တောင်ကုတ်မှာ မိုင်းထောင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွား ၄ ဦးသေဆုံး

0
98

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ တရဘက်း႐ြာအနီးမွာ ဇြန္လ ၂၉ ရက္ညက မိုင္းေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ၿပီး မိုင္းေထာင္သူအမ်ိဳးသား ၄ ဦး ေသဆုံးသြားတယ္လို႔ ေတာင္ကုတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းႏိုင္မွ ဒီဗြီဘီကို ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းႏိုင္ က “ျဖစ္တာကေတာ့ ညတုန္းက ၁၂ နာရီပတ္ဝန္းက်င္ေလာက္က ေပါက္ကြဲသံၾကားတယ္။ ႐ြာကလူေတြက၊ ဒါေပမဲ့ ဒါဘာမွန္းမသိေတာ့ မနက္မိုးလင္းမွလိုက္ရွာေတာ့ အေလာင္း ၃ ေလာင္းေတြ႕တယ္ဆိုၿပီး ေျပာတာေပါ့။

အဲဒီသတင္း ရလို႔ ဒို႔လာၾကည့္လိုက္တဲ့အခါမွာ အေလာင္းက ၄ ေလာင္းျဖစ္ေနတယ္။ အဓိကေတာ့ မိုင္းေထာင္တဲ့အေကာင္ေပါ့။ မိုင္ေထာင္တဲ့အခါမွာ လမ္းနဲ႔ ေပ ၁၀၀ ေလာက္ အကြာမွာေပါ့ မိုင္းကိုအသက္သြင္းတာ။ မိုင္းအသက္သြင္းတဲ့အခ်ိန္မွာ မွားၿပီးေတာ့သူတို႔ဟာသူတို႔ ကြဲၿပီးေတာ့ အကုန္ေသကုန္တာေပါ့။

အဓိကအေကာင္ကေတာ့ ေျချပတ္လက္ျပတ္၊ ေျခေရာလက္ေရာ ဗိုက္ေရာ ပြင့္သြားတာေပါ့။ အူပါပြင့္သြားၿပီးေတာ့ လြင့္ထြက္သြားတာေပါ့။ ၁၀ ေပေလာက္ရွိတဲ့ ေခ်ာင္းတစ္ဘက္ကို ေရာက္သြားတာ” လို႔ေျပာပါတယ္။

အဆိုပါ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ျပည္နယ္ရဲတပ္ဖြဲ႕မႉးလိုက္ပါလာတဲ့ ယာဥ္တန္းကို မိုင္းဆြဲ တိုက္ခိုက္ခဲ့တဲ့ ေနရာအနီးမွာျဖစ္ပါတယ္။

ေသဆုံးသူေတြကေတာ့ ေဒသခံေတြမဟုတ္ဘဲ ဘယ္သူေတြ ဆိုတာကိုေတာ့ အတည္ျပဳလို႔မရႏိုင္ေသးဘူးလို႔ ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးသန္းႏိုင္က ေျပာပါတယ္။

“မိုင္းကြဲတဲ့ေနရာကေတာ့ တရဘေက်း႐ြာနားေလးမွာ ေတာင္ကုတ္ကေန ၁၂ မိုင္နဲ႔ ၆/၇ ဖာလုံၾကားမွာကြဲတာ၊ ယခင္ၿမိဳ႕နယ္မႉးရယ္၊ ဒုျပည္နယ္မႉးရယ္ သြားခဲ့တုန္းက ကြဲတဲ့ေနရာနားေလးမွာပဲ၊ တစ္မိုင္ေက်ာ္ေက်ာ္ေလာက္ပဲလြဲတယ္။ က်ေနာ္တို႔ အကြဲခံရတာက ေဖေဖာ္ဝါရီလ ၂၆ ရက္တုန္းက အကြဲခံရတာေပါ့။

