စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့်

0
113

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕တြင္ေနထိုသည့္ အသက္ ၃၄ႏွစ္ စိတ္က်န္းမာေရး မေကာင္းသူကို “နင္႔အေမဆီ လိုက္ပို႔ေပးမယ္” ဟုေျပာေခၚကာ သားမယားျပဳက်င့္ သူအား ဖမ္းဆီးအေရးယူထားေၾကာင္း ပဲခူးရဲတပ္ဖြဲ႕ရုံးမွ သိရသည္။

ပဲခူးၿမိဳ႕တြင္းဘက္သို႔ ရန္ကုန္-မႏၲေလး ကားလမ္းေဟာင္း အတိုင္း ဇြန္လ ၂၅ရက္ေန႔ ည ၇နာရီခြဲအခ်ိန္ခန္႔တြင္ လမ္းေလၽွာက္လာသည့္ အသက္ ၃၄ႏွစ္ စိတ္က်န္းမာေရး မေကာင္းသူက ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းထိပ္အေရာက္ အမည္မသိအမ်ိဳးသား တစ္ဦး (လူျမင္လၽွင္ မွတ္မိ)မွ”နင့္ အေမဆီ လိုက္ပို့ေပးမယ္” ဟုေျပာၿပီး

ပဲခူးၿမိဳ့၊ ဥသာၿမိဳ့သစ္၊ အမွတ္(၈)ရပ္ကြက္၊ ၿမိဳ့ေရွာင္လမ္းအနီးရွိ လူမေနသည့္ တဲေဟာင္းတစ္လုံး အတြင္းသို့ ေခၚေဆာင္ကာ သားမယားအျဖစ္(၁)ႀကိမ္ျပဳက်င့္ခဲ့သျဖင့္ ဇြန္လ ၂၇ ရက္ေန႔ ၁နာရီေက်ာ္ခန္႔တြင္ လာေရာက္ တိုင္ၾကားေၾကာင္း ဆိုသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူဟု ယူရေသာသူကို ပဲခူးၿမိဳ႕ အမွတ္(၃)နယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမွုဖြင့္၍ လိုက္လံ ဖမ္းဆီးရာ ဇြန္လ ၂၈ရက္ေန႔ ၎ေနထိုင္ရာ ကလိေက်းရြာအေရွ႕ပိုင္း၊ ပဲခူးၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူဟု ယူဆရေသာ ဒီလုံး(ခ)ေမာ္စီတုံး (ခ)ေအာင္မိုး (၄၆ ႏွစ္)အား စစ္ေဆးေမးျမန္းရာ
ျပစ္မွုက်ဴးလြန္ခဲ့ေၾကာင္းထြက္ဆိုခဲ့ေၾကာင္း ပဲခူးတိုင္း ရဲတပ္ဖြဲ႔ထံမွ စုံစမ္းသိရွိရသည္။

သက္ပိုင္(ဖီးနစ္)Top Phoenix Media Group

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်နေထိုသည့် အသက် ၃၄နှစ် စိတ်ကျန်းမာရေး မကောင်းသူကို “နင့်အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောခေါ်ကာ သားမယားပြုကျင့် သူအား ဖမ်းဆီးအရေးယူထားကြောင်း ပဲခူးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ပဲခူးမြို့တွင်းဘက်သို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အတိုင်း ဇွန်လ ၂၅ရက်နေ့ ည ၇နာရီခွဲအချိန်ခန့်တွင် လမ်းလျှောက်လာသည့် အသက် ၃၄နှစ် စိတ်ကျန်းမာရေး မကောင်းသူက ဗိုလ်ချုပ်အောင်ဆန်း လမ်းထိပ်အရောက် အမည်မသိအမျိုးသား တစ်ဦး (လူမြင်လျှင် မှတ်မိ)မှ”နင့် အမေဆီ လိုက်ပို့ပေးမယ်” ဟုပြောပြီး

ပဲခူးမြို့၊ ဥသာမြို့သစ်၊ အမှတ်(၈)ရပ်ကွက်၊ မြို့ရှောင်လမ်းအနီးရှိ လူမနေသည့် တဲဟောင်းတစ်လုံး အတွင်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် ဇွန်လ ၂၇ ရက်နေ့ ၁နာရီကျော်ခန့်တွင် လာရောက် တိုင်ကြားကြောင်း ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူရသောသူကို ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ လိုက်လံ ဖမ်းဆီးရာ ဇွန်လ ၂၈ရက်နေ့ ၎င်းနေထိုင်ရာ ကလိကျေးရွာအရှေ့ပိုင်း၊ ပဲခူးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဒီလုံး(ခ)မော်စီတုံး (ခ)အောင်မိုး (၄၆ နှစ်)အား စစ်ဆေးမေးမြန်းရာ
ပြစ်မှုကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သက်ပိုင်(ဖီးနစ်)Top Phoenix Media Group

LEAVE A REPLY

Please enter your comment!
Please enter your name here