Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ဗိုင်းရပ်စ်အသစ်တရုတ်မှာတွေ့

0
114

တစ္ကမာၻလုံးမွာ ကိုဗစ္ ၁၉ ေရာဂါပိုးေၾကာင့္ ကပ္ေဘးသင့္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံမွာ ကပ္ေဘးအဆင့္ျဖစ္လာႏိုင္ေခ်ရွိတဲ့ ဝက္တုပ္ေကြးေရာဂါပိုးကို သုေတသနပညာရွင္ေတြက ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

G4 လို႔ အမည္ေပးထားတဲ့ ဒီေရာဂါရဲ႕မ်ိဳးဗီဇဟာ တ႐ုတ္က ေမြးျမဴေရးလုပ္သား ၁၀% မွာ ကပ္ၿငိေနၿပီး လူအခ်င္းခ်င္း ကူးစက္ႏိုင္ေျခရွိမရွိ တိတိက်က် သိရွိရျခင္း မရွိေသးပါဘူး။ G4 ဟာ ၂၀၀၉ ခုႏွစ္တုန္းက ျဖစ္ပြားခဲ့တဲ့ H1N1 နဲ႔ ဆက္ႏြယ္မႈရွိတယ္လို႔လည္း သုေတသနပညာရွင္ေတြက ဆိုၾကပါတယ္။ ဗိုင္းရပ္စ္ရဲ႕ အမည္အျပည့္အစုံကေတာ့ G4 EA H1N1 ပါ။

ဝက္သားထုတ္လုပ္ငန္းေတြက ဝန္ထမ္း ၃၀၀၀၀ ေလာက္ရဲ႕ Swab နမူနာေတြကို ရယူဆန္းစစ္ၾကည့္ရာကေန ခုလို ပိုးကူးစက္ခံထားရတာကို သိရွိလာရတာျဖစ္ပါတယ္။

H1N1 genes ဟာ လူလူခ်င္းကူးစက္ႏိုင္ေပမယ့္ လက္ရွိပိုးသစ္ဟာ human to human ကူးစက္ႏိုင္တဲ့ သက္ေသအေထာက္အထားမေတြ႕ရွိရေသးဘူးလို႔ National Academy of Science က တနလၤာေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ G4 ဟာ Pandemic (ကပ္ေဘး) အသြင္ျဖစ္လာႏိုင္တဲ့ အလားအလာေတြရွိေနတယ္လို႔ China Agricultural University က သုေတသီေတြက သုံးသပ္ထားပါတယ္။

လက္ရွိမွာ ဝက္ေတြမွာရွိေနတဲ့ G4 EA H1N1 ဗိုင္းရပ္စ္ေတြကို ထိမ္းခ်ဳပ္ဖို႔၊ ေစာင့္ၾကည့္ဖို႔နဲ႔ လူေတြဆီ ထပ္မံမကူးစက္ေအာင္ ကာကြယ္ဖို႔လုပ္ငန္းစဥ္ဟာ အေရးႀကီးလုပ္ေဆာင္ရမယ့္ ကိစၥရပ္တစ္ခုျဖစ္ေနတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုထားပါတယ္။ အေၾကာင္းကေတာ့ ဒီပိုးကို တ႐ုတ္ႏိုင္ငံအတြင္းက ေဒသ ၁၀ ခုထက္မနည္းမွာ ေတြ႕ရွိထားၿပီျဖစ္တာေၾကာင့္ပါ။

အေၾကာက္ မလြန္ပါနဲ႔

ဝက္တုပ္ေကြးေခၚ Swine Flu (H1N1) ဟာ ေပါ့ဆလို႔မရတဲ့ ေရာဂါျဖစ္ပါတယ္။ ၁၉၁၈ ခုႏွစ္ မက္ဆီကိုႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့ၿပီး ႐ိုး႐ိုးတုပ္ေကြးအမ်ိဳးအစားကေန ဗီဇေျပာင္းလဲကာ အသြင္ကြဲထြက္လာတဲ့ အမ်ိဳးအစားျဖစ္ပါတယ္။ ကပ္ေရာဂါသဖြယ္ ရာစုႏွစ္အလိုက္ျဖစ္ပြားတတ္ၿပီး ၂၀၀၉ ခုႏွစ္မွာ အျပင္းအထန္ျဖစ္ပြားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အရမ္းေတာ့ အေၾကာက္မလြန္ပါနဲ႔။

ဝက္တုပ္ေကြးဟာ ပုံမွန္ တုပ္ေကြးေရာဂါေတြလိုပဲ လကၡဏာေတြျပတတ္ပါတယ္။ ရာသီတုပ္ေကြးအေနနဲ႔ ျဖစ္ေပၚတတ္ပါတယ္။ ဝက္ေတြမွာ ရွင္သန္ေနထိုင္ႏိုင္တဲ့ ဗိုင္းရပ္စ္ပိုးျဖစ္ေပမယ့္ ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္ထားတဲ့ ဝက္သားႏွင့္ စားေသာက္ကုန္ေတြကို စားသုံး႐ုံနဲ႔ေတာ့ မကူးစက္ႏိုင္ပါဘူး။

