ချန်နိုဘိုင်းနယူကလီယားစက်ရုံအနီး တောမီးလောင်ကျွမ်း၊ နြူပညာရှင်များ စိုးရိမ်မှုမြင့်တက်

ယူကရိန်းလေသံနဲ့ဆိုရင် ချရူနိုဘူရီလို့ခေါ်တဲ့ ချန်နိုဘိုင်း(Chernobyl)နယူကလီးဟား စက်ရုံကြီးအနီးမှာ ပြင်းထန်လျှင်မြန်တဲ့ တောမီးလောင်ကျွမ်းနေတဲ့အတွက် ပညာရှင်တွေက အလွန်စိုးရိမ်နေပါတယ်။ တကယ်က ချန်နိုဘိုုင်းနယူးကလီယားစက်ရုံဟာ သမိုင်းဝင်ပေါက်ကွဲမှုကြီးဖြစ်ပြီးကတည်းက ပိတ်သိမ်းထားခဲ့တာပါ။ သို့ပေမယ့် အဲဒီနယူကလီယားစက်ရုံမှာ မပေါက်ကွဲသေးတဲ့ နြူအကြွင်းအကျန်တွေ ရှိနေဆဲဖြစ်ပြီး၊ ရေဒီယိုသတ္တိကြွမှု ပမာဏကလည်း မြင့်မားလွန်းတာကြောင့် အထူးကန့်သတ်နယ်မြေအဖြစ် သီးခြားထားရှိထားပါတယ်။ Chernobyl နယူကလီးယားစက်ရုံဟာ (၁၉၈၆)ခုနှစ်...

ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် တရုတ်မှာ အရေးဆေးရုံတွေ ထပ်မံတည်ဆောက်နေရ

ပြီးခဲ့တဲ့ရက်ကပဲ တရုတ်မှာ ကိုဗစ်-၁၉လူနာအရေအတွက် စိုးရိမ်ဖွယ်ရာ များပြားလာခဲ့တာကြောင့် ပညာရှင်အသိုင်းအဝိုင်းက အာဏာပိုင်တွေ Lockdown ကို ဖြေလျှော့ပေးလိုက်တဲ့အပိုင်းကို မေးခွန်းတွေ ထုတ်နေကြပါတယ်။ အခုဆိုရင် ကပ်ဆိုး ဒုတိယလှိုင်းဒဏ်ခံနိုင်ဖို့အတွက် အရေးပေါ် ဆေးရုံတွေ ပြန်ဆောက်နေရပါပြီ။ အခုဆိုရင် (၁၃)လွှာရှိတဲ့ အဆောက်ဦးတစ်ခုကိုလည်း အရေးပေါ်စောင့်ရှောက်ရေးနဲ့ ကုသရေးစင်တာအဖြစ် အမြန်ပြောင်းလဲထားပြီလို့ သိရပါတယ်။...

ဝူဟန်မြို့တွင် ဗိုင်းရပ်စ် တကျော့ပြန်လာမည်ကို စိုးရိမ်

တချိန်က ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ခဲ့ပြီး တစပြင်လို ခြောက်ကပ်ခဲ့တဲ့ ဝူဟန်မြို့ဟာ အခုတော့ ဈေးဝယ်ထွက်သူတွေ၊ ယာဉ်အသွားအလာများတဲ့ လမ်းမတွေနဲ့ တဖန်ပြန် အသက်ဝင်လာပါပြီ။ ဧပြီ ၁၄ ရက်က ရိုက်ကူးထားတဲ့ ဝူဟန်မြို့ရဲ့ သက်ဝင်လှုပ်ရှား မြင်ကွင်းတချို့ကို မြင်တွေ့ရတာပါ။ နှစ်လကျော်ကြာ လုပ်ခဲ့တဲ့ ဝူဟန်မြို့...

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အမေရိကန်က ရံပုံငွေဆိုင်းငံ့၊ ကိုဗစ်ဆေး (၁၂)လအတွင်း ရနိုင်မှာမဟုတ်ဟု WHO ဆို

အမေရိကန်သမ္မတ ထရမ့်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့တဲ့အတိုင်း WHO အဖွဲ့ကြီးကို နှစ်စဉ်ထောက်ပံ့နေကျ ရံပုံငွေတွေ စတင်ဆိုင်းငံ့သွားတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ယမန်နှစ်က WHO အဖွဲ့ကို ကန်ဒေါ်လာ (၅၇)သန်းအထိ ထောက်ပံ့ခဲ့ပြီး၊ အခု ကိုဗစ်အရေးမှာ WHO ဟာ တရုတ်ကို ဘက်လိုက်တယ်လို့ အမေရိကန်က...

ထိုင်းနိုင်ငံတွင် မွေးကင်းစ ကလေးငယ်များကို မျက်နှာဖုံးအုပ်ကာကွယ်ပေး

ထိုင်းနိုင်ငံက ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ဗိုင်းရပ်စ် မကူးစက်စေဖို့အတွက် မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်တွေကို မျက်နှာဖုံးအုပ် အကာအကွယ်ပေးနေကြပါတယ်။ မြို့တော်ဘန်ကောက်မြို့က ဆေးရုံတွေမှာ မွေးကင်းစ နီတာရဲ ကလေးငယ်လေးတွေကို ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ဖို့အတွက် မွေးဖွားဆောင်တွင်း ခုလိုမျက်နှာဖုံး အကာအကွယ်တွေနဲ့ ထားရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ...

