ခြေမပါလက်မပါအနေအထားနဲ့ လူ့လောကထဲ သနားစဖွယ် ရောက်လာခဲ့တဲ့ သမီးလေး

0
102

အိႏၵိယႏုိ္င္ငံက ေဒါက္တာေတြဟာ ေမြးကင္းစ ကေလးမေလးမွာ ေျခလက္ဗလာ အေနအထားနဲ႔ ျဖစ္ေနလုိ႔ အလြန္အံ့ၾသေနပါတယ္။ သမီးေလးဟာ အလြန္ သနားစရာေကာင္းၿပီး၊ လူ႕ေလာကႀကီးမွာ ၾကမ္းတမ္းတဲ့ ေလာကဓံေတြကို ရင္စည္းခံရေတာ့မွာပါ။

ကေလးမေလး ေမြးဖြားတဲ့သတင္းကို ဇြန္လ(၂၆)ရက္ထုတ္ သတင္းစာေတြမွာ အၿပိဳင္အဆုိင္ ေဖာ္ျပခဲ့ၾကပါတယ္။ ကေလးမေလးဟာ Madhya Pradesh ျပည္နယ္၊ Vidisha ၿမိဳ႕အနီး၊ Sironj Tehsil ၿမိ္႕နယ္အတြင္းမွာတည္ရွိတဲ့ Sakla အမည္ရ ေက်းရြာမွ ျဖစ္ပါတယ္။

ဒီေကာင္မေလး ေမြးဖြားတဲ့အေျခအေနကိုေတာ့ ေဆးပညာအရ Autosomal Recessive Congenital Disorder လုိ႔ ေခၚၿပီး၊ Tetra-Amelia လုိ႔လည္း ေခၚၾကပါတယ္။ ေမြးရာပါ ေျခလက္ဗလာျဖစ္မႈလုိ႔ အလြယ္ေျပာလုိ႔ရပါတယ္။ ဗြီဒီယုိထဲမွာေတာ့ မိခင္ရဲ႕ ဝမ္းနည္းေနတဲ့ပုံကုိလည္း ျမင္ရပါတယ္။

Tetra-Amelia အေျခအေနနဲ႔ ေမြးဖြားတဲ့ ကေလးေတြဟာ အဆုတ္ဖြံ႔ၿဖိဳးမႈနဲ႔ ကိုယ္တြင္းပိုင္း အဂၤါရပ္ေတြ ျပည့္ဝစြာ အလုပ္လုပ္ေဆာင္ႏုိင္ျခင္း မရွိၾကပါဘူးတဲ့။ ဒါေၾကာင့္ အမ်ားအားျဖင့္ေတာ့ ရက္သတၱပတ္အနည္းငယ္ေလာက္သာ အသက္ရွင္ၾကေလ့ရွိပါတယ္။

သုိ႔ေသာ္လည္း အခု ေမြးကင္းစသမီးေလးကို ေဆးဘက္ဆုိင္ရာ စစ္ေဆးအတည္ျပဳမႈေတြ လုပ္ဖုိ႔ လုိအပ္ေနပါေသးတယ္။ အကယ္၍ ကုိယ္တြင္းအဂၤါအစိတ္အပိုင္းေတြသာ ပုံမွန္ျဖစ္ေနမယ္ဆုိပါက သူမအေနနဲ႔ လူ႕ေလာကထဲမွာ ခါးသီးတဲ့ ေလာကဓံက ႀကိဳဆုိေနေတာ့မွာပါ။

ဒီလုိျဖစ္ရပ္မ်ိဳး (၁၉၈၂)ခုႏွစ္ကလည္း ျဖစ္ပ်က္ခဲ့ဖူးပါတယ္။ သူ႕အမည္ကေတာ့ Nicholas James Vujicic ျဖစ္ၿပီး၊ အသက္(၃၇)ႏွစ္ပါ။ စာေရးျခင္း၊ စိတ္ဓာတ္တက္ၾကြေစမယ့္ ေဟာေျ့ပာပြဲေတြ က်င္းပျခင္းနဲ႔အတူ နာမည္ေက်ာ္တစ္ဦးအျဖစ္ ရပ္တည္ေနပါတယ္။ သူဟာ အခုဆုိ စာအုပ္(၁၀)အုပ္ ေရးၿပီးသြားပါၿပီ။

