အသက် ၉ နှစ်အရွယ်သမီးငယ်မိကျောင်းဆွဲခံရ

0
71

ဧရာဝတီတိုင္း၊ ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕နယ္၊ ဂရမ္းေက်း႐ြာအုပ္စု၊ ႐ြာသစ္ေက်း႐ြာမွာ ဇြန္လ ၂၉ ရက္ မနက္အေစာပိုင္းက အသက္ ၉ ႏွစ္အ႐ြယ္ သမီးေလးကေလး တစ္ဦး မိေက်ာင္းဆြဲခံရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

အသက္ ၉ ႏွစ္အ႐ြယ္ရွိ မယမင္းမွာ အဘြားျဖစ္သူနဲ႔ ေနအိမ္နဲ႔ ၉ ေပခန႔္အကြာ ေရေျမာင္း အတြင္း ေရခ်ိဳးေနစဥ္ အလ်ား ၁၀ ေတာင္ခန႔္ရွိ မိေက်ာင္းက ကေလးမေလးကို ကိုက္ဆြဲယူသြားတာလို႔ သိရပါတယ္။

မိေက်ာင္းအဆြဲခံရေနခ်ိန္မွာ အဖြားျဖစ္သူက ကေလးအားဆြဲၿပီး ေအာ္ဟစ္အကူညီေတာင္းခံခဲ့ရာမွ မယမင္းရဲ႕ အေဖနဲ႔ အဘိုးတို႔ လာေရာက္ကူဆြဲခဲ့တာေၾကာင့္ မိေက်ာင္းဆြဲခံရမႈမွ ကေလးငယ္ လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီ မိေခ်ာင္းဆြဲခံရတာေၾကာင့္ ကေလးမွာ ဘယ္လက္ဖ်ံ႐ိုးက်ိဳး ျပတ္ရွဒဏ္ရာေတြ ရရွိၿပီး ဘိုကေလးေဆး႐ုံမွာ တက္ေရာက္ေဆးကုသခံေနရပါတယ္။

ဘိုကေလးၿမိဳ႕နယ္အတြင္းရွိ မိုးရာသီေရာက္လာရင္ မိေက်ာင္းအကိုက္ခံရမႈေတြ၊ မိေက်ာင္းအဆြဲခံရမႈျဖစ္စဥ္ေတြရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၈ ရက္ ညေနပိုင္းကလည္း ေခ်ာင္းၿဗဲႀကီးေက်း႐ြာအုပ္စု၊ ေလွလုံးကြဲေက်း႐ြာမွာ အမ်ိဳးသား တစ္ဦး မိေက်ာင္းဆြဲခံရလို႔ ဒဏ္ရာရသြားပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း ဘိုကေလးၿမိဳ႕နယ္အတြင္းမွာေတာ့ မိေက်ာင္းဆြဲခံရမႈဟာ ပထမဦးဆုံးျဖစ္တယ္လို႔ ဘိုကေလးၿမိဳ႕နယ္ ေဒသခံေတြက ေျပာပါတယ္။

သတင္း-ေက်ာ္စိုးမိုး DVB TV News

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းက အသက် ၉ နှစ်အရွယ် သမီးလေးကလေး တစ်ဦး မိကျောင်းဆွဲခံရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၉ နှစ်အရွယ်ရှိ မယမင်းမှာ အဘွားဖြစ်သူနဲ့ နေအိမ်နဲ့ ၉ ပေခန့်အကွာ ရေမြောင်း အတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ မိကျောင်းက ကလေးမလေးကို ကိုက်ဆွဲယူသွားတာလို့ သိရပါတယ်။

မိကျောင်းအဆွဲခံရနေချိန်မှာ အဖွားဖြစ်သူက ကလေးအားဆွဲပြီး အော်ဟစ်အကူညီတောင်းခံခဲ့ရာမှ မယမင်းရဲ့ အဖေနဲ့ အဘိုးတို့ လာရောက်ကူဆွဲခဲ့တာကြောင့် မိကျောင်းဆွဲခံရမှုမှ ကလေးငယ် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မိချောင်းဆွဲခံရတာကြောင့် ကလေးမှာ ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒဏ်ရာတွေ ရရှိပြီး ဘိုကလေးဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရပါတယ်။

ဘိုကလေးမြို့နယ်အတွင်းရှိ မိုးရာသီရောက်လာရင် မိကျောင်းအကိုက်ခံရမှုတွေ၊ မိကျောင်းအဆွဲခံရမှုဖြစ်စဉ်တွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက် ညနေပိုင်းကလည်း ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာမှာ အမျိုးသား တစ်ဦး မိကျောင်းဆွဲခံရလို့ ဒဏ်ရာရသွားပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ဘိုကလေးမြို့နယ်အတွင်းမှာတော့ မိကျောင်းဆွဲခံရမှုဟာ ပထမဦးဆုံးဖြစ်တယ်လို့ ဘိုကလေးမြို့နယ် ဒေသခံတွေက ပြောပါတယ်။

သတင်း-ကျော်စိုးမိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here