ဘီယာကုန်သွားလို့ နာမည်ကျော်သွားသည့် အဘွားအို

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် အိမ်ထဲမှာပဲ နေနေရတဲ့ အသက် ၉၃ နှစ်အရွယ် အဘွားအိုတဦးဟာ ကြီးမားတဲ့ ပြဿနာတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့အိမ်မှာ ဘီယာပြတ်သွားတာပါပဲ။ ဒီအခြေအနေမှာ အဘွားအို အိုလစ်ဗီရိုနက်ဆီက သူ့ဆီမှာ ပြတ်လပ်နေတဲ့ပစ္စည်းကို ရရှိဖို့ အကောင်းဆုံးနဲ့ တီထွင်ဖန်တီးမှုပါဝင်တဲ့ နည်းလမ်းတခုကို ရွေးချယ်အသုံးပြုခဲ့ပြီး...

တရုတ်မှာ ဒုတိယအကြိမ် ကိုဗစ် ပြန်ဝင် ၊ တစ်ရက်အတွင်း လူနာ(၁၀၈)တိုးခဲ့လို့ စိုးရိမ်မှုတွေမြင့်တက်

ကိုဗစ်-၁၉ကပ်ရောဂါ စတင်အခြေတည်ရာ တရုတ်နိုင်ငံမှာ အသွားအလာကန့်သတ်တဲ့ အပိုင်းကို အာဏာပိုင်တွေက ပြန်လည်ဖြေလျှော့ပေးခဲ့ပေမယ့် စိတ်မချရတဲ့အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ နေ့စဉ် လူနာဦးရေ တိုးပွားနေဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်က လူနာ(၁၀၈)ဦးအထိ ပြန်တိုးလာခဲ့လို့ အခုဆိုရင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက အတော်လေး မျက်ခုံးလှုပ်နေကြပါတယ်။ အဆိုပါ တိုးပွားလာတဲ့ လူဦးရေးပမာဏဟာ ငါးပတ်အတွင်းမှာ အမြင့်ဆုံးပမာဏဖြစ်ပြီး၊ ပြီးခဲ့တဲ့...

ခေါင်းထဲစိုက်ဝင်နေတဲ့ဓားကို (၂၆)နှစ်ကြာမှ ခွဲစိတ်ဖယ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့သူရဲ့အဖြစ်

လူတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၂၆)နှစ်က ဓားပြတွေ ရိုက်ပုတ်နှိပ်စက်တာကို ခံခဲ့ရပြီး၊ အသေသတ်ဖို့အထိ ကြံစည်ခြင်း ခံခဲ့ရပါတယ်။ သူ့ကို ဓားပြတွေက ဦးခေါင်းထဲကို ဓားနဲ့ထိုးသွင်းပြီး၊ လက်စပျောက်သဘောမျိုး တိုက်ခိုက်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာ သူ မသေခဲ့ပါဘူး။ သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူဟာ (၂၆)နှစ်အတွင်း...

အီကွေဒေါမှာ သေဆုံးသူတွေကို မြှုပ်ဖို့ သင်္ချိုင်းဆီသွားနေတဲ့ ကားတန်းကြီး

အီကွေဒေါနိုင်ငံ Guayaquil ဆိပ်ကမ်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြသူတွေကို မြေမြှုပ်ဖို့အတွက် သင်္ချ ိုင်းဆီ သွားနေကြတဲ့ကားတွေကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရတာပါ။ အီကွေဒေါဟာ ဒေသတွင်းနိုင်ငံတွေထဲ ကိုဗစ်ရောဂါပိုးအစောဆုံးတွေ့ရှိခဲ့တာလည်းဖြစ်တဲ့အတွက် ဒါဟာ လက်တင်အမေရိကနိုင်ငံတွေကြုံလာရမယ့် ရှေ့ပြေးပုံရိပ်လိုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အခုလက်ရှိမှာတော့ ကူးစက်ခံရသူ ၇၅၀၀ ကျော်နဲ့ သေဆုံးသူ...

အမေရိကန် တောင်နဲ့ အလယ်ပိုင်း မုန်တိုင်းကြောင့် လူ ၃၀ ထက်မနည်း သေဆုံး

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်တွေကို တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေမှာ ပြင်းထန်တဲ့ မုန်တိုင်း ဝင်တိုက်သွားတဲ့ အတွက် သေဆုံးသူ အနည်းဆုံး ( ၃၀ ) ဦးရှိသွားပါပြီ ။ Texas ၊ Louisiana ၊ Mississippi ၊ Georgia နဲ့ Tennessee...

