ကိုဗစ်-၁၉အတွက် ပရဆေးအရည်ကိုမှီဝဲကြဖို့ မာဒါဂတ်စကာသမ္မတတိုက်တွန်း၊ ပျောက်ကင်းသူများလည်း ရှိဟုဆို


စင်ကာပူရှိ ကိုရိုနာလူနာ ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီဆေးရုံများ တိုးချဲ့

စင်ကာပူမှာ လစာနည်း ရွှေ့ပြောင်းလုပ်သားတွေကြားမှာ အဓိက ကူးစက်နေတဲ့ ကိုရိုနာဗိုင်း ရပ်စ်အတည်ပြု လူနာဦးရေ တိုးလာတဲ့အတွက် လူနာတွေကိုထားရှိဖို့ ကုန်စည်ပြပွဲခန်းမတွေနဲ့ အခြားနေရာတွေကို ယာယီဆေးရုံအဖြစ် အသွင်ပြောင်းဆောက်လုပ်ထားရတယ်လို့ သိရပါတယ်။ အစိုးရဟာ ယခင်ကစင်ကာပူ လေကြောင်းပြပွဲ လုပ်ရာ ချန်ဂီးပြပွဲစင်တာကို လူနာ လေးထောင်ဆန့်တဲ့ ယာယီဆေးရုံ အဖြစ် ပြောင်းလဲဖို့ရှိနေသလို...

ကိုဗစ်-၁၉ ကပ်ဘေးကို ဗီယက်နမ် ဘယ်လိုထိန်းချုပ်ပြခဲ့သလဲ

ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ကိုဗစ်-၁၉ ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေနဲ့ ဒေသပေါင်းစုံမှာ ပြန့်နှံ့ကူးစက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက သက်ရှိလူသားတွေရဲ့ အနာဂတ်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနေပြီး သမားရိုးကျလူနေမှုဘဝတွေကို ပြောင်းလဲပစ်နေတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဟာ လူသူကင်းမဲ့နေကြတယ်။ နေရာတိုင်းမှာ မဖြစ်မနေအလုပ်လုပ်ကြရမယ့်သူတွေနဲ့ ထိန်းသိမ်းကြပ်မတ်သူတွေကလွဲလို့ ဘယ်သူတွေမှ ရှိမနေကြတော့ဘူး။ လူတိုင်းနီးပါးဟာ နေအိမ်တွေထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့...

ထိုင်းတွင် အရေးပေါ်အခြေအနေကာလ ၁ လ ထပ်မံတိုးမြှင့်

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်ရောဂါပြန့်ပွားမှု ရှိနေဆဲဖြစ်တာကြောင့် တနိုင်ငံလုံးအရေးပေါ်အခြေအနေကို ၁ လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က စတင် ကြေညာထားရာမှ နောက်ထပ် ၁ လ တိုးမြှင့်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးဌာန နဲ့ ကျန်းမာရေးဝန်ကြီး ဌာန အဆိုပြုချက်ကို...

အီကွေဒေါမှာ သေဆုံးသူတွေကို မြှုပ်ဖို့ သင်္ချိုင်းဆီသွားနေတဲ့ ကားတန်းကြီး

အီကွေဒေါနိုင်ငံ Guayaquil ဆိပ်ကမ်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြသူတွေကို မြေမြှုပ်ဖို့အတွက် သင်္ချ ိုင်းဆီ သွားနေကြတဲ့ကားတွေကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရတာပါ။ အီကွေဒေါဟာ ဒေသတွင်းနိုင်ငံတွေထဲ ကိုဗစ်ရောဂါပိုးအစောဆုံးတွေ့ရှိခဲ့တာလည်းဖြစ်တဲ့အတွက် ဒါဟာ လက်တင်အမေရိကနိုင်ငံတွေကြုံလာရမယ့် ရှေ့ပြေးပုံရိပ်လိုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အခုလက်ရှိမှာတော့ ကူးစက်ခံရသူ ၇၅၀၀ ကျော်နဲ့ သေဆုံးသူ...