ဝက္တုပ္ေကြးဟာ ၂၀၀၉ ခုႏွစ္မွာ လူေတြမွာစတင္ေတြ႕ရွိၿပီး ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ပြားရာကေန သတင္းေခါင္းႀကီးပိုင္း ျဖစ္ပြားခဲ့ပါေသးတယ္။ ကူးစက္ပ်ံ႕ႏွံ႔ေရာဂါဆိုတာဟာ တစ္ခ်ိန္တည္းမွာ တစ္ကမာၻလုံးသို႔ တိုက္နယ္အမ်ားအျပားမွာ ကူးစက္ပ်ံ႕ႏွံ႔ၿပီး ျဖစ္ပြားတဲ့ ေရာဂါျဖစ္ပါတယ္။ လူကေန လူကိုသာ ကူးၿပီး တိရိစာၦန္ကေန လူကို မကူးစက္ႏိုင္ပါဘူး။

ဝက္တုပ္ေကြးဗိုင္းရပ္စ္ေတြဟာ အလြန္ကူးစက္ႏႈန္း ျမန္ဆန္ပါတယ္။ ေရာဂါပိုးဟာ တံေတြးနဲ႔ ခြၽဲေတြ၊ အမႈန္ေတြကေန ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ပါတယ္။

ႏွာေခ်တာ၊ေခ်ာင္းဆိုးတာ၊

ေရာဂါပိုးရွိတဲ့ေနရာကို ကိုင္တြယ္မိၿပီး မ်က္ႏွာအစိတ္အပိုင္းေတြကို ကိုင္မိတာေတြေၾကာင့္ကူးစက္ႏိုင္ပါတယ္။
လက္ရွိျဖစ္ေပၚေနတဲ့ ဝက္တုပ္ေကြးအမ်ိဳးအစားဟာ မ်ိဳးစိတ္အသစ္ျဖစ္တာေၾကာင့္ ကြဲျပားမႈအတန္ငယ္ရွိႏိုင္ေပမယ့္ ႀကိဳတင္ကာကြယ္လို႔ေတာ့ ရႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ ႏွစ္တိုင္း တုပ္ေကြးကာကြယ္ေဆးထိုးတာပဲ ျဖစ္ပါတယ္။ ဝက္တုပ္ေကြးကလည္း ၎ကာကြယ္ေဆးထိုးႏွံၿပီး ကာကြယ္လို႔ရႏိုင္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ ၁၉ အပါအဝင္ တျခားေသာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါေတြလိုပဲ လူေနမႈပုံစံကို ေျပာင္းလဲျခင္းျဖင့္ ကာကြယ္ႏိုင္ပါေသးတယ္။

လုံေလာက္ ျပည့္ဝစြာအနားယူတာ၊ကိုယ္ခံအားစနစ္ ေကာင္းမြန္ေအာင္ ေနထိုင္တာ၊ေရႏွင့္ တျခားအရည္မ်ားကို မ်ားမ်ားေသာက္တာ၊လက္ကို ဆပ္ျပာ သို႔ လက္သန႔္စင္ေဆးေတြ သုံးၿပီး မၾကာခဏေဆးေၾကာသန႔္စင္ေပးတာ၊အျပင္သြားရင္ မ်က္ႏွာဖုံးတပ္တာ၊လူစုလူေဝးကို ေရွာင္တာ၊အစားအစာေတြကို က်က္ေအာင္ ခ်က္ျပဳတ္စားတာ၊ႏွာေခါင္း၊ ပါးစပ္ႏွင့္ မ်က္လုံးေတြကို လက္နဲ႔ မၾကာခန မပြတ္သပ္မိေအာင္ သတိထားေနထိုင္တာ၊ဖ်ားနာေနရင္ အျပင္မထြက္ပဲ အိမ္မွာေနတာေတြပါပဲ။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win | ေရးသားသူ Ye Zon Aung

ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

—————–

တစ်ကမ္ဘာလုံးမှာ ကိုဗစ် ၁၉ ရောဂါပိုးကြောင့် ကပ်ဘေးသင့်နေချိန်မှာ တရုတ်နိုင်ငံမှာ ကပ်ဘေးအဆင့်ဖြစ်လာနိုင်ချေရှိတဲ့ ဝက်တုပ်ကွေးရောဂါပိုးကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

