Coca-Cola နဲ့ Unilever တို့က သပိတ်မှောက်လို့ ရှယ်ယာတန်ဖိုး ပေါင်(၄၅)ဘီလိယံအထိ ထိုးကျသွားတဲ့ Facebook

0
59

ကမ္ဘာကျော် လူမှုကွန်ရက်လုပ်ငန်းကြီး ဖြစ်တဲ့ Facebook ဟာ တင်းကျပ်တဲ့ ပေါ်လစီတွေ ထပ်မံပြဋ္ဌာန်းလိုက်တာကြောင့် အခုဆိုရင် အဓိက ကြော်ငြာထည့်ဝင်နေတဲ့ ကုမ္ပဏီတွေနဲ့ အခန်မသင့် ဖြစ်နေပြီး၊ သပိတ်မှောက်ခြင်းကို ခံနေရပါတယ်။

အဓိကအားဖြင့်တော့ Facebook က အမုန်းတရားကင်းစင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စည်းမျဉ်းအချို့ကို တင်းကျပ်ခဲ့ရာ၊ တစ်ချို့ကြော်ငြာကုမ္ပဏီတွေအတွက် အဆင်မပြေ ဖြစ်စေခဲ့ပါတယ်။ Coca-Cola ကတော့ ဒီအတွက် Facebook အပါအဝင် လူမှုကွန်ရက်အသီးသီးကို တစ်လကြာ သပိတ်မှောက်မှာလို့ သိရပါတယ်။

Unilever ကုမ္ပဏီကတော့ ဥရောပရဲ့ အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး၊ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Ben & Jerry’s နဲ့ Dove တို့ရဲ့ ဦးဆောင်ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ အခု တကယ် အခက်အခဲကြုံစေတာက ကြော်ညာတစ်ချို့ကို လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြော်ညာတွေကို ဖယ်ရှားမှုတွေ လုပ်ခဲ့တာပါ။

သို့သော်လည်း မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပို့စ်တစ်ခုဖြစ်တဲ့ Mail in ballots နည်းနဲ့ မဲပေးခြင်းဟာ မဲမသမာမှုကို ဖြစ်စေနိုင်တယ်ဆိုတဲ့ ပို့စ်ကိုတော့ ဖျက်ပစ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် Facebook ရဲ့ ထိပ်သီးပိုင်းရာထူး ရယူထားသူတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

Facebook ဟာ ထရမ့်ရဲ့ အမုန်းတရားပွားစေမယ့် ပို့စ်တွေကို လစ်လျှူရှုနေခဲ့သလို၊ အခြား လူမှုကွန်ရက်တွေမှာလည်း ဒီအတိုင်း ဘက်လိုက်မှုတွေ ရှိနေခဲ့တာလို့ ထိပ်သီးကြော်ငြာကုမ္ပဏီတွေက ယူဆခဲ့တာပါ။ ဒါကြောင့် အခု သပိတ်မှောက်မှုမှာသာ တခြားကုမ္ပဏီတွေ ပူပေါင်းခဲ့ရင်း Facebook အတွက် နစ်နာစေတော့မှာပါ။

ထိပ်စီးလုပ်ငန်းတချို့ကလည်း Facebook ရဲ့ လုပ်ဆောင်မှုတွေဟာ အာဏာရှင်ဆန်ပြီး၊ ဖျော်ဖြေရေးပုံစံနဲ့မတူဘဲ၊ ၎င်းတို့ရဲ့ အကျိုးအမြတ်ကိုသာ ကြည့်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်လာနေပြီလို့ ထောက်ပြဝေဖန်သူတွေလည်း ညံစီသွားခဲ့ပါတယ်။

ဇူကာဘက်ကတော့ သူ့ရဲ့ ပေါ်လစီပိုင်းကို ယုံကြည်မှုရှိနေပြီး၊ ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ မကြာသေးခင်က Republican National Committee ရဲ့ ဗွီဒီယိုကိုလည်း Graphic content သတ်မှတ်ခဲ့ပြီး၊ မကြာမီမှာ နိုင်ငံရေးသမားတွေနဲ့ စည်းမျဉ်းမညီတဲ့ ပို့စ်တွေအတွက် ဒီ Tool ကို လျှင်မြန်စွာ အသုံးချသွားမယ်လို့ ဆိုပါတယ်။

ဒီနည်းအားဖြင့် အသုံးပြုသူတွေကို စိတ်အနှောက်အယှက် မဖြစ်စေဖို့ ရည်ရွည်ပါသတဲ့။ သို့သော်လည်း ဝင်ငွေက ဝုန်းကနဲပြုတ်ကျသွားတာကြောင့် သူ့အနေနဲ့ မကြာခင် စီးပွားရေးသမားတွေအလိုကျ ပြန်လိုက်လျှောရဖို့ရှိနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ကမာၻေက်ာ္ လူမႈကြန္ရက္လုပ္ငန္းႀကီး ျဖစ္တဲ့ Facebook ဟာ တင္းက်ပ္တဲ့ ေပၚလစီေတြ ထပ္မံျပ႒ာန္းလုိက္တာေၾကာင့္ အခုဆုိရင္ အဓိက ေၾကာ္ျငာထည့္ဝင္ေနတဲ့ ကုမၸဏီေတြနဲ႔ အခန္မသင့္ ျဖစ္ေနၿပီး၊ သပိတ္ေမွာက္ျခင္းကို ခံေနရပါတယ္။

