ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများ စက်ရုပ်တွန်းလှည်း လှူဒါန်း
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ လူနာအမှတ် ၁၉၁ အတွက် လိုအပ်တာတွေ ပေးပို့နိုင်ဖို့အတွက် စက်ရုံတွန်းလှည်းကို ပုသိမ်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေက တီထွင်ခဲ့ပြီး ဆေးရုံကြီးမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစက်ရုံက ပုသိမ်နည်းပညာတက္ကသိုလ်က EC နှင့် Mechanical ဌာနက ပါမောက္ခဌာနမှူးနဲ့ ဆရာ ဆရာမတွေ၊...
အိန္ဒိယတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၀ ဦး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်ပြန်ရောက်
အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၀ ကို တတိယသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားတာကြောင့် အိန္ဒိယ နိုင်ငံ၊ ဂါယာမြို့နဲ့ အနီးအနားဒေသတွေမှာ ရောက်ရှိနေပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအမျိုးသား ၈၀ ဦးကို လေကြောင်းလိုင်း...
ကျောက်ဖြူမြို့ကပရဟိတလုပ်နေသူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ ပရဟိတလုပ်ကိုင်နေသူ ဦးကျော်အေးသန်းကို မေလ ၂၇ ရက် နေ့လယ်ပိုင်းက တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောက်တလုံးအနီးရှိ အဝေးပြေး ကုန်ကားတွေ ရပ်တန့်ထားတဲ့နေရာအနီးကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဖမ်းခံရတဲ့ ဦးကျော်အေးသန်းဟာ အဝေးပြေးမော်တော်ယာဉ်လိုင်းမှာ လက်ရှိ ဥက္ကဋ္ဌ တာဝန် ယူထားသူတစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့ပေါ်ရှိ...
ဓာတ်ခွဲနမူနာ ၁,၃၀၀ ကျော်ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာမတွေ့ရှိ
ဓာတ်ခွဲနမူနာ ၁,၃၀၀ ကျော်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာထပ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁,၀၂၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်...
ပင့်ကူအကိုက်ခံရင်စူပါမင်းလို အစွမ်းတွေရလာမယ်လို့ ထင်ခဲ့တဲ့ ညီအစ်ကိုသုံးဦးရဲ့အဖြစ်
စူပါမင်း ဇာတ်ကားတွေကို မကြာခဏ ကြည့်လေ့ရှိတဲ့ ကလေးငယ်(၃)ယောက်ဟာ ပင့်ကူအကိုက်ခံရရင် စူပါမင်းလို အစွမ်းတွေရှိလာခဲ့မယ်လို့ ထင်ခဲ့ပါတယ်။ အဆိုပါ ကလေးသုံးယောက်ဟာ ပင့်ကူတွေထဲမှာ အလွန်အဆိပ်ပြင်းထန်လှတဲ့ Black Widow Spider ကိုက်တာကို ခံယူခဲ့ကြပါတယ်။ ကလေးတွေကတော့ အသက်(၈)၊ (၁၀)၊ (၁၂)အရွယ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘိုလစ်ဗီးယားနိုင်ငံ၊Chayanta...
အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား ဈေးလုံခြုံရေး ဝန်ထမ်းမှ သားမယားပြုကျင့်
အရွယ်မရောက်သေးသည့် အသက် ၁၂နှစ် အရွယ် အမျိုးသမီးငယ်အား ကုန်စိမ်းဈေး လုံခြုံရေးဝန်ထမ်းမှသားမယားပြုကျင့်မှု မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်း ကုန်စိမ်းဈေး၌ ငှက်ပျောသီးရောင်းနေသူ တရားလိုသည် မြေး‌တော်သူနှင့်အတူ မေလ ၂၆ရက်ရက်က ဈေးရောင်းနေစဉ် မြေးဖြစ်သူ မဝါ(အမည်လွှဲ) ၁၂နှစ်...
