အာဖရိကမှာ ကိုဗစ်ထက်ကို ပိုကြောက်ရတဲ့ အန္တရာယ်၊ ဒုတိယအကြိမ် ထပ်ဖြစ်

အာဖရိကမှာ ဓားခုတ်ကောင်လို့လည်း ခေါ်ကြတဲ့ ကျိုင်းကောင်တွေ ဘီလီယံနဲ့ချီပြီး ဒုတိယအကြိမ်မြောက် ကျရောက်ခဲ့လို့၊ တောင်သူတွေက သူတို့သီးနှံတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။ အခု ကျရောက်တဲ့ အကြိမ်က ပထမအကြိမ်ထက် အဆပေါင်းများစွာ ပိုများပြီး၊ သူတို့တစ်တွေဟာ လယ်ကွင်းတွေ၊ ကျေးရွာရဲ့ လမ်းမတွေထက်မှာ ကျိုင်းကောင်းတွေဟာ တဝီဝီပျံသန်းနေပါတယ်။ အခု ကျိုင်းကောင်ကျရောက်မှုဟာ ယခုနှစ်အစောပိုင်းက...

တိုက်ခန်းပေါ်မှ ကျလာတဲ့ ပစ္စည်းနှစ်ခုက ခေါင်းကိုထိမှန်လို့၊ ဦးနှောက်ထိခိုက်ခဲ့တဲ့ လသားကလေးငယ်

တရုတ်နိုင်ငံမှာ ထပ်မြင့်အဆောက်ဦတစ်ခုဆီမှ ပြုတ်ကျလာတဲ့ အရာဝတ္ထုနှစ်ခုက အောက်မှာရှိနေတဲ့ လသားအရွယ် ကလေးငယ်ရဲ့ ခေါင်းပေါ်ကို တည့်တည့်ပြုတ်ကျခဲ့တာကြောင့် ကလေးမလေးမှာ ချက်ချင်းသတိလစ်သွားခဲ့ပါတယ်။ ကလေးမလေးဟာ အသက်(၆)လသာ ရှိသေးပြီး၊ ပြုတ်ကျလာတဲ့ အရာနှစ်ခုကတော့ ခေါင်းလျှော်ရည်ဘူး နှစ်ဘူး ဖြစ်ပါတယ်။ တစ်ဘူးမှာ အလေးချိန် (၇၄၀)ml ဖြစ်ကြပြီး၊ (၁၅)ထပ်လောက်ရှိတဲ့ အဆောက်ဦရဲ့...

လူ ၉၇ ဦးသေဆုံးခဲ့သည့် ပျက်ကျလေယာဉ်၏ မှတ်တမ်းသေတ္တာရှာတွေ့

ပါကစ္စတန်နိုင်ငံ ကရာချိမြို့က လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့တဲ့ ပါကစ္စတန် လေကြောင်း လိုင်းက လေယာဉ် ပျံသန်းမှုမှတ်တမ်း သေတ္တာနက်ကို ရှာတွေ့ပြီလို့ လေကြောင်းလိုင်းအကြီးအကဲက မေလ ၂၃ ရက်မှာ ပြောပါတယ်။ လေယာဉ်ပျက်ကျလို့ လူ ၉၇ ယောက် သေဆုံးခဲ့ပြီး လူ ၂ ယောက်က အသက်ရှင်ခဲ့ပါတယ်။ မေလ...

ကိုဗစ်-၁၉ ကပ်ဘေးကို ဗီယက်နမ် ဘယ်လိုထိန်းချုပ်ပြခဲ့သလဲ

ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ကိုဗစ်-၁၉ ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေနဲ့ ဒေသပေါင်းစုံမှာ ပြန့်နှံ့ကူးစက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက သက်ရှိလူသားတွေရဲ့ အနာဂတ်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနေပြီး သမားရိုးကျလူနေမှုဘဝတွေကို ပြောင်းလဲပစ်နေတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဟာ လူသူကင်းမဲ့နေကြတယ်။ နေရာတိုင်းမှာ မဖြစ်မနေအလုပ်လုပ်ကြရမယ့်သူတွေနဲ့ ထိန်းသိမ်းကြပ်မတ်သူတွေကလွဲလို့ ဘယ်သူတွေမှ ရှိမနေကြတော့ဘူး။ လူတိုင်းနီးပါးဟာ နေအိမ်တွေထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့...

(၁၃)နှစ်အရွယ်က ကြိတ်ချစ်ခဲ့ရတဲ့ဆရာကို၊ အပျိုဖြစ်ချိန်မှာ ရအောင်ယူခဲ့တဲ့ ကောင်မလေး

မိန်းကလေးတွေရဲ့အချစ်က ယောက်ျားလေးတွေထက် ခိုင်မာတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ဒီစကားကို ပြောရတာလဲဆိုရင် ယောက်ျားတွေမှာ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း တရားဝင်ထုတ်ပြောခွင့်ရှိပါတယ်။ မိန်းကလေးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ယောက်ျားတစ်ယောက်ကို ချစ်မိရင် ကိုယ့်ကို ဖွင့်ပြောမယ့်လူလား၊ မပြောနိုင်လောက်ဘူးလားဆိုတာကို မစဉ်းစားဘဲ အရဲစွန့် ချစ်ရတာမို့ပါ။ တစ်ခါတလေ ကိုယ်ကြိတ်ပြီး ကြွေနေတာကတစ်ယောက်၊...