G4 လို့ အမည်ပေးထားတဲ့ ဒီရောဂါရဲ့မျိုးဗီဇဟာ တရုတ်က မွေးမြူရေးလုပ်သား ၁၀% မှာ ကပ်ငြိနေပြီး လူအချင်းချင်း ကူးစက်နိုင်ခြေရှိမရှိ တိတိကျကျ သိရှိရခြင်း မရှိသေးပါဘူး။ G4 ဟာ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ H1N1 နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ ဗိုင်းရပ်စ်ရဲ့ အမည်အပြည့်အစုံကတော့ G4 EA H1N1 ပါ။

ဝက်သားထုတ်လုပ်ငန်းတွေက ဝန်ထမ်း ၃၀၀၀၀ လောက်ရဲ့ Swab နမူနာတွေကို ရယူဆန်းစစ်ကြည့်ရာကနေ ခုလို ပိုးကူးစက်ခံထားရတာကို သိရှိလာရတာဖြစ်ပါတယ်။

H1N1 genes ဟာ လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိပိုးသစ်ဟာ human to human ကူးစက်နိုင်တဲ့ သက်သေအထောက်အထားမတွေ့ရှိရသေးဘူးလို့ National Academy of Science က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် G4 ဟာ Pandemic (ကပ်ဘေး) အသွင်ဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ China Agricultural University က သုတေသီတွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ဝက်တွေမှာရှိနေတဲ့ G4 EA H1N1 ဗိုင်းရပ်စ်တွေကို ထိမ်းချုပ်ဖို့၊ စောင့်ကြည့်ဖို့နဲ့ လူတွေဆီ ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လုပ်ငန်းစဉ်ဟာ အရေးကြီးလုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အကြောင်းကတော့ ဒီပိုးကို တရုတ်နိုင်ငံအတွင်းက ဒေသ ၁၀ ခုထက်မနည်းမှာ တွေ့ရှိထားပြီဖြစ်တာကြောင့်ပါ။

အကြောက် မလွန်ပါနဲ့

ဝက်တုပ်ကွေးခေါ် Swine Flu (H1N1) ဟာ ပေါ့ဆလို့မရတဲ့ ရောဂါဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် မက်ဆီကိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားကနေ ဗီဇပြောင်းလဲကာ အသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အရမ်းတော့ အကြောက်မလွန်ပါနဲ့။

ဝက်တုပ်ကွေးဟာ ပုံမှန် တုပ်ကွေးရောဂါတွေလိုပဲ လက္ခဏာတွေပြတတ်ပါတယ်။ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပေမယ့် သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ ဝက်သားနှင့် စားသောက်ကုန်တွေကို စားသုံးရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဟာ ၂၀၀၉ ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိပြီး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားရာကနေ သတင်းခေါင်းကြီးပိုင်း ဖြစ်ပွားခဲ့ပါသေးတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာဟာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပျံ့နှံ့ပြီး ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ပါဘူး။

ဝက်တုပ်ကွေးဗိုင်းရပ်စ်တွေဟာ အလွန်ကူးစက်နှုန်း မြန်ဆန်ပါတယ်။ ရောဂါပိုးဟာ တံတွေးနဲ့ ချွဲတွေ၊ အမှုန်တွေကနေ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

နှာချေတာ၊ချောင်းဆိုးတာ၊

ရောဂါပိုးရှိတဲ့နေရာကို ကိုင်တွယ်မိပြီး မျက်နှာအစိတ်အပိုင်းတွေကို ကိုင်မိတာတွေကြောင့်ကူးစက်နိုင်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးအမျိုးအစားဟာ မျိုးစိတ်အသစ်ဖြစ်တာကြောင့် ကွဲပြားမှုအတန်ငယ်ရှိနိုင်ပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးကလည်း ၎င်းကာကွယ်ဆေးထိုးနှံပြီး ကာကွယ်လို့ရနိုင်ပါတယ်။

ဒါ့အပြင် ကိုဗစ် ၁၉ အပါအဝင် တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေလိုပဲ လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါသေးတယ်။

လုံလောက် ပြည့်ဝစွာအနားယူတာ၊ကိုယ်ခံအားစနစ် ကောင်းမွန်အောင် နေထိုင်တာ၊ရေနှင့် တခြားအရည်များကို များများသောက်တာ၊လက်ကို ဆပ်ပြာ သို့ လက်သန့်စင်ဆေးတွေ သုံးပြီး မကြာခဏဆေးကြောသန့်စင်ပေးတာ၊အပြင်သွားရင် မျက်နှာဖုံးတပ်တာ၊လူစုလူဝေးကို ရှောင်တာ၊အစားအစာတွေကို ကျက်အောင် ချက်ပြုတ်စားတာ၊နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို လက်နဲ့ မကြာခန မပွတ်သပ်မိအောင် သတိထားနေထိုင်တာ၊ဖျားနာနေရင် အပြင်မထွက်ပဲ အိမ်မှာနေတာတွေပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Zon Aung

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

—————–

LEAVE A REPLY

Please enter your comment!
Please enter your name here