TikTok အပါအဝင်တရုတ်အခြေစိုက် App (၅၉)ခုကိုအိန္ဒိယနိုင်ငံမှ တားဆီးပိတ်ပင်လိုက်ပြီ

0
48

အိန္ဒိယနိုင်ငံဟာ တရုတ်အခြေစိုက် App (၅၉)ခုကို နိုင်ငံအတွင်း အသုံးပြုမှုမှ တားဆီးပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ပိတ်ပင်တားဆီးလိုက်တဲ့ App တွေဟာ တကယ့် ဆိုရှယ်မီဒီယာမှာ လူအသုံးပြုမှု တွင်ကျယ်နေတဲ့ App တွေဖြစ်ပြီး၊ သက်ဆိုင်ရာ ကုမ္ပဏီတွေကတော့ နစ်နာမှုတွေ ကြုံရတော့မှာပါ။

ဒီဆုံးဖြတ်ချက်ဟာ တရုတ်-အိန္ဒိယ နယ်စပ်ပဋိပက္ခကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ကနဦးတုန်းက App (၅၈)ခုကိုသာ တားမြစ်ပိတ်ပင်ခဲ့တာဆိုပေမယ့် နောက် ထပ်တိုးတစ်ခုနဲ့ (၅၉)ခု ဖြစ်သွားခဲ့တာပါ။

တားမြစ်ပိတ်ပင်ခံရတဲ့ App တွေထဲမှာ TikTok အပါအဝင်၊ WeChat, Weibo, Shein, UC Browser, Youcam makeup, UC News, WeSync နဲ့ Baidu map တို့ ပါဝင်ပါတယ်။ အိန္ဒိယ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက အဲဒီ App တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့-

လုံခြုံရေးပိုင်း ကိစ္စရပ်တွေအတွက် စိုးရိမ်စရာဖြစ်ပြီး၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးကို ထိပါးစေနိုင်တဲ့ App တွေဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ပိတ်ပင်ခံရတဲ့ ကုမ္ပဏီတစ်ခုကတော့ သူတို့ဟာ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြောင်း၊ အိန္ဒိယရဲ့အခြေခံဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာတွေကို လိုက်နာပြီး၊ သတင်းအချက်လက် ရောင်းစားတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကတော့ ဆိုက်ဘာကျွမ်းကျင်သူတစ်ဦးက တရုတ်အခြေစိုက် TikTok App ဟာ စုံစမ်းထောက်လှမ်းခြင်းနဲ့၊ သတင်းအချက်အလက်ကို ရုံးချုပ်ကနေ ရယူနိုင်အောင် စီမံထားတဲ့ App တစ်ခုဖြစ်ကြောင်း၊ လူငယ်တွေရဲ့ဘဝကိုသာမက နိုင်ငံရဲ့လုံခြုံရေးတွေကိုပါ ကျိုးပေါက်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

အိႏၵိယႏုိင္ငံဟာ တ႐ုတ္အေျခစုိက္ App (၅၉)ခုကို ႏုိင္ငံအတြင္း အသုံးျပဳမႈမွ တားဆီးပိတ္ပင္လုိက္ၿပီ ျဖစ္ပါတယ္။ ပိတ္ပင္တားဆီးလုိက္တဲ့ App ေတြဟာ တကယ့္ ဆုိရွယ္မီဒီယာမွာ လူအသုံးျပဳမႈ တြင္က်ယ္ေနတဲ့ App ေတြျဖစ္ၿပီး၊ သက္ဆုိင္ရာ ကုမၸဏီေတြကေတာ့ နစ္နာမႈေတြ ႀကဳံရေတာ့မွာပါ။

ဒီဆုံးျဖတ္ခ်က္ဟာ တ႐ုတ္-အိႏၵိယ နယ္စပ္ပဋိပကၡကေန ထြက္ေပၚလာတဲ့ အက်ိဳးဆက္တစ္ခုျဖစ္ပါတယ္။ ကနဦးတုန္းက App (၅၈)ခုကုိသာ တားျမစ္ပိတ္ပင္ခဲ့တာဆုိေပမယ့္ ေနာက္ ထပ္တုိးတစ္ခုနဲ႔ (၅၉)ခု ျဖစ္သြားခဲ့တာပါ။

တားျမစ္ပိတ္ပင္ခံရတဲ့ App ေတြထဲမွာ TikTok အပါအဝင္၊ WeChat, Weibo, Shein, UC Browser, Youcam makeup, UC News, WeSync နဲ႔ Baidu map တုိ႔ ပါဝင္ပါတယ္။ အိႏၵိယ သတင္းအခ်က္အလက္နဲ႔ နည္းပညာဝန္ႀကီးဌာနက အဲဒီ App ေတြဟာ ႏုိင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔-

လုံၿခဳံေရးပိုင္း ကိစၥရပ္ေတြအတြက္ စုိးရိမ္စရာျဖစ္ၿပီး၊ ႏုိင္ငံေတာ္ကာကြယ္ေရးနဲ႔ ျပည္သူ႕လုံၿခဳံေရးကို ထိပါးေစႏုိင္တဲ့ App ေတြျဖစ္ေၾကာင္း သတ္မွတ္ခဲ့ပါတယ္။ ပိတ္ပင္ခံရတဲ့ ကုမၸဏီတစ္ခုကေတာ့ သူတုိ႔ဟာ ဘာအမွားအယြင္းမွ မလုပ္ခဲ့ေၾကာင္း၊ အိႏၵိယရဲ႕အေျခခံဥပေဒနဲ႔ က်င့္ဝတ္ဆုိင္ရာေတြကို လုိက္နာၿပီး၊ သတင္းအခ်က္လက္ ေရာင္းစားတာမ်ိဳးေတြ မလုပ္ခဲ့ဘူးလုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းကေတာ့ ဆုိက္ဘာကၽြမ္းက်င္သူတစ္ဦးက တ႐ုတ္အေျခစုိက္ TikTok App ဟာ စုံစမ္းေထာက္လွမ္းျခင္းနဲ႔၊ သတင္းအခ်က္အလက္ကို ႐ုံးခ်ဳပ္ကေန ရယူႏုိင္ေအာင္ စီမံထားတဲ့ App တစ္ခုျဖစ္ေၾကာင္း၊ လူငယ္ေတြရဲ႕ဘဝကိုသာမက ႏုိင္ငံရဲ႕လုံၿခဳံေရးေတြကုိပါ က်ိဳးေပါက္ေစႏုိင္တယ္လုိ႔ ေထာက္ျပခဲ့ပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here