အင်တာနက်သုံးရဖို့ ပေ နှစ်ရာခန့်မြင့်တဲ့ တောင်ထိပ်ပေါ် တက်ရသူများ

0
44

ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့မှာ အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ကျော်သွားပါပြီ။အဲဒီထဲမှာ ကိုဗစ်ပိုးတွေ့လူနာရှိနေတဲ့ ဘူးသီးတောင်မြို့နယ်လည်းပါဝင်ပါတယ်။

ဘူးသီးတောင်က ဒေသခံလူငယ်တချို့ဟာ အင်တာနက်သုံးခွင့်ရဖို့ ပေ နှစ်ရာ နီးပါးမြင့်တဲ့တောင်ထိပ်တွေ ၊ ဘုရားပုထိုးကုန်းတွေပေါ်ထိ ခက်ခက်ခဲခဲတက်ရောက်ပြီး လိုင်းမိတဲ့နေရာမှာ အင်တာနက် သုံးနေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ် ၊ သံတွဲ ၊ စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာတွေ့ရှိကြောင်း အစိုးရက ထုတ်ပြန်ထားခဲ့ပြီး အဲဒီထဲမှာ ဘူးသီးတောင်မြို့နယ် ဟာ အင်တာနက်အပိတ်ခံထားရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အများစုနဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ ာအစိုးရက အင်တာနက်ပိတ်ထားတာဟာ ဇွန်လ ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပြီး ဒေသခံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ စစ်ဘေးရှောင်သောင်းချီရှိတဲ့မြို့တစ်မြို့ဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာရှိတာမို့ အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေကြတယ်။

ဓာတ်ပုံ-Kaung Mrat Naing / MPA/BBC Burmese

ရခိုင္ျပည္နယ္တြင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္ျဖတ္ေတာက္ထားတာ တစ္ႏွစ္ေက်ာ္သြားပါၿပီ။အဲဒီထဲမွာ ကိုဗစ္ပိုးေတြ႕လူနာရွိေနတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္လည္းပါဝင္ပါတယ္။

ဘူးသီးေတာင္က ေဒသခံလူငယ္တခ်ိဳ႕ဟာ အင္တာနက္သုံးခြင့္ရဖို႔ ေပ ႏွစ္ရာ နီးပါးျမင့္တဲ့ေတာင္ထိပ္ေတြ ၊ ဘုရားပုထိုးကုန္းေတြေပၚထိ ခက္ခက္ခဲခဲတက္ေရာက္ၿပီး လိုင္းမိတဲ့ေနရာမွာ အင္တာနက္ သုံးေနၾကရပါတယ္။

ရခိုင္ျပည္နယ္အတြင္း ေတာင္ကုတ္ ၊ သံတြဲ ၊ စစ္ေတြ၊ ေမာင္ေတာနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္တို႔မွာ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာေတြ႕ရွိေၾကာင္း အစိုးရက ထုတ္ျပန္ထားခဲ့ၿပီး အဲဒီထဲမွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ဟာ အင္တာနက္အပိတ္ခံထားရတာျဖစ္ပါတယ္။

 

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္အမ်ားစုနဲ႔ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွ ာအစိုးရက အင္တာနက္ပိတ္ထားတာဟာ ဇြန္လ ၂၁ ရက္ေန႔မွာ တစ္ႏွစ္ျပည့္ခဲ့ၿပီး ေဒသခံမ်ားအပါအဝင္ ႏိုင္ငံတကာအသိုက္အဝန္းက အင္တာနက္ျပန္လည္ဖြင့္ေပးဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုထားပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ဟာ စစ္ေဘးေရွာင္ေသာင္းခ်ီရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕လူနာရွိတာမို႔ အစိုးရအေနနဲ႔ အင္တာနက္ျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုမႈေတြလည္း ရွိေနၾကတယ္။

ဓာတ္ပုံ-Kaung Mrat Naing / MPA/BBC Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here