ဓာတ်မြေဩဇာစက်ရုံ ဖွင့်လှစ်ပေးနေသည့် ကင်ဂျုံအန်း၏ ဓာတ်ပုံများ ထုတ်ပြန်

ရက်ပေါင်းများစွာ လူမြင်ကွင်းက ပျောက်ဆုံးနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကို့ မေ ၂ ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်လိုက်ပါတယ်။ ဓာတ်ပုံတွေထဲမှာ ကင်ဟာ ပြုံယမ်းမြို့တော် မြောက်ဘက်က ဓာတ်မြေဩဇာစက်ရုံတရုံကို သွားရောက်ဖွင့်လှစ်ပေးနေပါတယ်။ ပုံတွေထဲမှာ သူဟာ လက်ထောက်တွေနဲ့အတူ ပြုံးရွှင်စွာ စကားပြောနေပြီး စက်ရုံထဲလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ သူ့အဘိုးဖြစ်သူ...

နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုအတွင်းမှာ တရုတ်အမျိုးသမီးတစ်ဦး အာသာဖြေသည့်ဗွီဒီယို ထွက်ပေါ်လာ

တရုတ်မှာ ရုံးခွဲဖွင့်ပြီး စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နေတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ ကုမ္ပဏီရုံးခန်းအတွင်းမှာ အမျိုးသမီးငယ်တစ်ဦး အာသာဖြေနေတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တဲ့အတွက်၊ ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ အရှက်သိက္ခာ ကျခဲ့ရပါတယ်။ ကုမ္ပဏီအမည်ကတော့ ဆီဒင်အခြေစိုက် IKEA ကုမ္ပဏီဖြစ်ပြီး၊ အိမ်သုံးပရိဘောဂအသုံးအဆောင်တွေ ဖြန့်ဖြူရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ တရုတ်မှာလည်း ၎င်းတို့ ကုမ္ပဏီ ရုံးခွဲတွေများစွာရှိပြီး၊...

ကိုဗစ်-၁၉ ကာလအတွင်း ဗုဒ္ဓအဆုံးအမတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ်တိုက်တွန်း

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရင်ဆိုင်နေရချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ဖို့အတွက် ဗုဒ္ဓရဲ့ အဆုံးအမတွေ နဲ့ သင်ကြားပြသမှုတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ မေလ ၇ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဂေါတမမြတ်စွာဘုရားဖွားမြင်တော်မူတဲ့ ကဆုန်လပြည့်နေ့ ပြောကြားခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင် ပြောပြပေးမှာပါ။ ကမ္ဘာတဝှမ်းမှာ အခုလို ကိုဗစ်-၁၉...

အမေရိကန်တွင် ကိုဗစ် အတည်ပြုလူနာဦးရေ ၁ ဒသမ ၁ သန်း ကျော်ရှိပြီ

အမေရိကန်နိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာဦးရေ ၁ ဒသမ ၁ သန်း ကျော်သွားခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က မေ ၂ ရက်နေ့ မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ စောင့်ကြည့်ရေးလုပ်ဆောင်နေတဲ့ တက္ကသိုလ်ရဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာစနစ်များဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာ...

အသက်ကယ်ခဲ့သည့် ဆရာဝန်နှစ်ဦးအမည် အစွဲပြုပြီး ဗြိတိန်ဝန်ကြီးချုပ်၏သားကို အမည်ပေး

ဧပြီ ၂၉ ရက်က မွေးဖွားခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့သား နာမည်ကို ဝီလ်ဖရက်လော်ရီနီကိုးလပ်စ်လို့ ဂျွန်ဆင်ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ဆရာဝန် နှစ်ဦးအမည်ကို အစွဲပြုပြီး မေ ၂ ရက်က အမည်ပေးလိုက်ပါတယ်။ ဝီလ်ဖရက် ဆိုတာက ဂျွန်ဆင်ရဲ့ အဘိုးနာမည်၊ လော်ရီ ဆိုတာက ကလေးမိခင်ရဲ့ အဘိုးနာမည်နဲ့...

အန်ဇိုအီယာမြစ်ရေလျှံမှုကြောင့် ၁၁၆ ဦးသေဆုံး

ကင်ညာနိုင်ငံအနောက်ခြမ်းမှာ အန်ဇိုအီယာမြစ် ရေလျှံတာကြောင့် ၁၁၆ ဦးသေဆုံးပြီး မိသားစု ၁၈၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကင်ညာကြက်ခြေနီအသင်းက မေ ၂ ရက်မှာ ပြောပါတယ်။ ဘုယုခုရွာခံတွေ ရေမြုပ်အိမ်တွေထဲကနေ ပိုင်ဆိုင်မှုတွေကို လှေတွေ၊ မော်တော်ဆိုင်ကယ်တွေ သုံးပြီး သယ်ထုတ်လာတာကိုလည်း တွေ့ရပါတယ်။ မိုးကြီးလို့ ဒေသတလွှားမှာ ရေကြီးရေလျှံတာတွေ မြေပြိုတာတွေ...