အဓိကအားျဖင့္ေတာ့ Facebook က အမုန္းတရားကင္းစင္ေစဖုိ႔ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ စည္းမ်ဥ္းအခ်ိဳ႕ကုိ တင္းက်ပ္ခဲ့ရာ၊ တစ္ခ်ိဳ႕ေၾကာ္ျငာကုမၸဏီေတြအတြက္ အဆင္မေျပ ျဖစ္ေစခဲ့ပါတယ္။ Coca-Cola ကေတာ့ ဒီအတြက္ Facebook အပါအဝင္ လူမႈကြန္ရက္အသီးသီးကို တစ္လၾကာ သပိတ္ေမွာက္မွာလုိ႔ သိရပါတယ္။

Unilever ကုမၸဏီကေတာ့ ဥေရာပရဲ႕ အႀကီးဆုံးကုမၸဏီေတြထဲက တစ္ခုျဖစ္ၿပီး၊ ကမာၻေက်ာ္ ကုန္အမွတ္တံဆိပ္ေတြျဖစ္တဲ့ Ben & Jerry’s နဲ႔ Dove တုိ႔ရဲ႕ ဦးေဆာင္ကုမၸဏီႀကီးလည္း ျဖစ္ပါတယ္။ အခု တကယ္ အခက္အခဲႀကံဳေစတာက ေၾကာ္ညာတစ္ခ်ိဳ႕ကို လူမ်ိဳးေရးခြဲျခားတယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ေၾကာ္ညာေတြကို ဖယ္ရွားမႈေတြ လုပ္ခဲ့တာပါ။

သုိ႔ေသာ္လည္း မၾကာေသးမီက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ပုိ႔စ္တစ္ခုျဖစ္တဲ့ Mail in ballots နည္းနဲ႔ မဲေပးျခင္းဟာ မဲမသမာမႈကို ျဖစ္ေစႏုိင္တယ္ဆုိတဲ့ ပုိ႔စ္ကိုေတာ့ ဖ်က္ပစ္ဖုိ႔ ျငင္းဆန္ခဲ့တာေၾကာင့္ Facebook ရဲ႕ ထိပ္သီးပုိင္းရာထူး ရယူထားသူေတြနဲ႔ သေဘာထားကြဲလြဲမႈေတြ ရွိခဲ့ပါတယ္။

Facebook ဟာ ထရမ့္ရဲ႕ အမုန္းတရားပြားေစမယ့္ ပုိ႔စ္ေတြကို လစ္လွ်ဴ႐ႈေနခဲ့သလုိ၊ အျခား လူမႈကြန္ရက္ေတြမွာလည္း ဒီအတုိင္း ဘက္လုိက္မႈေတြ ရွိေနခဲ့တာလုိ႔ ထိပ္သီးေၾကာ္ျငာကုမၸဏီေတြက ယူဆခဲ့တာပါ။ ဒါေၾကာင့္ အခု သပိတ္ေမွာက္မႈမွာသာ တျခားကုမၸဏီေတြ ပူေပါင္းခဲ့ရင္း Facebook အတြက္ နစ္နာေစေတာ့မွာပါ။

ထိပ္စီးလုပ္ငန္းတခ်ိဳ႕ကလည္း Facebook ရဲ႕ လုပ္ေဆာင္မႈေတြဟာ အာဏာရွင္ဆန္ၿပီး၊ ေဖ်ာ္ေျဖေရးပုံစံနဲ႔မတူဘဲ၊ ၎တုိ႔ရဲ႕ အက်ိဳးအျမတ္ကိုသာ ၾကည့္ေနတဲ့ လုပ္ငန္းတစ္ခုျဖစ္လာေနၿပီလုိ႔ ေထာက္ျပေဝဖန္သူေတြလည္း ညံစီသြားခဲ့ပါတယ္။

ဇူကာဘက္ကေတာ့ သူ႕ရဲ႕ ေပၚလစီပိုင္းကို ယုံၾကည္မႈရွိေနၿပီး၊ ေျပာင္းလဲဖုိ႔ အစီအစဥ္မရွိဘူးလုိ႔ ဆုိပါတယ္။ မၾကာေသးခင္က Republican National Committee ရဲ႕ ဗြီဒီယုိကိုလည္း Graphic content သတ္မွတ္ခဲ့ၿပီး၊ မၾကာမီမွာ ႏုိင္ငံေရးသမားေတြနဲ႔ စည္းမ်ဥ္းမညီတဲ့ ပုိ႔စ္ေတြအတြက္ ဒီ Tool ကုိ လွ်င္ျမန္စြာ အသုံးခ်သြားမယ္လုိ႔ ဆုိပါတယ္။

ဒီနည္းအားျဖင့္ အသုံးျပဳသူေတြကုိ စိတ္အေႏွာက္အယွက္ မျဖစ္ေစဖုိ႔ ရည္ရြည္ပါသတဲ့။ သုိ႔ေသာ္လည္း ဝင္ေငြက ဝုန္းကနဲျပဳတ္က်သြားတာေၾကာင့္ သူ႕အေနနဲ႔ မၾကာခင္ စီးပြားေရးသမားေတြအလုိက် ျပန္လုိက္ေလွ်ာရဖုိ႔ရွိေနပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here