ေပါက္ျပင္ေက်း႐ြာ နားေလးမွာေပါ့၊ အခုေသတဲ့လူေတြကေတာ့ ဒီဘက္နယ္သားေတြမဟုတ္ဘူး၊ တစ္ေယာက္မွေတာ့ မသိေသးဘူး။ အတည္ျပဳလို႔ေတာ့ မရေသးဘူးေပါ့”ေသဆုံးသူေတြရဲ႕ အေလာင္းေတြကိုေတာ့ လက္ရွိ ေတာင္ကုတ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ထားပါတယ္။

သတင္း- ေနာင္ေနာင္ / DVB TV News

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဘကျးရွာအနီးမှာ ဇွန်လ ၂၉ ရက်ညက မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ၄ ဦး သေဆုံးသွားတယ်လို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်မှ ဒီဗွီဘီကို ပြောပါတယ်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင် က “ဖြစ်တာကတော့ ညတုန်းက ၁၂ နာရီပတ်ဝန်းကျင်လောက်က ပေါက်ကွဲသံကြားတယ်။ ရွာကလူတွေက၊ ဒါပေမဲ့ ဒါဘာမှန်းမသိတော့ မနက်မိုးလင်းမှလိုက်ရှာတော့ အလောင်း ၃ လောင်းတွေ့တယ်ဆိုပြီး ပြောတာပေါ့။

အဲဒီသတင်း ရလို့ ဒို့လာကြည့်လိုက်တဲ့အခါမှာ အလောင်းက ၄ လောင်းဖြစ်နေတယ်။ အဓိကတော့ မိုင်းထောင်တဲ့အကောင်ပေါ့။ မိုင်ထောင်တဲ့အခါမှာ လမ်းနဲ့ ပေ ၁၀၀ လောက် အကွာမှာပေါ့ မိုင်းကိုအသက်သွင်းတာ။ မိုင်းအသက်သွင်းတဲ့အချိန်မှာ မှားပြီးတော့သူတို့ဟာသူတို့ ကွဲပြီးတော့ အကုန်သေကုန်တာပေါ့။

အဓိကအကောင်ကတော့ ခြေပြတ်လက်ပြတ်၊ ခြေရောလက်ရော ဗိုက်ရော ပွင့်သွားတာပေါ့။ အူပါပွင့်သွားပြီးတော့ လွင့်ထွက်သွားတာပေါ့။ ၁၀ ပေလောက်ရှိတဲ့ ချောင်းတစ်ဘက်ကို ရောက်သွားတာ” လို့ပြောပါတယ်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြည်နယ်ရဲတပ်ဖွဲ့မှူးလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ နေရာအနီးမှာဖြစ်ပါတယ်။

သေဆုံးသူတွေကတော့ ဒေသခံတွေမဟုတ်ဘဲ ဘယ်သူတွေ ဆိုတာကိုတော့ အတည်ပြုလို့မရနိုင်သေးဘူးလို့ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်က ပြောပါတယ်။

“မိုင်းကွဲတဲ့နေရာကတော့ တရဘကျေးရွာနားလေးမှာ တောင်ကုတ်ကနေ ၁၂ မိုင်နဲ့ ၆/၇ ဖာလုံကြားမှာကွဲတာ၊ ယခင်မြို့နယ်မှူးရယ်၊ ဒုပြည်နယ်မှူးရယ် သွားခဲ့တုန်းက ကွဲတဲ့နေရာနားလေးမှာပဲ၊ တစ်မိုင်ကျော်ကျော်လောက်ပဲလွဲတယ်။ ကျနော်တို့ အကွဲခံရတာက ဖေဖော်ဝါရီလ ၂၆ ရက်တုန်းက အကွဲခံရတာပေါ့။

ပေါက်ပြင်ကျေးရွာ နားလေးမှာပေါ့၊ အခုသေတဲ့လူတွေကတော့ ဒီဘက်နယ်သားတွေမဟုတ်ဘူး၊ တစ်ယောက်မှတော့ မသိသေးဘူး။ အတည်ပြုလို့တော့ မရသေးဘူးပေါ့”သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ လက်ရှိ တောင်ကုတ်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

သတင်း- နောင်နောင် /DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here