အမွှာနှစ်ယောက်မှကျန်ရှိသောရုပ်အလောင်းအား ရှာဖွေမှုရပ်နား
(24.5.2020) ရပ်နေ့က စစ်ကိုင်းတံတားအဟောင်း ပေါ်မှ ခုန်ချသွားသော အမွှာညီမ နှစ်ယောက်အား SERT ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ ဧရာဝတီမြစ် အတွင်း ရှာဖွေခဲ့ရာ (26.5.2020 )ရက်နေ့တွင် ညီမဖြစ်သူ၏ ရုပ်အလောင်းအား တံငါသည်များ၏ သတင်းပေးမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေသော အစ်မဖြစ်သူ၏ ရုပ်အလောင်းအား ကာယကံရှင် မိသားစုဝင်များနှင့်အတူ...
“ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်”- ကပ်ဘေးကာလ ရင်ကိုထိမှန်စေသည့်အမယ်အို စကားသံ
“ထမင်းမချက်ရတာ ၂ ရက်ရှိပါပြီ သားတို့ရယ်။ အခုတောင် ဘေးအိမ်က ကလေး မလေးက Clean Yangon ကို အကူအညီတောင်းကြည့်ပါလားဆိုလို့ သူ့ဖုန်းနဲ့ လှမ်းခေါ်တာပါတဲ့” ဒါကတော့ ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ခံနေရတဲ့ အမယ်အိုတဦးရဲ့ သောကအပူကို Clean Yangon ပရဟိတအဖွဲ့က တတ်စွမ်းသမျှ ကူညီပေးခဲ့ရတဲ့ အခြေအနေတခု...
ကာကွယ်ရေးဝန်ကြီးဌာနအသုံးစရိတ်ထဲက ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ရန် လွှတ်တော်အတည်ပြု
ဖြည့်စွက်ဘဏ္ဍာငွေအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်း ၁၀၆၀၀ ကို လျှော့ပေါ့ခွင့်ပြုဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါ တယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဖြည့်စွက်ရန်ပုံငွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်စုစုပေါင်းက ကျပ်သန်း ၁ သိန်းကျော် ရှိနေတာပါ။ ဒီထဲကနေ သာမန်အသုံးစရိတ်ထဲက ကျပ်သန်း ၆၅၀၀...
မူဆယ်တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ် ထိခိုက်ဆုံးရှုံးမှု မရှိ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ထဲမှာ မေလ ၂၆ ရက် မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၁) နဲ့ မန့်ဝိန်းနယ်မြေအကြား လမ်းသွယ် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စွမ်စော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းနွမ်သန်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက မွန်းလွဲ...
ကော့သောင်းနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၃ ဦး ထပ်မံရောက်ရှိ
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ပိတ်လိုက်တဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း ၁၃၃ ဦးတို့ မေလ ၂၆ ရက်နေ့က ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာကြပါတယ်။ ဝင်ရောက်လာတဲ့သူတွေကို တနင်္သာရီတိုင်းဒေသကြီး၊...
ဟိုင်းလတ်ခရီးသည်ယာဉ်နှင့် ကုန်တင်ကားတိုက်မိပြီး ၂ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု ဂျိုးဖြူကွေ့မှာ မေလ ၂၆ ရက် ညက ပြည်ဘက်မှလာတဲ့ ၁၀ ဘီးကားနဲ့ ခရီးသယ်တင်ဟိုင်းလတ်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့လို့ ဟိုင်းလတ်ကားပေါ်ပါ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိပါတယ်။ ည ၈ နာရီကျော်လောက်က တိုက်ကြီးမှ...
PMG အရက်ချက်စက်ရုံ မီးလောင်မှု
ကြေးနီစီမံကိန်း၌ လဲကျသေဆုံးခဲ့သည့်လုပ်သား၁ ဦးတွင်ကိုဗစ်-၁၉ ပိုးမတွေ့
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာ-ယန်စီကုမ္ပဏီက လုပ်ကိုင်နေတဲ့ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းမှာ မေလ ၂၁ ရက်နေ့ မနက်အစောပိုင်းက လုပ်သားတစ်ဦး ရုတ်တရက် လဲကျသေဆုံးခဲ့ပါတယ်။ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဟာ စစ်ဆေးချက်တွေအရ ဦးခေါင်းနောက်စေ့ သွေးထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာတွေ့ရှိရတဲ့အတွက် ရဲဆေးစာနဲ့ ၁၆...