Oxford တက္ကသိုလ်ကစမ်းသပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အိန္ဒိယကုမ္ပဏီ ထုတ်ဖို့ပြင်ဆင်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တမျိုးကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်တာ အလားအလာကောင်းတဲ့ ရလဒ်တွေရှိနေတာကြောင့် အိန္ဒိယ ဆေးကုမ္ပဏီတခုက ဒီဆေးကို လပိုင်းအတွင်း အမြောက်အများထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒီဆေးကို Oxford တက္ကသိုလ်က ဖော်စပ်ထုတ်လုပ်ပြီး ဗြိတိန်နိုင်ငံမှာ လက်ရှိလူတွေနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။ အောင်မြင်ဖို့ အလားအလာ အများကြီးရှိတဲ့ ဒီ...

ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတဲ့ နယူးယောက်မြို့နေ ဂျပန်ဆရာဝန်ရဲ့ သေရွာပြန်မှတ်တမ်း

(စာအရမ်းရှည်သွားပေမယ့် မြန်မာနိုင်ငံမှ ဆရာဝန်များအတွက် အကိုးအကားဖြစ်မယ်ထင်လို့ ပို့စ်မခွဲပဲ တဆက်တည်းပဲထားလိုက်တယ်) ကျနော်ဟာ နယူးယောက်ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ပါ။ ကိုဗစ်-၁၉ ကူးစက်ခံရသူအနေနဲ့ မိမိရဲ့အတွေ့အကြုံကို ဝေမျှေပးဖို့ ဂျပန်ကဆရာဝန်များရဲ့ တောင်းဆိုမှုကြောင့် ဒီမှတ်တမ်းကို ရေးသားလိုက်ပါတယ်။ အမှန်ပြောရရင် ရုပ်ရော စိတ်ရော ပင်ပန်းဆင်းရဲခဲ့ရတဲ့ အတွေ့အကြုံကို ပြန်မတွေးချင်တော့ဘူး။ ဒါပေမယ့် တနေ့...

မြောက်ကိုရီးယားခေါင်းဆောင် အခမ်းအနားတက်တဲ့ ဗွီဒီယို ထုတ်လွှင့်ပြသ

လူမြင်ကွင်းကနေ ရက်တော်တော်ကြာ ပျောက်နေတဲ့ မြောက်ကိုရီးယားခေါင်ဆောင် လူမြင်ကွင်းကို ပြန်ထွက်လာပါပြီ။ ဧပြီလ ၁၁ ရက်နေ့က နိုင်ငံတော်အခမ်းအနားတခု မတက်ရောက်ဘဲ လူမြင်ကွင်းက ပျောက်နေတဲ့ Kim Jong Un က ပြုံယမ်းမြို့တော် မြောက်ပိုင်းမှာရှိတဲ့ ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ပြီးစီးပွဲ အခမ်းအနား တက်ရောက်တဲ့ပုံတွေကို မြောက်ကိုရီးယားရဲ့ KRT...

အခွင့်အရေးရခဲ့မယ်ဆိုရင်ရော်နယ်ဒင်ဟိုကိုထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် – ဂါနာအခေါင်းထမ်း အကသမား

အခွင့်အရေးတစ်ခုသာရခဲ့မယ်ဆိုရင် ရော်နယ်ဒင်ဟိုကို ထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် လို့နာမည်ကျော် ဂါနာအခေါင်းထမ်းအကသမား ဘင်ဂျမင် အီဒိုးက ပြောပါတယ်။ တူညီဝတ်စုံတွေနဲ့အတူ အခေါင်းထမ်းပြီးကနေတဲ့ အီဒိုးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဗွီဒီယိုဖိုင်ဟာ မကြာသေးခင် ကမ္ဘာကျော်သွား ခဲ့ပြီး နာမည်ကျော်မီးမ်တွေအဖြစ်လည်း အသုံးပြုခံခံခဲ့ရပါတယ်။ အီဒိုးဟာ Nana Otafrija Pallbearing and Waiting Service...

