အိန္ဒိယနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ၄၁၇ ဦးသေဆုံး

0
57

အိန္ဒိယနိုင်ငံမှာ ဇွန် ၂၉ ရက်နေ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၈,၃၃၉ ဦးနဲ့ သေဆုံးသူ ၄၁၇ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၈ ရက်နေ့ကလည်း ကူးစက်ခံရသူ ၁၉၆၂၀ ဦးနဲ့ သေဆုံးသူ ၃၈၄ ဦးရှိခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၅၆၇,၅၃၆ ဦးနဲ့ သေဆုံးသူ ၁၆၉၀၄ ဦးထိ ရှိလာပြီလို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၂၈ ရက်နေ့ အတည်ပြုလူနာ နှစ်သောင်းနီးပါး တွေ့ရှိမှုဟာ နိုင်ငံမှာ အခုအချိန်အထိ တရက်တည်း အများဆုံး တွေ့ရှိရမှုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေအဆိုအရ ကျန်းမာရေးပြန်ကောင်းလာလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်သူလူနာကလည်း ၃၀၉၇၁၃ ဦး ရှိထားတယ်လို့ သိရပါတယ်။

မဟာရတ်ရှ်ထရာ ပြည်နယ်က လူနာအများဆုံးတွေ့ရတာဖြစ်ပြီး ၁၅၉၁၃၃ ဦး ရှိပါတယ်။ ဒေလီနဲ့ တမီလ်နာဒူး တို့မှာလည်း အတည်ပြုလူနာ ၈၀,၀၀၀ ဝန်းကျင်တွေ့ထားတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးဒဏ် အထိခိုက်ဆုံးဖြစ်ခဲ့တဲ့ မဟာရာသျှတရ ပြည်နယ်မှာတော့ အားကစားခန်းမတွေနဲ့ ဆံသဆိုင်တွေကို ဇွန် ၂၈ က ပြန်ဖွင့်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးအချက် အချာဖြစ်တဲ့ မွန်ဘိုင်းမြို့တည်ရှိရာ ဒီပြည်နယ်ဟာ တနိုင်ငံလုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေတာပါ။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီး၊ ရုရှားတို့ပြီးနောက် ကမ္ဘာ့စတုတ္ထမြောက် ကိုဗစ်-၁၉ ကပ်ဘေးဒဏ် အခံရဆုံးနိုင်ငံဖြစ်ပါတယ်။

DVB TV News

အိႏၵိယႏိုင္ငံမွာ ဇြန္ ၂၉ ရက္ေန႔ ၂၄ နာရီအတြင္း ကိုဗစ္-၁၉ အတည္ျပဳလူနာဦးေရ ၁၈,၃၃၉ ဦးနဲ႔ ေသဆုံးသူ ၄၁၇ ဦးရွိခဲ့တယ္လို႔ သိရပါတယ္။

ဇြန္ ၂၈ ရက္ေန႔ကလည္း ကူးစက္ခံရသူ ၁၉၆၂၀ ဦးနဲ႔ ေသဆုံးသူ ၃၈၄ ဦးရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ အိႏၵိယႏိုင္ငံမွာ ဒီေန႔မနက္ပိုင္းအထိ အတည္ျပဳလူနာ ၅၆၇,၅၃၆ ဦးနဲ႔ ေသဆုံးသူ ၁၆၉၀၄ ဦးထိ ရွိလာၿပီလို႔ worldometers ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ဇြန္ ၂၈ ရက္ေန႔ အတည္ျပဳလူနာ ႏွစ္ေသာင္းနီးပါး ေတြ႕ရွိမႈဟာ ႏိုင္ငံမွာ အခုအခ်ိန္အထိ တရက္တည္း အမ်ားဆုံး ေတြ႕ရွိရမႈလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ က်န္းမာေရးဌာန တာဝန္ရွိသူေတြအဆိုအရ က်န္းမာေရးျပန္ေကာင္းလာလို႔ ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္သူလူနာကလည္း ၃၀၉၇၁၃ ဦး ရွိထားတယ္လို႔ သိရပါတယ္။

မဟာရတ္ရွ္ထရာ ျပည္နယ္က လူနာအမ်ားဆုံးေတြ႕ရတာျဖစ္ၿပီး ၁၅၉၁၃၃ ဦး ရွိပါတယ္။ ေဒလီနဲ႔ တမီလ္နာဒူး တို႔မွာလည္း အတည္ျပဳလူနာ ၈၀,၀၀၀ ဝန္းက်င္ေတြ႕ထားတာလို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္-၁၉ ကပ္ေဘးဒဏ္ အထိခိုက္ဆုံးျဖစ္ခဲ့တဲ့ မဟာရာသွ်တရ ျပည္နယ္မွာေတာ့ အားကစားခန္းမေတြနဲ႔ ဆံသဆိုင္ေတြကို ဇြန္ ၂၈ က ျပန္ဖြင့္ခဲ့ပါတယ္။ အိႏၵိယရဲ႕ ဘ႑ာေရးအခ်က္ အခ်ာျဖစ္တဲ့ မြန္ဘိုင္းၿမိဳ႕တည္ရွိရာ ဒီျပည္နယ္ဟာ တႏိုင္ငံလုံး ကိုဗစ္-၁၉ ျဖစ္ပြားမႈရဲ႕ ၂၅ ရာခိုင္ႏႈန္း ရွိေနတာပါ။

လူဦးေရ ၁ ဒသမ ၃ ဘီလီယံရွိတဲ့ အိႏၵိယဟာ အေမရိကန္၊ ဘရာဇီး၊ ႐ုရွားတို႔ၿပီးေနာက္ ကမာၻ႔စတုတၳေျမာက္ ကိုဗစ္-၁၉ ကပ္ေဘးဒဏ္ အခံရဆုံးႏိုင္ငံျဖစ္ပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here