နာရီပိုင်းအတွင်း ကြည့်ရှုသူ ၁၅ သန်းကျော်ရှိနေသည့် လေဒီဂါဂါနှင့် အေရီယန်နာဂရဲန်းဒ် သီချင်းသစ် (ရုပ်သံ)

0
234

သီချင်းသစ်တပုဒ်ထွက်တိုင်းမှာ အမိုက်စား အလန်းစား သရုပ်ပြမှုတွေ၊ တင်ဆက်မှုတွေနဲ့ တမျိုးပြီးတမျိုး မရိုးရအောင် ဖျော်ဖြေလေ့ရှိတဲ့ ပေါ့ပ်စတား လေဒီဂါဂါနဲ့ အေရီယန်နာဂရဲန်းဒ်တို့ ၂ ယောက်ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

Rain On Me လို့ အမည်ပေးထားတဲ့ ဒီသီချင်းကတော့ လေဒီဂါဂါရဲ့ ၆ ချပ်မြောက် အနေနဲ့ ထွက်ရှိလာမယ့် Chromatica တေးအယ်လ်ဘမ်ထဲမှာ ပါဝင်လာမှာဖြစ်ကာ Stupid Love ရဲ့နောက် ဒုတိယတပုဒ်အနေနဲ့ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူ၊ စီးပွားရေးလုပ် ငန်းရှင်တဦးအနေနဲ့ အောင်မြင်နေခဲ့သူ လေဒီဂါဂါဟာ အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေက ခက်ခဲခဲ့တဲ့ အချိန်တွေ ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၈ ခု နှစ်က ထွက်ရှိခဲ့တဲ့ Fame တေးအယ်လ်ဘမ်နဲ့အတူ ပရိသတ်တွေ လက်ခံအားပေးမှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တာပါ။

လက်ရှိမှာတော့ ကမ္ဘာတလွှား ထင်ရှားတဲ့ သီချင်းတွေနဲ့အတူ ဂရမ်မီဆုတွေ အပါအဝင် တေးဂီတထူးချွန်ဆုတွေလည်း အများကြီး ရရှိထားပါတယ်။

နောက်ထပ် ထင်ရှားတာတွေထဲမှာတော့ လေဒီဂါဂါဟာ စိတ်ကျန်းမာရေးဝေဒနာသည်တွေနဲ့ LGBT တွေ အခွင့်အရေးအတွက်လည်း တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးတဦးအဖြစ်ပါ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂီတဒရာမာရုပ်ရှင် A Star Is Born ရုပ်ရှင်နဲ့ သူ့ရဲ့ အနုပညာစွမ်းကို ထပ်မံပြသနိုင်ခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသား ဘရက်ဒ်လေကူးပါးက ဒါရိုက် တာအနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ တွဲဖက်ပါဝင်ထားတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကားနဲ့ လေဒီဂါဂါဟာ အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေး ရွှေကမ္ဘာလုံး ဆုအပါအဝင် တခြားထူးချွန်ဆုတွေနဲ့အတူ ဆန်ကာတင်စာရင်းတွေမှာ ပါဝင်ခဲ့ပြီး A Star Is Born ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတကားလည်း ဖြစ်ခဲ့တာပါ။

Bang Bang ၊ The Way ၊ Problem သီချင်းတွေကစလို့ နောက်ပိုင်း Break Free ၊ One Last Time၊ 7 Rings သီချင်းတွေထိ ပရိသတ်အားပေးမှုနဲ့ ထင်ရှားတဲ့ အဆိုတော် တယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ပေါ့ပ်နဲ့ အာရ်အဲန်ဘီ အဆိုတော် အေရီယန်နာ ဂရဲန်းဒ်ကလည်း ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ဆွဲဆောင်နိုင်သူဖြစ်တာမို့ သူတို့ ၂ ယောက်ရဲ့ ခုလိုပေါင်းစပ်မှုကလည်း ပရိသတ်တွေကို စိတ်ဝင်စားမှုတွေ မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။

ထုံးစံအတိုင်းပဲ Sexy ကျကျ ဝတ်စားဆင်ယင်မှုတွေ၊ အမိုက်စား အကအဖွဲ့တွေနဲ့ မြိုင်ဆိုင်တဲ့ သရုပ်ဖော်တင်ဆက်မှုတွေကို ဒီသီချင်းရုပ်သံထဲမှာ တမူထူးခြားစွာ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသံပါဝါ မတူညီကွဲပြားခြားနားမှုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအချိန်ထိ ယူကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

လေဒီဂါဂါရဲ့ Chromatica တေးအယ်လ်ဘမ်ကို အစက ဧပြီလ ၁၀ ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြန့်ကြာနေခဲ့ရတာဖြစ်ကာ ခုလက်ရှိမှာတော့ လာမယ့် မေလ ၂၉ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

—————–

သီခ်င္းသစ္တပုဒ္ထြက္တိုင္းမွာ အမိုက္စား အလန္းစား သ႐ုပ္ျပမႈေတြ၊ တင္ဆက္မႈေတြနဲ႔ တမ်ိဳးၿပီးတမ်ိဳး မ႐ိုးရေအာင္ ေဖ်ာ္ေျဖေလ့ရွိတဲ့ ေပါ့ပ္စတား ေလဒီဂါဂါနဲ႔ ေအရီယန္နာဂရဲန္းဒ္တို႔ ၂ ေယာက္ရဲ႕ သီခ်င္းသစ္တပုဒ္ ထြက္ရွိလာခဲ့ပါတယ္။

