ်တက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်မှာ ကျောင်းပရဝုဏ်အတွင်း စီးပွားရေးအရ ဓာတ်ပုံရိုက်ကူးခြင်းမဟုတ်ရင် ကြိုက်တဲ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ခွင့်ပြန်ရပြီလို့ ထား၀ယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းက ပြောပါတယ်။ တင်ဒါအောင်မြင်တဲ့ ဓာတ်ပုံအဖွဲ့ကလွဲပြီး ကျောင်းပရဝုဏ်အတွင်း/အပြင်မှာ ဘယ်ကင်မရာအမျိုးအစားနဲ့မှ ဓာတ်ပုံကြိုတင်ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရလို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောင်း၀င်းအတွင်း ထား၀ယ်တက္ကသိုလ် ဓာတ်ပုံနဲ့ ဒီဗွီဒီ...

မထသ စနစ်ထက် YBS စနစ်ပိုကောင်းဟု YRTA ပြော

YBS စနစ်ပြောင်းလိုက်လို့ အဓိကယာဉ်ကြောကြပ်တည်းမှုနဲ့ ယာဉ်စည်းကမ်းလိုက်နာမှု အများကြီးပြောင်းလဲသွားတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အရင် မထသလက်ထက်ကနေ YBS စနစ်ပြောင်းလိုက်တဲ့အပေါ် အမျိုးသမီးတွေအနေနဲ့ ဟိုင်းလတ်ယာဉ်ပေါ်မှာစီးရတဲ့ အဆင်မပြေမှုတွေက ကင်းဝေးသွားသလို ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်းလိုက်နာမှုတွေရှိလာတယ်လို့ ဆိုပါတယ်။ “အဓိက ဘာပိုကောင်းလဲဆိုတော့ ယာဉ်ကြောကြပ်တည်းမှု၊ ဟိုင်းလပ်ယာဉ်နှစ်စီးသယ်တဲ့ ဟာကို...

ထိုင်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားသူများအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး အပါအဝင် ၁၀ ဦးဆီကနေ နှာခေါင်းတို့ဖတ် နမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရည်ညွှန်းတဲ့ ထိုင်းနိုင်ငံ ဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတဲ့အနက် လူနာ ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိတဲ့ လူနာ ၄ ဦးကတော့...

ဧရာဝတီတိုင်းအစိုးရထံ ၄ နှစ်ကျော်အတွင်း တိုင်စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၄ နှစ်ကျော်ကာလအတွင်း ပြည်သူတွေရဲ့ တိုင်ကြား စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။ ပြည်သူ့တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး အရေးယူထားမှုအခြေအနေကို ဇန်နဝါရီ ၃၁ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းရဲ့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုကို...

ထိုင်း Amata ကော်ပိုရေးရှင်း ရန်ကုန်တိုင်းမှာ စက်မှုဇုံ တည်ဆောက်မည်

ထိုင်းနိုင်ငံအခြေစိုက် Amata စက်မှုကော်ပိုရေးရှင်းကြီးးက မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုံတည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ဂျပန်အခြေစိုက် Nikkei သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစက်မှုဇုံက ကမ္ဘာ့အဆင့်မှီ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြုပ်နှံနိုင်အောင် စွဲဆောင်နိုင်တဲ့ စက်မှုဇုံမရှိသေးတဲ့...

အေအေအပေါ် လွှမ်းမိုးမှုရှိသည့် နိုင်ငံအဖွဲ့အစည်းများနှင့်သာ ပြောဆိုတော့မည်ဟု သမ္မတရုံး ပြော

ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ တစုံတရာ ပြောဆိုတော့မှာ မဟုတ်ဘဲ အေအေအပေါ်မှာ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံ၊ အဖွဲ့အစည်းတွေနဲ့ပဲ ပြောဆိုတော့မယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်ပြီး...

မန္တလေးအရိုးဆေးရုံအုပ်နဲ့ စာရေးတို့အမှု ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့အမိန့်ချ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုထားတဲ့ မန္တလေးခုတင် ၅၀၀ အရိုးဆေးရုံက ဌာနခွဲစာရေးကြီး ဦးအောင်ကျော်ဦးရဲ့အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးသွားမယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်း က ပြောပါတယ်။ တရားရုံးအနေနဲ့ အမှုကြာချိန် အတန်းအစားခွဲရာမှာ ရက် ၉၀၊ ၁၈၀နဲ့ ၂၇၀ ဆိုပြီး သုံးမျိုးရှိပါတယ်။...

ပြည်သူ့လုံခြုံရေးခြိမ်းခြောက်သူများကို လက်လွှတ်မထားဟု အတိုင်ပင်ခံပြော

ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မည်သူ့ကိုမဆို လက်လွှတ်ထားမှာ မဟုတ်ဘဲ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် နောက်ဆုံးအနေနဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က တမူးမြို့‌မှာ ဒေသခံတွေနဲ့...

Latest news

Popular posts

10.5k Followers
Follow