လင္းေဇာ္ကို (D Nae Khit)

အိန္ဒိယနို်င်ငံက ဒေါက်တာတွေဟာ မွေးကင်းစ ကလေးမလေးမှာ ခြေလက်ဗလာ အနေအထားနဲ့ ဖြစ်နေလို့ အလွန်အံ့သြနေပါတယ်။ သမီးလေးဟာ အလွန် သနားစရာကောင်းပြီး၊ လူ့လောကကြီးမှာ ကြမ်းတမ်းတဲ့ လောကဓံတွေကို ရင်စည်းခံရတော့မှာပါ။

ကလေးမလေး မွေးဖွားတဲ့သတင်းကို ဇွန်လ(၂၆)ရက်ထုတ် သတင်းစာတွေမှာ အပြိုင်အဆိုင် ဖော်ပြခဲ့ကြပါတယ်။ ကလေးမလေးဟာ Madhya Pradesh ပြည်နယ်၊ Vidisha မြို့အနီး၊ Sironj Tehsil မြိ့်နယ်အတွင်းမှာတည်ရှိတဲ့ Sakla အမည်ရ ကျေးရွာမှ ဖြစ်ပါတယ်။

ဒီကောင်မလေး မွေးဖွားတဲ့အခြေအနေကိုတော့ ဆေးပညာအရ Autosomal Recessive Congenital Disorder လို့ ခေါ်ပြီး၊ Tetra-Amelia လို့လည်း ခေါ်ကြပါတယ်။ မွေးရာပါ ခြေလက်ဗလာဖြစ်မှုလို့ အလွယ်ပြောလို့ရပါတယ်။ ဗွီဒီယိုထဲမှာတော့ မိခင်ရဲ့ ဝမ်းနည်းနေတဲ့ပုံကိုလည်း မြင်ရပါတယ်။

Tetra-Amelia အခြေအနေနဲ့ မွေးဖွားတဲ့ ကလေးတွေဟာ အဆုတ်ဖွံ့ဖြိုးမှုနဲ့ ကိုယ်တွင်းပိုင်း အင်္ဂါရပ်တွေ ပြည့်ဝစွာ အလုပ်လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူးတဲ့။ ဒါကြောင့် အများအားဖြင့်တော့ ရက်သတ္တပတ်အနည်းငယ်လောက်သာ အသက်ရှင်ကြလေ့ရှိပါတယ်။

သို့သော်လည်း အခု မွေးကင်းစသမီးလေးကို ဆေးဘက်ဆိုင်ရာ စစ်ဆေးအတည်ပြုမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။ အကယ်၍ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေသာ ပုံမှန်ဖြစ်နေမယ်ဆိုပါက သူမအနေနဲ့ လူ့လောကထဲမှာ ခါးသီးတဲ့ လောကဓံက ကြိုဆိုနေတော့မှာပါ။

ဒီလိုဖြစ်ရပ်မျိုး (၁၉၈၂)ခုနှစ်ကလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။ သူ့အမည်ကတော့ Nicholas James Vujicic ဖြစ်ပြီး၊ အသက်(၃၇)နှစ်ပါ။ စာရေးခြင်း၊ စိတ်ဓာတ်တက်ကြွစေမယ့် ဟောေြ့ပာပွဲတွေ ကျင်းပခြင်းနဲ့အတူ နာမည်ကျော်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ သူဟာ အခုဆို စာအုပ်(၁၀)အုပ် ရေးပြီးသွားပါပြီ။

လင်းဇော်ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here