မင်္ဂလာတောင်ညွန့်က မိန်းကလေးတစ်ဦးအသတ်ခံရမှု့တရားခံအားဖမ်းဆီးရမိ
မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်လှေကားတစ်ခုမှာ မိန်းကလေးတစ်ဦးအသတ်ခံရမှု့မှလူသတ်တရားခံအားဖမ်းဆီးရမိ မဂ်လာတောင်ညွန့်မြို့နယ်၊ကန်/ရှေ့ရပ်ကွက် အမှတ်(၉၄),၉၄ လမ်း (၇)ထပ်တိုက်အပေါ်ဆုံးလှေခါးတွင် မချမ်းမြေ့ဦးအသက်(၂၄)နှစ်၊လှိုင်သာယာမြို့နယ်နေထိုင်သူအား၎င်း၏ရည်းစားဖြစ်သူထက်မင်းအောင်၊အသက်(၁၈)နှစ် အမှတ်(၂)၁၂၈လမ်း သပြေကုန်းရပ်ကွက်အိမ်ဌားနေထိုင်သူ မှသေဆုံးသူသည်ကိုယ်ဝန်ရှိကြောင်းသိရှိရပြီး သမီးရည်းစားစကားများရာမှ ဝက်အူလှည့်ဖြင့်လည်ပင်းတွင်(၁၄)ချက်၊ရင်ဘတ်တွင်(၅)ချက်၊ဝမ်းဗိုက်တွင်(၁)ချက်စုစုပေါင်းဒါဏ်ရာအချက်(၂၀) ရရှိပြီး(၂၆.၅.၂၀၂၀)နေ့ နံနက် ၁၀:၀၀ နာရီအချိန်ခန့်ကအသတ်ခံခဲ့ရပါသည်။ တရားခံအား ရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့များနှင့်မဂ်လာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှလိုက်လံစုံစမ်းရှာဖွေဖမ်းဆီးရာ ယင်းနေ့ည(၈:၀၀)နာရီတွင် တရားခံအားဖမ်းဆီးရမိခဲ့ပြီး မဂ်လာတောင်ညွန့်မြို့နယ်ရဲစခန်းတွင်တရားစွဲဆိုတင်ပို့နိုင်ရေးအတွက်အမှု့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။ Credit Zawwin Tun မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်လှေကားတစ်ခုမှာ မိန်းကလေးတစ်ဦးအသတ်ခံရမှု့မှလူသတ်တရားခံအားဖမ်းဆီးရမိ မဂ်လာတောင်ညွန့်မြို့နယ်၊ကန်/ရှေ့ရပ်ကွက် အမှတ်(၉၄),၉၄ လမ်း...
အမွှာညီအစ်မနှစ်ဦး မပျောက်ဆုံးမီ ဧရာဝတီတံတားကြီးပေါ်ဆိုင်ကယ်နှင့်ဖြတ်သန်းပုံ မှတ်တမ်း
"စစ်ကိုင်းတံတားခေါ် အင်းဝတံတားကြီးပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချ အဆုံးစီရင်သွားသည်ဟု ယူဆရသူအမွှာညီအစ်မနှစ်ဦး မပျောက်ဆုံးမီ ဧရာဝတီ တံတားကြီးပေါ်ဆိုင်ကယ်နှင့်ဖြတ်သန်းပုံ မှတ်တမ်းတွေ့ရစဉ်" ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ လှုပ်ခတ်မှုနှင့်အတူမေလ ၂၄ ရက်နေ့က စစ်ကိုင်းတံတားခေါ် အင်းဝတံတားကြီးပေါ် တံတား၏အလယ်ဗဟိုတည့်တည့်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိဘဲ ဆိုင်ကယ်တစ်စီးရပ်ထားသည်ကို စစ်ကိုင်းဘက်ခြမ်း တံတားလုံခြုံရေးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ...
Latest news