ဝယ်ထားတာ မိနစ်(၂၀)သာရှိသေးတဲ့ ပေါင်(၂)သိန်းကျော်တန် လန်ဘော်ဂီနီ ကားသစ်ကြီးရဲ့အဖြစ်

0
332

စျေးနှုန်းအားဖြင့် ပေါင် (၂၁၅၀၀၀)အထိပေးရတဲ့ လန်ဘော်ဂီနီ ကားသစ်တစ်စီးကို ဝယ်ယူသွားတဲ့ အမျိုးသားအဖို့ ပျော်ရွှင်မှုကို မိနစ်(၂၀)ကျော်ကြာအောင် မခံစားလိုက်ရပါဘူး။ လက်ရှိငွေပေါက်စျေးနဲ့ဆိုရင် ဒီကားသစ်ကြီးရဲ့ တန်ဖိုးဟာ မြန်မာကျပ်ငွေ သိန်းပေါင်း (၃၇၀၀)ကျော် ဖြစ်ပါတယ်။

ကားသစ်ကြီးဟာ အရောင်းပြခန်းကနေ ဝယ်လာလို့ မိနစ်(၂၀)လောက်အကြာ လိဒ်မြို့အနီး M1 အမြန်လမ်းမှာ မတော်တဆမှုဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားပါတော့တယ်။ ကားရဲ့မော်ဒယ်ကတော့ Hurucan Performante အမျိုးစား စူပါစပေါ့ကားဖြစ်ပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကတော့ Flushdyke အနီးက လမ်းဆုံ(၄၀)နဲ့ Durkar အနီးက လမ်းဆုံး(၃၉)အကြားမှာဖြစ်ပြီး၊ West Yorkshire Police အမြန်လမ်းရဲတပ်ဖွဲ့မှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Richard Whitely က ဒီဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

သူရဲ့ ပို့စ်မှာတော့ ဝယ်လာတဲ့ ကားသစ်ကြီးဟာ (၃)လမ်းမှာ စက်ချို့ယွင်းလို့ ခေတ္တရပ်ခဲ့ပါသေးတယ်။ သို့ပေမယ့် မောင်းရလို့ ဆက်မောင်းစဉ်မှာပဲ ကားတစ်စီးက လန်ဘော်ဂီနီနောက်ပိုင်းကို ဝင်စောင့်လိုက်လို့ ကားလေးဟာ လမ်းမအလယ်မှာ စကြာတစ်ခုလို ခြာခြာလည်သွားတယ်လို့ ဆိုပါတယ်။

ကားဝယ်သူအနေနဲ့ ယာဉ်အန္တရာယ် အာမခံထားရှိရင်တော့ အရှုံးမရှိနိုင်ပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ ကားဝယ်တဲ့နေ့မှာ ယာဉ်အာမခံလုပ်ကြလေ့ မရှိကြပါဘူး။ တစ်လကောင်းကောင်း နှစ်လကောင်းကောင်းလောက် စီးပြီးမှ ယာဉ်အာမခံ လုပ်လေ့ရှိပါတယ်။ ပိုင်ရှင်အသစ်အနေနဲ့ ဒါကို ကြိုသိပြီး အာမခံလုပ်ခဲ့ရင်တော့ ခံသာပါလိမ့်မယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ေစ်းႏႈန္းအားျဖင့္ ေပါင္ (၂၁၅၀၀၀)အထိေပးရတဲ့ လန္ေဘာ္ဂီနီ ကားသစ္တစ္စီးကို ဝယ္ယူသြားတဲ့ အမ်ိဳးသားအဖုိ႔ ေပ်ာ္ရႊင္မႈကို မိနစ္(၂၀)ေက်ာ္ၾကာေအာင္ မခံစားလုိက္ရပါဘူး။ လက္ရွိေငြေပါက္ေစ်းနဲ႔ဆုိရင္ ဒီကားသစ္ႀကီးရဲ႕ တန္ဖုိးဟာ ျမန္မာက်ပ္ေငြ သိန္းေပါင္း (၃၇၀၀)ေက်ာ္ ျဖစ္ပါတယ္။

ကားသစ္ႀကီးဟာ အေရာင္းျပခန္းကေန ဝယ္လာလုိ႔ မိနစ္(၂၀)ေလာက္အၾကာ လိဒ္ၿမိဳ႕အနီး M1 အျမန္လမ္းမွာ မေတာ္တဆမႈျဖစ္ၿပီး ဆုိးဆုိးရြားရြား ပ်က္စီးသြားပါေတာ့တယ္။ ကားရဲ႕ေမာ္ဒယ္ကေတာ့ Hurucan Performante အမ်ိဳးစား စူပါစေပါ့ကားျဖစ္ပါတယ္။

ယာဥ္မေတာ္တဆမႈျဖစ္ခဲ့တဲ့ေနရာကေတာ့ Flushdyke အနီးက လမ္းဆုံ(၄၀)နဲ႔ Durkar အနီးက လမ္းဆုံး(၃၉)အၾကားမွာျဖစ္ၿပီး၊ West Yorkshire Police အျမန္လမ္းရဲတပ္ဖြဲ႕မွာ ရဲအရာရွိတစ္ဦးျဖစ္တဲ့ Richard Whitely က ဒီဓာတ္ပုံေတြကို လူမႈကြန္ရက္မွာ တင္ခဲ့တာပါ။

သူရဲ႕ ပုိ႔စ္မွာေတာ့ ဝယ္လာတဲ့ ကားသစ္ႀကီးဟာ (၃)လမ္းမွာ စက္ခ်ိဳ႕ယြင္းလုိ႔ ေခတၱရပ္ခဲ့ပါေသးတယ္။ သုိ႕ေပမယ့္ ေမာင္းရလုိ႔ ဆက္ေမာင္းစဥ္မွာပဲ ကားတစ္စီးက လန္ေဘာ္ဂီနီေနာက္ပိုင္းကို ဝင္ေစာင့္လုိက္လုိ႔ ကားေလးဟာ လမ္းမအလယ္မွာ စၾကာတစ္ခုလုိ ျခာျခာလည္သြားတယ္လုိ႔ ဆုိပါတယ္။

ကားဝယ္သူအေနနဲ႔ ယာဥ္အႏၱရာယ္ အာမခံထားရွိရင္ေတာ့ အ႐ႈံးမရွိႏုိင္ပါဘူး။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကားဝယ္တဲ့ေန႔မွာ ယာဥ္အာမခံလုပ္ၾကေလ့ မရွိၾကပါဘူး။ တစ္လေကာင္းေကာင္း ႏွစ္လေကာင္းေကာင္းေလာက္ စီးၿပီးမွ ယာဥ္အာမခံ လုပ္ေလ့ရွိပါတယ္။ ပုိင္ရွင္အသစ္အေနနဲ႔ ဒါကို ႀကိဳသိၿပီး အာမခံလုပ္ခဲ့ရင္ေတာ့ ခံသာပါလိမ့္မယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here