တစ်ပတ်အတွင်း ကိုဗစ်အတွက် ပေါင်နှစ်သန်းအထိ ထူးထူးဆန်းဆန်းရှာပေးခဲ့တဲ့ (၉၉)နှစ်အဖိုး

လက်ရှိအချိန်မှာ အသက်(၁၀၀)ပြည့်ဖို့ ရက်ပိုင်းသာလိုတော့တော့ စစ်ပြန်ရဲဘော်ဟောင်းကြီး တစ်ဦးဟာ အိုပေမယ့် စွမ်းပါသေးတယ်ဆိုတဲ့ သဘောနဲ့ တစ်ပတ်အတွင်း ကိုဗစ်ရံပုံငွေအဖြစ် ပေါင်(၂)သန်းနီးပါး ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဖိုးဟာ အဲဒီရံပုံငွေတွေကို NHS မှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အဖိုးရဲ့နာမည်ကတော့ Tom Moore ဖြစ်ပြီး၊ သူဟာ အိမ်နောက်ဖေးမှာ...

နှလုံးခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် သေဆုံးခဲ့ရတဲ့ (၆)လအရွယ်ကလေးငယ်

ကံဆိုးလွန်းလှတဲ့ အသက်(၆)လအရွယ် ကလေးငယ်လေးတစ်ယောက်ဟာ အသက်အန္တရာယ် ထိခိုက်နိုင်ချေများလွန်းတဲ့ နှလုံးဖွင့်ခွဲစိတ်မှုမှာ အောင်မြင်ခဲ့ပေမယ့် ဆိုးရွားလှတဲ့ ကံကြမ္မာကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့ရရှာပါတယ်။ ကလေးမှာ အသက်အရွယ်အရ နှလုံးခွဲစိတ်မှုက အလွန်အန္တရာယ် ကြီးမားပေမယ့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာပါ။ သမီးလေးရဲ့အမည်ကတော့ Erin Bates ဖြစ်ပြီး၊ လမစေ့ဘဲ မွေးဖွားလာခဲ့ခြင်းကြောင့်...

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ်ကိရိယာ ၂ သောင်း ကုလပေးပို့

ကုလသမဂ္ဂကနေ ပေးတဲ့ ကိုရိုနာဗိုင်းရပ်ရှိမရှိစမ်းသပ်ကိရိယာ နှစ်သောင်းကျော်မြန်မာနိုင်ငံရောက်ရှိလာပြီဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။ မြန်မာပြည်တွင်း ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများ ဆိုင်ရာရုံး (UNOPS) က စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော် မြန်မာနိုင်ငံကိုရောက်ရှိလာပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)...

ကိုဗစ်-၁၉ ကို မကြောက်ဖို့ ဟောပြောခဲ့သူ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတစ်ဦး၊ ကိုဗစ်ကြောင့် ကွယ်လွန်

တရားဟောဓမ္မဆရာတစ်ဦးဟာ တရားသဘင်တစ်ခုမှာ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပရိသတ်ကို မကြောက်ဖို့ ဟောပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ဟာ ဘုရားသခင်နဲ့ ယှဉ်တဲ့အခါမှာ ပမွှားဖြစ်ကြောင်း၊ ကြောက်ဖို့ မလိုကြောင်း သူက နှိုင်းယှဉ်ဟောကြားခဲ့တာပါ။ ဂိုဏ်းအုပ်ဆရာရဲ့အမည်ကတော့ Gerald Glenn ဖြစ်ပြီး၊ အမေရိကန်၊ ဗာဂျီးနီယားပြည်နယ်၊ ရစ်ချ်မွန်မှာတည်ရှိတဲ့ New Evangelistic Church မှာ...

မကွေးတိုင်း၌ ကိုဗစ်၁၉ ကူးစက်ခံ ၁ ဦး စတွေ့သဖြင့် ထိတွေ့ခဲ့သူများကို စစ်ဆေးဖော်ထုတ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ ပထမဆုံး ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ တဦး ရှိပြီဖြစ်လို့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး Hospital Quarantine ပြုလုပ်ကာ ဓာတ်ခွဲနမူနာ ပေးပို့သွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးကပြောပါတယ်။ မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲမှာ Facility Quarantine ပြုလုပ်ထားသူထဲတွေထဲက ပထမဆုံး အနေနဲ့ ကိုဗစ်၁၉...

နယူးယောက်ပြည်နယ်၌ ကပ်ရောဂါဘေး အဆိုးဆုံးကာလ ပြီးဆုံးသွားပြီဟု အုပ်ချုပ်ရေးမှူး ပြော

နယူးယောက်ပြည်နယ်အနေနဲ့ ကိုရိုနာရောဂါကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အဆိုးဆုံးကာလ ပြီးဆုံးသွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကိုမိုက ဧပြီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။ ဆေးရုံတက်သူ အရေအတွက် ကျဆင်းပုံပေါ်ပြီး သေဆုံးသူ အရေအတွက်ကလည်း ၆၇၁ ယောက်နဲ့ သီတင်းတပတ်အတွင်း အနိမ့်ဆုံးကို ရောက်ခဲ့ပါတယ်။ နယူးဂျာစီ၊ ကွန်နက်တီကပ် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ အနီးကပ် လက်တွဲလုပ်ဆောင်နေတဲ့...

Latest news

16