မလေးရှားမှထိုင်းဘက် တရားမဝင် လာရောက်သည့် မြန်မာအလုပ်သမား ၇ ဦးကို ရဲဖမ်းဆီး

မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဖြတ်သန်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတွေဖြစ်ကြပြီး မလေး-ထိုင်း ၂ နိုင်ငံနယ်စပ်၊ နရာသီဝပ်ခရိုင်၊ ဆန်းဂိုင်ခိုလွတ်ခ်ဒေသထဲမှာ ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ထရိုင်ရာရစ်ထ်ထီမာဟိ ဝေါင်က ဧပြီလ ၂၉...

အသွားအလာကန့်သတ်ချက်များ တဖြည်းဖြည်းချင်းသာ ပယ်ဖျက်ရန် WHO တိုက်တွန်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး အသွားအလာကန့်သတ်တာတွေကို တဖြည်းဖြည်းချင်းသာ ပယ်ဖျက်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဧပြီ ၂၁ ရက်မှာ သတိပေးလိုက်ပါတယ်။တကယ်လို့ ကန့်သတ်ချက်တွေကို သိပ်စောစော ဖြေလျှော့ပေးလိုက်မယ်ဆိုရင် ကူးစက်မှု ပြန်ဖြစ်လာလိမ့်မယ်လို့လည်း သတိပေး ပြောပါတယ်။ အသွားအလာကန့်သတ်တဲ့ လုပ်ဆောင်ချက်တွေ ထိရောက်တာကို သက်သေပြနိုင်ခဲ့ပြီး လူတွေဟာလည်း...

ရောဂါတစ်မျိုးကြောင့် ရှူးပေါက်တိုင်း၊ ဘီယာတွေပဲ ထွက်ကျလာတဲ့ အဖွားအိုရဲ့အဖြစ်

အဖွားအိုတစ်ယောက်ဟာ လူတစ်သိန်းမှာ တစ်ယောက်ရှိဖို့မလွယ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရပြီး၊ အပေါ့သွားတဲ့အခါတိုင်း ဘီယာတွေပဲ ထွက်ကျလာတဲ့အဖြစ်ကို ကြုံနေရပါတယ်။ ဒါဟာ အလွန်ထူးဆန်းတဲ့ ရောဂါဖြစ်ပြီး၊ မသိဖူး မကြားဖူးသူတွေအနေနဲ့ သတင်းအတု သတင်းအမှားလို့ အထင်ရှိဖွယ်ရာပါပဲ။ ဒီမတိုင်ခင်ကလည်း အဖွားကို စစ်ဆေးတဲ့အခါတိုင်း ဒေါက်တာတွေမှာ မယုံကြည်နိုင် ဖြစ်ရပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဖွားဟာ...

မကွေးတိုင်း၌ ကိုဗစ်၁၉ ကူးစက်ခံ ၁ ဦး စတွေ့သဖြင့် ထိတွေ့ခဲ့သူများကို စစ်ဆေးဖော်ထုတ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ ပထမဆုံး ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ တဦး ရှိပြီဖြစ်လို့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး Hospital Quarantine ပြုလုပ်ကာ ဓာတ်ခွဲနမူနာ ပေးပို့သွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲမှာ Facility Quarantine ပြုလုပ်ထားသူထဲတွေထဲက ပထမဆုံး အနေနဲ့ ကိုဗစ်၁၉...

ကင်ဂျုံအန်း၏ကျန်းမာရေးစောင့်ကြည့်ဆဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကျန်းမာရေးကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်ရောက်နိုင်တဲ့ အန္တရာယ် အမှန်တကယ်ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောလိုက်ပါတယ် ။ ပွန်ပေယိုက သတင်းထောက်တွေမေးတာကို ဖြေကြားရာမှာ ကင်ရဲ့ လက်ရှိသတင်းကို မရသေးဘဲ အနီးကပ်စောင့်ကြည့်နေတယ်လို့သာ ဖြေကြားပါတယ်။ ဒါ့အပြင် သူက တရုတ်ပြည်နဲ့ကပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံထဲမှာ စားနပ်ရိက္ခာ...

Latest news