ဆန္ဒပြသူများကို နယူးယောက် ရဲအရာရှိများ ဒူးထောက်တောင်းပန်

0
129

အမေရိကန်နိုင်ငံအတွင်း မြို့အတော်များများမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် စစ်တပ်ကို အမြန်တပ်ချနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောအပြီး ဆန္ဒပြပွဲတွေ ပိုပြင်းထန် လာခဲ့ပါတယ်။

နယူးယောက်မြို့ ကွင်းစ်ရပ်ကွက်မှာ မေလ ၃၁ ရက်က ဆန္ဒပြ လူအုပ်အလယ်မှာ ရဲအရာရှိတွေက ဒူးထောက်တောင်းပန်ခဲ့လို့ လူအုပ်က ကောင်းချီးပေးခဲ့ကြပါတယ်။

သွေးစည်းကြောင်းပြသဖို့ ဆန္ဒပြသူတွေက ရဲတွေကို တောင်းဆိုချိန်မှာ ရဲတွေက ဒူးထောက်ပြီး ပူးပေါင်းခဲ့လို့ တုန်လှုပ်ခံစားမိခဲ့တယ်လို့ ဒီဖြစ်ရပ်ကို ရိုက်ကူးသူ အေလီယာ အေဘရာဟင်မ်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လူမည်း အမျိုးသား ဂျော့ချ် ဖလွိုက်ဒ် ရဲ့ လည်ပင်းပေါ် လူဖြူ ရဲအရာရှိ တယောက်က ဒူးနဲ့ ထောက်ခဲ့အပြီး လူမည်း သေဆုံးခဲ့တဲ့ အမှုဟာ အမေရိကန်နိုင်ငံအတွင်း လူမျိုးရေး နိုင်ငံရေး ခွဲခြားမှုကြောင့် နာကျည်းချက်တွေအပေါ် ယမ်းပုံမီးကျ ဖြစ်ခဲ့ပါတယ်။

ညမထွက်ရ အမိန့်ထုတ်ထားပေမယ့် သမ္မတ အိမ်ဖြူတော် အနားက လာဖှရက် ဥယျာဉ်ထဲ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေရဲ့ ရှေ့မှာ အဆောက်အအုံတလုံးကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သီတင်းပတ်ချီ အသွားအလာ ပိတ်ဆို့ထားအပြီး ခုရက်ပိုင်းတွေမှာ အမေရိကန်ရဲ့ အဓိက မြို့ကြီးတွေရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ပြည့်လျှံ နေပါတယ်။

————–

အေမရိကန္ႏိုင္ငံအတြင္း ၿမိဳ႕အေတာ္မ်ားမ်ားမွာ ျဖစ္ေနတဲ့ ဆႏၵျပပြဲေတြေၾကာင့္ စစ္တပ္ကို အျမန္တပ္ခ်ႏိုင္တယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က ေျပာအၿပီး ဆႏၵျပပြဲေတြ ပိုျပင္းထန္ လာခဲ့ပါတယ္။

နယူးေယာက္ၿမိဳ႕ ကြင္းစ္ရပ္ကြက္မွာ ေမလ ၃၁ ရက္က ဆႏၵျပ လူအုပ္အလယ္မွာ ရဲအရာရွိေတြက ဒူးေထာက္ေတာင္းပန္ခဲ့လို႔ လူအုပ္က ေကာင္းခ်ီးေပးခဲ့ၾကပါတယ္။

ေသြးစည္းေၾကာင္းျပသဖို႔ ဆႏၵျပသူေတြက ရဲေတြကို ေတာင္းဆိုခ်ိန္မွာ ရဲေတြက ဒူးေထာက္ၿပီး ပူးေပါင္းခဲ့လို႔ တုန္လႈပ္ခံစားမိခဲ့တယ္လို႔ ဒီျဖစ္ရပ္ကို ႐ိုက္ကူးသူ ေအလီယာ ေအဘရာဟင္မ္က ေျပာေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

လူမည္း အမ်ိဳးသား ေဂ်ာ့ခ်္ ဖလြိဳက္ဒ္ ရဲ႕ လည္ပင္းေပၚ လူျဖဴ ရဲအရာရွိ တေယာက္က ဒူးနဲ႔ ေထာက္ခဲ့အၿပီး လူမည္း ေသဆုံးခဲ့တဲ့ အမႈဟာ အေမရိကန္ႏိုင္ငံအတြင္း လူမ်ိဳးေရး ႏိုင္ငံေရး ခြဲျခားမႈေၾကာင့္ နာက်ည္းခ်က္ေတြအေပၚ ယမ္းပုံမီးက် ျဖစ္ခဲ့ပါတယ္။

ညမထြက္ရ အမိန႔္ထုတ္ထားေပမယ့္ သမၼတ အိမ္ျဖဴေတာ္ အနားက လာဖွရက္ ဥယ်ာဥ္ထဲ အဓိက႐ုဏ္း ႏွိမ္နင္းေရးရဲေတြရဲ႕ ေရွ႕မွာ အေဆာက္အအုံတလုံးကို ဆႏၵျပသူေတြက မီးရႈိ႕ခဲ့ၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေဘးေၾကာင့္ သီတင္းပတ္ခ်ီ အသြားအလာ ပိတ္ဆို႔ထားအၿပီး ခုရက္ပိုင္းေတြမွာ အေမရိကန္ရဲ႕ အဓိက ၿမိဳ႕ႀကီးေတြရဲ႕ လမ္းေတြေပၚမွာ ဆႏၵျပသူေတြ ျပည့္လွ်ံ ေနပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here