သရုပ်ဆောင်မေသန်းနု ထောင်က လွတ်ပြီ

0
63

ငွေကြေးလိမ်လည်မှုနဲ့ ထောင်တစ်နှစ်ချမှတ်ခံထားရတဲ့ သရုပ်ဆောင်အကယ်ဒမီမေသန်းနုဟာ ဒီကနေ့ ဇူလိုင် ၁ ရက်မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

ဒါရိုက်တာစင်ရော်မောင်မောင်ကလည်း မေသန်းနု လွတ်ပြီဖြစ်ကြောင်းသူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

မေသန်းနုကို တရားလိုဒေါ်စန်းစန်းမြင့်က တိုက်ခန်းအတွက် စရန်ငွေ ကျပ်သိန်း ၄၀၀ လိမ်လည်ယူသွားတယ်ဆိုပြီး ရန်ကင်းမြို့နယ်တရားရုံးမှာ ၂၀၁၆ ခုနှစ်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုမှာ နှစ်ဖက် သက်သေ ၁၃ ဦးကို စစ်ဆေးပြီး ပြစ်မှုထင်ရှားတဲ့အတွက် ဒီနှစ် ဇန်နဝါရီ ၂ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ ထောင်တစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။နောက်ဆက်တွဲထပ်မံရရှိတဲ့သတင်းတွေရှိရင် ဘီဘီစီမြန်မာပိုင်းက ဆက်လက်တင်ဆက်ပေးပါမယ်။

ဓာတ်ပုံ-မေသန်းနုဖေ့စ်ဘွတ်ခ်

ေငြေၾကးလိမ္လည္မႈနဲ႔ ေထာင္တစ္ႏွစ္ခ်မွတ္ခံထားရတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီေမသန္းႏုဟာ ဒီကေန႔ ဇူလိုင္ ၁ ရက္မွာ အင္းစိန္ေထာင္ကေန ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္နဲ႔ နီးစပ္သူတစ္ဦးက ဘီဘီစီကိုအတည္ျပဳပါတယ္။

ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ကလည္း ေမသန္းႏု လြတ္ၿပီျဖစ္ေၾကာင္းသူ႔ရဲ႕ လူမႈကြန္ရက္ေဖ့စ္ဘြတ္မွာေရးသားထားပါတယ္။

ေမသန္းႏုကို တရားလိုေဒၚစန္းစန္းျမင့္က တိုက္ခန္းအတြက္ စရန္ေငြ က်ပ္သိန္း ၄၀၀ လိမ္လည္ယူသြားတယ္ဆိုၿပီး ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ ၂၀၁၆ ခုႏွစ္က တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီအမႈမွာ ႏွစ္ဖက္ သက္ေသ ၁၃ ဦးကို စစ္ေဆးၿပီး ျပစ္မႈထင္ရွားတဲ့အတြက္ ဒီႏွစ္ ဇန္နဝါရီ ၂ ရက္မွာ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ အရ ေထာင္တစ္ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ေနာက္ဆက္တြဲထပ္မံရရွိတဲ့သတင္းေတြရွိရင္ ဘီဘီစီျမန္မာပိုင္းက ဆက္လက္တင္ဆက္ေပးပါမယ္။

ဓာတ္ပုံ-ေမသန္းႏုေဖ့စ္ဘြတ္ခ္ / BBC Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here