Rain On Me လို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းကေတာ့ ေလဒီဂါဂါရဲ႕ ၆ ခ်ပ္ေျမာက္ အေနနဲ႔ ထြက္ရွိလာမယ့္ Chromatica ေတးအယ္လ္ဘမ္ထဲမွာ ပါဝင္လာမွာျဖစ္ကာ Stupid Love ရဲ႕ေနာက္ ဒုတိယတပုဒ္အေနနဲ႔ ျဖန႔္ခ်ိလိုက္တာ ျဖစ္ပါတယ္။

အဆိုေတာ္၊ ေတးေရးဆရာ၊ သ႐ုပ္ေဆာင္မင္းသမီး၊ ထုတ္လုပ္သူ၊ စီးပြားေရးလုပ္ ငန္းရွင္တဦးအေနနဲ႔ ေအာင္ျမင္ေနခဲ့သူ ေလဒီဂါဂါဟာ အသက္ ၃၃ ႏွစ္အ႐ြယ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

သူ႔ရဲ႕ ငယ္ဘဝျဖတ္သန္းမႈေတြက ခက္ခဲခဲ့တဲ့ အခ်ိန္ေတြ ရွိခဲ့ၿပီး လြန္ခဲ့တဲ့ ၂၀၀၈ ခု ႏွစ္က ထြက္ရွိခဲ့တဲ့ Fame ေတးအယ္လ္ဘမ္နဲ႔အတူ ပရိသတ္ေတြ လက္ခံအားေပးမႈနဲ႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိခဲ့တာပါ။

လက္ရွိမွာေတာ့ ကမာၻတလႊား ထင္ရွားတဲ့ သီခ်င္းေတြနဲ႔အတူ ဂရမ္မီဆုေတြ အပါအဝင္ ေတးဂီတထူးခြၽန္ဆုေတြလည္း အမ်ားႀကီး ရရွိထားပါတယ္။

ေနာက္ထပ္ ထင္ရွားတာေတြထဲမွာေတာ့ ေလဒီဂါဂါဟာ စိတ္က်န္းမာေရးေဝဒနာသည္ေတြနဲ႔ LGBT ေတြ အခြင့္အေရးအတြက္လည္း တက္တက္ႂကြႂကြပါဝင္ေလ့ရွိတဲ့ အႏုပညာရွင္တေယာက္ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္မင္းသမီးတဦးအျဖစ္ပါ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ဂီတဒရာမာ႐ုပ္ရွင္ A Star Is Born ႐ုပ္ရွင္နဲ႔ သူ႔ရဲ႕ အႏုပညာစြမ္းကို ထပ္မံျပသႏိုင္ခဲ့ပါတယ္။

အဲဒီ႐ုပ္ရွင္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္မင္းသား ဘရက္ဒ္ေလကူးပါးက ဒါ႐ိုက္ တာအေနနဲ႔ေရာ သ႐ုပ္ေဆာင္အေနနဲ႔ပါ တြဲဖက္ပါဝင္ထားတာျဖစ္ပါတယ္။

အဲဒီ႐ုပ္ရွင္ကားနဲ႔ ေလဒီဂါဂါဟာ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ဝင္ေတး ေ႐ႊကမာၻလုံး ဆုအပါအဝင္ တျခားထူးခြၽန္ဆုေတြနဲ႔အတူ ဆန္ကာတင္စာရင္းေတြမွာ ပါဝင္ခဲ့ၿပီး A Star Is Born ဟာ အေအာင္ျမင္ဆုံး ႐ုပ္ရွင္ကားတကားလည္း ျဖစ္ခဲ့တာပါ။

Bang Bang ၊ The Way ၊ Problem သီခ်င္းေတြကစလို႔ ေနာက္ပိုင္း Break Free ၊ One Last Time၊ 7 Rings သီခ်င္းေတြထိ ပရိသတ္အားေပးမႈနဲ႔ ထင္ရွားတဲ့ အဆိုေတာ္ တေယာက္ျဖစ္တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ေပါ့ပ္နဲ႔ အာရ္အဲန္ဘီ အဆိုေတာ္ ေအရီယန္နာ ဂရဲန္းဒ္ကလည္း ဆန္းျပားတဲ့ ဖက္ရွင္ေတြနဲ႔ ဆြဲေဆာင္ႏိုင္သူျဖစ္တာမို႔ သူတို႔ ၂ ေယာက္ရဲ႕ ခုလိုေပါင္းစပ္မႈကလည္း ပရိသတ္ေတြကို စိတ္ဝင္စားမႈေတြ ျမင့္တက္ေစခဲ့တာလည္း ျဖစ္ပါတယ္။

ထုံးစံအတိုင္းပဲ Sexy က်က် ဝတ္စားဆင္ယင္မႈေတြ၊ အမိုက္စား အကအဖြဲ႕ေတြနဲ႔ ၿမိဳင္ဆိုင္တဲ့ သ႐ုပ္ေဖာ္တင္ဆက္မႈေတြကို ဒီသီခ်င္း႐ုပ္သံထဲမွာ တမူထူးျခားစြာ ရႈစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။

အသံပါဝါ မတူညီကြဲျပားျခားနားမႈေတြနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ဒီသီခ်င္း႐ုပ္သံဗြီဒီယိုဖိုင္ဟာ လတ္တေလာအခ်ိန္ထိ ယူက်ဳဘ္ေပၚမွာ နာရီပိုင္းအတြင္း ဝင္ေရာက္ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ ၁၅ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ေလဒီဂါဂါရဲ႕ Chromatica ေတးအယ္လ္ဘမ္ကို အစက ဧၿပီလ ၁၀ ရက္ေန႔မွာ ထြက္ရွိဖို႔ စီစဥ္ခဲ့ေပမယ့္ ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ ၾကန႔္ၾကာေနခဲ့ရတာျဖစ္ကာ ခုလက္ရွိမွာေတာ့ လာမယ့္ ေမလ ၂၉ ရက္ေန႔မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here