ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံရေးမှာ ပါဝင်ဖို့စဉ်းစားနေ

0
85

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့်ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ရုရှားသတင်းဌာနတခုကို ပြောဆိုခဲ့ပါတယ်။ Arguments and Facts သတင်းဌာနနဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လာမယ့် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီး ဆက်လက်လုပ်ကိုင်မှာ ဖြစ်ကြောင်းနဲ့ သူ့မှာ အနှစ် ၄ဝ ကျော်ကြာ စစ်ရေးနဲ့ နိုင်ငံရေးအတွေ့အကြုံတွေရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်က ဘယ်တော့ အနားယူမှာလဲဆိုတဲ့ မေးခွန်းကိုတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့အခါ တပ်မတော်က သူ့ရဲ့ လမ်းကြောင်းအတိုင်း သွားဖို့ရှိပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားခဲ့ပါတယ်။

————–

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္က လာမယ့္ေရြးေကာက္ပြဲအၿပီး ျမန္မာ့နိုင္ငံေရးမွာ ပါဝင္လုပ္ေဆာင္ဖို႔ စဥ္းစားမယ္လို႔ ႐ုရွားသတင္းဌာနတခုကို ေျပာဆိုခဲ့ပါတယ္။ Arguments and Facts သတင္းဌာနနဲ႔ ဇြန္လ ၂၃ ရက္ေန႔က ေတြ႕ဆုံေမးျမန္းရာမွာ အခုလို ေျပာၾကားခဲ့တာျဖစ္တယ္လို႔ သူ႔ရဲ့ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

လာမယ့္ ေရြးေကာက္ပြဲၿပီးတဲ့အခ်ိန္မွာ ျပည္သူေတြရဲ့ ဆႏၵအေပၚမူတည္ၿပီး ဆက္လက္လုပ္ကိုင္မွာ ျဖစ္ေၾကာင္းနဲ႔ သူ႔မွာ အႏွစ္ ၄ဝ ေက်ာ္ၾကာ စစ္ေရးနဲ႔ နိုင္ငံေရးအေတြ႕အၾကဳံေတြရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တပ္မေတာ္သားကိုယ္စားလွယ္ေတြ လႊတ္ေတာ္က ဘယ္ေတာ့ အနားယူမွာလဲဆိုတဲ့ ေမးခြန္းကိုေတာ့ ျမန္မာျပည္ရဲ့ နိုင္ငံေရးတည္ၿငိမ္မွုရွိတဲ့အခါ တပ္မေတာ္က သူ႔ရဲ့ လမ္းေၾကာင္းအတိုင္း သြားဖို႔ရွိပါတယ္လို႔ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္က ေျဖၾကားခဲ့ပါတယ္။

RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here