အိန္ဒိယမင်္ဂလာပွဲတစ်ခုမှာ လူ(၉၅)ဦးအထိ ကိုဗစ်ကူးစက်၊ မင်္ဂလာဆောင်ပြီး နှစ်ရက်အကြာမှာ သတို့သားသေဆုံး

0
81

အိန္ဒိယနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ လူ(၉၅)ဦးအထိ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး၊ သတို့သားအသစ်စက်စက်လေးမှာလည်း မင်္ဂလာဆောင်ပြီး နောက်ထပ်(၂)ရက်အကြာမှာ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ သတို့သားအမည်ကိုတော့ ဖော်ပြခြင်းမရှိဘဲ၊ အသက်(၃၇)နှစ်ပါ။

အိန္ဒိယမှာယ လူစုလူဝေးနဲ့ ကျင်းပပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို တင်းကျပ်စွာ ပိတ်ပင်တားဆီးထားဆဲ ဖြစ်ပါတယ်။ သို့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘယ်လောက်ပဲ ပိတ်ပင်ထားလင့်ကစား ကြိုကြားကြိုကြား ပွဲလေးတွေ နေရာအနှံ့မှာ ရှိနေပါတယ်။

တစ်ချို့ပွဲတွေဆို လူ ထောင်ဂဏန်းလောက်အထိ တက်ရောက်တာမျိုးူ ရှိတယ်လို့ သိရပါတယ်။ အခု Gutugram မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ သတို့သားဟာ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ သူရဲ့မင်္ဂလာပွဲကို လူ(၂၀၀)ကျော် တက်ရောက်ခဲ့တာမို့ တက်ရောက်သူတွေအကုန် Q ဝင်ဖို့ သက်ဆိုင်ရာက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးစဉ်မှာ သတို့သားအပါအဝင် လူ(၉၅)ဦးမှာ ကိုဗစ်ကူးစက်ခံထားရပြီး၊ သတို့သမီးကတော့ ကိုဗစ်ကူးစက်ခံထားရတဲ့ လက္ခဏာကို မတွေ့ရသေးဘူးလို့ သိရပါတယ်။ သတို့သားကတော့ မင်္ဂလာပွဲ ကျင်းပနေဆဲမှာပင် ကိုဗစ်လက္ခဏာတွေ ပြခဲ့ပြီး၊ ကိုယ်လက်မအီမသာနဲ့ အစားအစာ စားလို့မဝင်ဘူးလို့ အသိတစ်ဦးက ပြောပါတယ်။

မင်္ဂလာပွဲဟာ မေလ(၁၂)ရက်နေ့က ကျင်းပခဲ့တာပါ။ မင်္ဂလာပွဲစီစဉ်ခဲ့သူတွေ၊ တက်ရောက်ခဲ့သူတွေကိုလည်း အရေးပေါ်စီမံအက်ဥပဒေနဲ့ အမှုဖွင့်အရေးယူတာမျိုးတွေ ရှိခဲ့ပါတယ်။ အချို့ပြည်နယ်တွေမှာတော့ လူ(၅၀)ထက် မပိုတဲ့ လူမှုရေးပွဲငယ်လေးတွေကို စတင်ခွင့်ပြုနေပြီလို့ သိရပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

အိႏၵိယႏုိင္ငံက မဂၤလာပြဲတစ္ခုမွာ လူ(၉၅)ဦးအထိ ကိုဗစ္-၁၉ ကူးစက္ခံခဲ့ရၿပီး၊ သတုိ႔သားအသစ္စက္စက္ေလးမွာလည္း မဂၤလာေဆာင္ၿပီး ေနာက္ထပ္(၂)ရက္အၾကာမွာ ေသဆုံးခဲ့ရပါတယ္။ ေသဆုံးသူ သတုိ႔သားအမည္ကိုေတာ့ ေဖာ္ျပျခင္းမရွိဘဲ၊ အသက္(၃၇)ႏွစ္ပါ။

အိႏၵိယမွာယ လူစုလူေဝးနဲ႔ က်င္းပျပဳလုပ္တဲ့ ပြဲလမ္းသဘင္ေတြကို တင္းက်ပ္စြာ ပိတ္ပင္တားဆီးထားဆဲ ျဖစ္ပါတယ္။ သုိ႔ေသာ္လည္း သက္ဆုိင္ရာ တာဝန္ရွိသူေတြက ဘယ္ေလာက္ပဲ ပိတ္ပင္ထားလင့္ကစား ႀကိဳၾကားႀကိဳၾကား ပြဲေလးေတြ ေနရာအႏွံ႔မွာ ရွိေနပါတယ္။

တစ္ခ်ိဳ႕ပြဲေတြဆုိ လူ ေထာင္ဂဏန္းေလာက္အထိ တက္ေရာက္တာမ်ိဳးူ ရွိတယ္လုိ႔ သိရပါတယ္။ အခု Gutugram မွာ ျဖစ္ခဲ့တဲ့ ျဖစ္စဥ္မွာေတာ့ သတုိ႔သားဟာ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး၊ သူရဲ႕မဂၤလာပြဲကုိ လူ(၂၀၀)ေက်ာ္ တက္ေရာက္ခဲ့တာမုိ႔ တက္ေရာက္သူေတြအကုန္ Q ဝင္ဖုိ႔ သက္ဆုိင္ရာက အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

စစ္ေဆးစဥ္မွာ သတုိ႔သားအပါအဝင္ လူ(၉၅)ဦးမွာ ကုိဗစ္ကူးစက္ခံထားရၿပီး၊ သတုိ႔သမီးကေတာ့ ကုိဗစ္ကူးစက္ခံထားရတဲ့ လကၡဏာကို မေတြ႕ရေသးဘူးလုိ႔ သိရပါတယ္။ သတုိ႔သားကေတာ့ မဂၤလာပြဲ က်င္းပေနဆဲမွာပင္ ကိုဗစ္လကၡဏာေတြ ျပခဲ့ၿပီး၊ ကုိယ္လက္မအီမသာနဲ႔ အစားအစာ စားလုိ႔မဝင္ဘူးလုိ႔ အသိတစ္ဦးက ေျပာပါတယ္။

မဂၤလာပြဲဟာ ေမလ(၁၂)ရက္ေန႔က က်င္းပခဲ့တာပါ။ မဂၤလာပြဲစီစဥ္ခဲ့သူေတြ၊ တက္ေရာက္ခဲ့သူေတြကိုလည္း အေရးေပၚစီမံအက္ဥပေဒနဲ႔ အမႈဖြင့္အေရးယူတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ အခ်ိဳ႕ျပည္နယ္ေတြမွာေတာ့ လူ(၅၀)ထက္ မပိုတဲ့ လူမႈေရးပြဲငယ္ေလးေတြကို စတင္ခြင့္ျပဳေနၿပီလုိ႔ သိရပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here