သမ္မတဒေါ်နယ်ထရမ့်နှင့် အပေါင်းအပါ ၃၅ ဦးကို အီရန်အစိုးရကဖမ်းဝရမ်းထုတ်

0
113

အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီကို သတ္ျဖတ္မႈအတြက္ အီရန္ အစိုးရက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ အေပါင္းအပါ ၃၅ ေယာက္ကို ဖမ္းဝရမ္းထုတ္လိုက္ပါတယ္။

ဖမ္းဝရမ္းေတြကို အီရန္အစိုးရေရွ႕ေန အလီအယ္လ္ကာစီမီဟာက ေၾကညာၿပီး ႏိုင္ငံတကာ ရဲတပ္ဖြဲ႕ဆီမွာ အကူအညီေတာင္းခဲ့တယ္လို႔ အီရန္အေျခစိုက္ ဖွားသတင္းဌာနက ေဖာ္ျပပါတယ္။

ဝရမ္းကို လူသတ္မႈနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ ထုတ္ထားတာလို႔လည္း အီရန္ အစိုးရေရွ႕ေနက ေျပာပါတယ္။

ဒါဟာ ဝါဒျဖန႔္ခ်ိေရး စြန႔္စားခန္းတရပ္သာ ျဖစ္တယ္လို႔ အီရန္ႏိုင္ငံဆိုင္ရာ အေမရိကန္ အထူးသံတမန္က ဇြန္ ၂၉ ရက္မွာ ေျပာပါတယ္။

“ဒါဟာ ႏိုင္ငံေရး သေဘာသဘာဝပါပဲ။ ႏိုင္ငံေတာ္လုံၿခဳံေရး၊ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး၊ ဒါမွမဟုတ္ တည္ၿငိမ္မႈျမႇင့္တင္ေရးေတြနဲ႔ ဘာမွ မပတ္သက္ဘူး။ ဒါဟာ ဘယ္သူမွ အေရးတယူ လုပ္မွာ မဟုတ္တဲ့ ဝါဒျဖန႔္ စတန႔္ထြင္မႈတရပ္ပဲ”လို႔ ေဆာ္ဒီအာေရဗ် ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ဒီဝရမ္းထုတ္တာနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရကေရာ အင္တာပိုကပါ ပယ္ခ်ခဲ့ပါတယ္။

အေမရိကန္ဟာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ အထူးတပ္ဖြဲ႕ျဖစ္တဲ့ ကာ့ဒ္စ္တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆူေလမာနီကို အီရတ္ႏိုင္ငံအတြင္း ဇန္နဝါရီ ၃ ရက္က ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္ သတ္ျဖတ္ခဲ့ပါတယ္။

ဆူေလမာနီဟာ အီရန္နဲ႔ မဟာမိတ္ ျပည္သူ႔စစ္ေတြက အေမရိကန္တပ္ေတြကို ေဒသတြင္းမွာ တိုက္ခိုက္မႈေတြရဲ႕ ေနာက္ကြယ္က ႀကိဳးကိုင္သူလို႔ အေမရိကန္က စြပ္စြဲထားပါတယ္။

DVB TV News

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို သတ်ဖြတ်မှုအတွက် အီရန် အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အပေါင်းအပါ ၃၅ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဖမ်းဝရမ်းတွေကို အီရန်အစိုးရရှေ့နေ အလီအယ်လ်ကာစီမီဟာက ကြေညာပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ဆီမှာ အကူအညီတောင်းခဲ့တယ်လို့ အီရန်အခြေစိုက် ဖှားသတင်းဌာနက ဖော်ပြပါတယ်။

ဝရမ်းကို လူသတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ထုတ်ထားတာလို့လည်း အီရန် အစိုးရရှေ့နေက ပြောပါတယ်။

ဒါဟာ ဝါဒဖြန့်ချိရေး စွန့်စားခန်းတရပ်သာ ဖြစ်တယ်လို့ အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

“ဒါဟာ နိုင်ငံရေး သဘောသဘာဝပါပဲ။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဒါမှမဟုတ် တည်ငြိမ်မှုမြှင့်တင်ရေးတွေနဲ့ ဘာမှ မပတ်သက်ဘူး။ ဒါဟာ ဘယ်သူမှ အရေးတယူ လုပ်မှာ မဟုတ်တဲ့ ဝါဒဖြန့် စတန့်ထွင်မှုတရပ်ပဲ”လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကရော အင်တာပိုကပါ ပယ်ချခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်တော်လှန်ရေး အစောင့်တပ် အထူးတပ်ဖွဲ့ဖြစ်တဲ့ ကာ့ဒ်စ်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို အီရတ်နိုင်ငံအတွင်း ဇန်နဝါရီ ၃ ရက်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက် သတ်ဖြတ်ခဲ့ပါတယ်။

ဆူလေမာနီဟာ အီရန်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေက အမေရိကန်တပ်တွေကို ဒေသတွင်းမှာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ အမေရိကန်က စွပ်စွဲထားပါတယ်။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here