ဟားခါးတွင် နေစရာအိမ်မရှိသည့်ပြည်သူများအတွက် အစိုးရက အိမ်နေရာမြေကွက် မဲနှိုက်ချပေး

0
43

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ၁၀ နှစ်၊ နှစ် ၂၀ နေထိုင်ခဲ့ပြီး နေစရာအိမ်မရှိသူတွေအတွက် ဇူလိုင် ၁ ရက်နေ့မှာ အိမ်နေရာမြေကွက်တွေ မဲနှိုက်စနစ်နဲ့ ချထားပေးမယ်လို့ ဟားခါးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးငွန်ဗုန်းက ပြောပါတယ်။

မြေဧရိယာ ၆၇၆ ဧကအတွင်း မြေကွက်တွေကို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် အဆင့် ၃ ဆင့်ခွဲကာ မဲနှိုက်ချထားပေးမှာ ဖြစ်ပြီး ပထမအဆင့် မြေကွက် ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၁၅၀၀၊ ဒုတိယအဆင့်ကို ကျပ်ငွေ ၉၀၀ နဲ့ တတိယအဆင့်ကို ၅၀၀ ကျပ် စသဖြင့် စျေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြေကွက်ပေါင်း ၈၀၀ လောက်အထဲက အစိုးရအဆောက်အဦ၊ ဘာသာရေးအဆောက်အဦတွေအတွက်ချန်ထားပြီး မြေကွက် ၅၉၂ ကွက်ကို မဲနှိုက်စနစ်နဲ့ အိမ်နေရာချထားဖို့ရှိရာ ဇူလိုင်လ ၁ ရက်နေ့ ဟားခါးမြို့ မြို့တော်ခန်းမမှာ မနက် ၁၀ ကနေ စတင် မဲဖောက်မှာဖြစ်ပါတယ်။

အခုမြေကွက်ချထားမယ့် နေရာဟာ ၂၀၁၉ သြဂုတ်လက အစိုးရအနေနဲ့ လျာထားတဲ့ မြို့သစ်စီမံကိန်းနေရာဖြစ်ပြီး ဒီနေရာမှာ ကျူးကျော်အိမ်တွေ ဆောက်လုပ်တာဖြစ်တယ်လို့ဆိုကာ လူနေအိမ် ၁၀၀ ကျော်ကို ပြည်နယ်အစိုးရက ဖျက်ဆီးခဲ့တဲ့နေရာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေရာအတွင်း မြေနေရာအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး လူ ၆ ဦးကို အစိုးရက ပုဒ်မ-၆၁ နဲ့ တရားစွဲထားပါတယ်။

တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ဦးဟရန်ကီးလ် က “ကျနော်ကတော့ ဘာမှပြောစရာ မရှိတော့ပါဘူး။ ကျနော်တို့ အမှုလည်း တရားလိုဘက်က လိုအပ်ချက်ရှိနေတယ်ဆိုလို့ အခုထိ အမှုမပြီးပြတ်နိုင်သေးဘူး။ အခုတော့ ကျနော်လည်း တရားခံလိုဖြစ်နေတော့ မြေကွက်ချထားရေး ကိစ္စမှာ ဘာမှပြောစရာမရှိဘူး” လို့ပြောပါတယ်။

သတင်း-တွီဒိမ်း

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္အတြင္း ၁၀ ႏွစ္၊ ႏွစ္ ၂၀ ေနထိုင္ခဲ့ၿပီး ေနစရာအိမ္မရွိသူေတြအတြက္ ဇူလိုင္ ၁ ရက္ေန႔မွာ အိမ္ေနရာေျမကြက္ေတြ မဲႏႈိက္စနစ္နဲ႔ ခ်ထားေပးမယ္လို႔ ဟားခါးၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒ ဦးငြန္ဗုန္းက ေျပာပါတယ္။

ေျမဧရိယာ ၆၇၆ ဧကအတြင္း ေျမကြက္ေတြကို ပထမ၊ ဒုတိယ၊ တတိယ စသျဖင့္ အဆင့္ ၃ ဆင့္ခြဲကာ မဲႏႈိက္ခ်ထားေပးမွာ ျဖစ္ၿပီး ပထမအဆင့္ ေျမကြက္ ၁ ေပ ပတ္လည္ကို က်ပ္ေငြ ၁၅၀၀၊ ဒုတိယအဆင့္ကို က်ပ္ေငြ ၉၀၀ နဲ႔ တတိယအဆင့္ကို ၅၀၀ က်ပ္ စသျဖင့္ ေစ်းႏႈန္းသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ေျမကြက္ေပါင္း ၈၀၀ ေလာက္အထဲက အစိုးရအေဆာက္အဦ၊ ဘာသာေရးအေဆာက္အဦေတြအတြက္ခ်န္ထားၿပီး ေျမကြက္ ၅၉၂ ကြက္ကို မဲႏႈိက္စနစ္နဲ႔ အိမ္ေနရာခ်ထားဖို႔ရွိရာ ဇူလိုင္လ ၁ ရက္ေန႔ ဟားခါးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ မနက္ ၁၀ ကေန စတင္ မဲေဖာက္မွာျဖစ္ပါတယ္။

အခုေျမကြက္ခ်ထားမယ့္ ေနရာဟာ ၂၀၁၉ ၾသဂုတ္လက အစိုးရအေနနဲ႔ လ်ာထားတဲ့ ၿမိဳ႕သစ္စီမံကိန္းေနရာျဖစ္ၿပီး ဒီေနရာမွာ က်ဴးေက်ာ္အိမ္ေတြ ေဆာက္လုပ္တာျဖစ္တယ္လို႔ဆိုကာ လူေနအိမ္ ၁၀၀ ေက်ာ္ကို ျပည္နယ္အစိုးရက ဖ်က္ဆီးခဲ့တဲ့ေနရာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေနရာအတြင္း ေျမေနရာအလြဲသုံးစားလုပ္မႈနဲ႔ စြပ္စြဲၿပီး လူ ၆ ဦးကို အစိုးရက ပုဒ္မ-၆၁ နဲ႔ တရားစြဲထားပါတယ္။

တရားစြဲခံရသူတစ္ဦးျဖစ္တဲ့ ဦးဟရန္ကီးလ္ က “က်ေနာ္ကေတာ့ ဘာမွေျပာစရာ မရွိေတာ့ပါဘူး။ က်ေနာ္တို႔ အမႈလည္း တရားလိုဘက္က လိုအပ္ခ်က္ရွိေနတယ္ဆိုလို႔ အခုထိ အမႈမၿပီးျပတ္ႏိုင္ေသးဘူး။ အခုေတာ့ က်ေနာ္လည္း တရားခံလိုျဖစ္ေနေတာ့ ေျမကြက္ခ်ထားေရး ကိစၥမွာ ဘာမွေျပာစရာမရွိဘူး” လို႔ေျပာပါတယ္။

သတင္း-တြီဒိမ္း / DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here