ဝေါမြို့နယ်တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး ကားတိုက်ခံရပြီးသေဆုံး

0
49

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးက ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးဦးဟာ ဇြန္ ၂၉ ရက္ ည ၁၁ နာရီေက်ာ္က ေဝါၿမိဳ႕ ခ်မ္းျမသာစည္ရပ္ကြက္အနီး ရန္ကုန္-ေမာ္လၿမိဳင္သြား ကားလမ္းမွာ ကားတိုက္ခံရၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားတယ္လို႔ ေဝါၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက သိရပါတယ္။

ေဝါၿမိဳ႕ ေဒသခံ ဦးမ်ိဳးျမတ္က “အဲဒီညက ထမင္းေၾကာ္ စားဖို႔ဆိုၿပီး ၀န္ထမ္းတစ္ေယာက္နဲ႔အတူ WINNER စားေသာက္ဆိုင္ကို ဆိုင္ကယ္နဲ႔ သြားတယ္။ ဆိုင္ကယ္ကို ကားလမ္းရဲ႕ ယာဘက္မွာရပ္ခဲ့ၿပီး ကားလမ္းကူးသြားေနတုန္း မွန္လုံကားတစ္စီးက ၀င္တိုက္သြားတာပဲ ကားကေတာ့ ထြက္ေျပးသြားတယ္”လို႔ ေျပာပါတယ္။

ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးဦးက ေဝါၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္းမွာ ေနထိုင္ၿပီး အမ်ိဳးသမီးက ေနျပည္ေတာ္မွာေနထိုင္ပါတယ္။

ေဝါၿမိဳ႕မရဲစခန္းကေတာ့ ထြက္ေျပးသြားတဲ့ယာဥ္နဲ႔ ယာဥ္ေမာင္းကို ဖမ္းဆီးရမိေရးအတြက္ ၿမိဳ႕အ၀င္အထြက္က CCTV မွတ္တမ္းေတြကေနတဆင့္ စုံစမ္းရွာေဖြေနပါတယ္။

ေအာင္စိုးမိုး  / DVB TV News

ပဲခူးတိုင်း၊ ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးဟာ ဇွန် ၂၉ ရက် ည ၁၁ နာရီကျော်က ဝေါမြို့ ချမ်းမြသာစည်ရပ်ကွက်အနီး ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဝေါမြို့နယ် မြို့မရဲစခန်းက သိရပါတယ်။

ဝေါမြို့ ဒေသခံ ဦးမျိုးမြတ်က “အဲဒီညက ထမင်းကြော် စားဖို့ဆိုပြီး ၀န်ထမ်းတစ်ယောက်နဲ့အတူ WINNER စားသောက်ဆိုင်ကို ဆိုင်ကယ်နဲ့ သွားတယ်။ ဆိုင်ကယ်ကို ကားလမ်းရဲ့ ယာဘက်မှာရပ်ခဲ့ပြီး ကားလမ်းကူးသွားနေတုန်း မှန်လုံကားတစ်စီးက ၀င်တိုက်သွားတာပဲ ကားကတော့ ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။

ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းမှာ နေထိုင်ပြီး အမျိုးသမီးက နေပြည်တော်မှာနေထိုင်ပါတယ်။

ဝေါမြို့မရဲစခန်းကတော့ ထွက်ပြေးသွားတဲ့ယာဉ်နဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် မြို့အ၀င်အထွက်က CCTV မှတ်တမ်းတွေကနေတဆင့် စုံစမ်းရှာဖွေနေပါတယ်။

အောင်စိုးမိုး  / DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here