တောင်ကိုရီးယားတွင် လူချင်းခွာစည်းမျဉ်း ဖြေလျှော့ပေးပြီး ကစားကွင်းများ၌ လူစည်ကား

တောင်ကိုရီးယားနိုင်ငံမှာ လူချင်းခွာနေရမယ့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးအပြီး မေလ ၃ ရက်မှာ ဆိုးလ်မြို့တော်က ပြည်သူတွေ အပန်းဖြေ ကစားကွင်းဆီကို စုပြုံသွားခဲ့ကြပါတယ်။ လာရောက်လည်ပတ်သူ အများစုက မျက်နှာဖုံးတွေကို ဝတ်ဆင်ထားပါတယ်။ ပန်းခြံထဲမှာ လူတိုင်း ၂ မီတာခွာပြီး ဆက်နေကြဖို့နဲ့ ဝင်ပေါက်မှာလည်း အလည်လာသူ အားလုံးကို ကိုယ်ပူချိန်...

ဝူဟန်နှင့် ပေကျင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ရန်စီစဉ်

တရုတ်နိုင်ငံ ဝူဟန်နဲ့ ပေကျင်းမြို့တို့မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို မြန်မာနိုင်ငံဆီ ပြန်ပို့ပေးဖို့ စီစဉ်နေတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ ဘယ်နေ့ပို့မယ်ဆိုတာကိုတော့ လတ်တလောမှာ မပြောနိုင်သေးဘဲ မြန်မာနိုင်ငံကို ပြန်ချင်တယ်လို့ ဆက်သွယ်အကူအညီတောင်းလာတဲ့ ပေကျင်းမြို့ရောက် တရားမဝင်မြန်မာလုပ်သား ၃၉ ယောက်၊ ဟူပေပြည်နယ် ဝူဟန်မြို့မှာ...

ဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံး ကန့်သတ်ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ တနိုင်ငံလုံးပိတ်ဆို့မှု လော့ဒေါင်းလုပ်ထားတာကို နောက်ထပ် ၁၁ ရက်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဒါဟာ အိန္ဒိယမှာလည်း ဝန်ကြီးချုပ် မိုဒီက တနိုင်ငံလုံးပိတ်ဆို့မှုလော့ဒေါင်း ချမှတ်ထားတာ နောက်တပတ်သက်တမ်းကုန်ရင် ဆက်လုပ်ဖို့ ရှိမရှိ ပြည်နယ်တွေနဲ့ မနက်ဖြန် မဆွေးနွေးခင် ဖြစ်ပေါ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ်က...

အီတလီတွင် လော့ဒေါင်း တဖြည်းဖြည်းချင်းရုပ်သိမ်း

အီတလီနိုင်ငံမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကို တဖြည်းဖြည်းချင်း ရုပ်သိမ်းတဲ့ အဆင့် ၂ ကို မနေ့က စတင်လိုက်ပါတယ်။ ဒါကြောင့် လူချင်းခွာနေရမယ့် စည်းကမ်းချက် တင်းကျပ်ထားပြီး လူတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရမယ့် စည်းမျဉ်းတွေအောက်မှာ စက်ရုံတွေ၊ ဘူတာတွေကို ပြန်ဖွင့်လိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်...

အသက်ကိုကယ်ဆယ်ပေးခဲ့တဲ့သူနာပြုနှစ်ဦးကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်

ကိုဗစ်-၁၉ကူးစက်ခံရမှုကြောင့် အရေးပေါ်ဆေးရုံတက်ရောက် ကုသခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ မကြာသေးခင်ကပဲ ရောဂါပျောက်ကင်းသွားပြီမို့ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ သူ့ကို အနီးကပ်စောင့်ရှောက်ခဲ့ကြတဲ့ သူနာပြုနှစ်ယောက်ကို ဝန်ကြီးချုပ်က တခုတ်တရ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ St Thomas ဆေးရုံမှာ (၇)ရက်တာ တက်ရောက်ခဲ့ရပြီး၊ (၃)ညတိုင် အရေးပေါ်စောင့်ရှောက်မှုအောက်မှာ နေခဲ့ရပါတယ်။...

ရုရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ တာဝန်ကနေ ခေတ္တအနားယူမယ့်အကြောင်း သမ္မတ ပူတင်ကို ဧပြီ ၃၀ ရက်မှာ အသိပေးခဲ့တယ်လို့ သိရပါတယ်။ မီရှူစတင်ဟာ သူ့နေရာမှာ လက်ထောက်ဝန်ကြီးချုပ် အင်ဒရေ ဘယ်လိုဆော့ဖ်ကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်မယ်လို့ သမ္မတ ပူတင်ကို တင်ပြခဲ့ပြီး ပူတင်ကလည်း မီရှုစတင်ရဲ့...

ကမ္ဘာတဝန်း ကိုရိုနာကြောင့် သေဆုံးသူ ၁ သိန်း ၁ သောင်းကျော် ရှိပြီ

ကမ္ဘာတဝန်း ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ သိန်းကျော် ရှိသွားပြီး သေဆုံးသူ ၁၁၀,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီအထိ ကူးစက်ခံရသူဦးရေဟာ ၁,၈၅၃,၁၅၅ နဲ့ သေဆုံးသူ ၁၁၄,၂၄၇ ဦး ရှိပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကပ်ဘေးကြောင့် ထိခိုက်မှုအများဆုံးက ဥရောပ...

Latest news