ဘေးထိုင်ဘုပြောနေမယ့်အစား တည့်တည့်ထိုင် အမှန်ပြောပြီး လက်တွေ့လုပ်တာ ပိုကောင်းလိမ့်မယ် – ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

0
95

တပ်မတော်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေအပေါ် အမျိုးမျိုးဝေဖန်ပြောဆို မှုတွေရှိနေပေမယ့် နိုင်ငံအကျိုး၊ အမျိုးသားကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုး၊ နိုင်ငံကောင်းကျိုး အများအတွက် ဆက်လုပ်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မေ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

“တပ်မတော်ရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အမျိုးမျိုးဝေဖန်နေတာတော့ ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ နိုင်ငံအကျိုး၊ အမျိုးသားကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုး ဆောင်ရွက်နေနေ၊ နိုင်ငံတော်ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းဆောင်ရွက်ပေးနေသူတွေကို ကျနော်တို့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မကြာခဏပြောသလို ပြည်သူလူထု အားကိုးရတဲ့၊ နိုင်ငံတော်က အားထားရတဲ့ တပ်မတော်ဖြစ်အောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံအရေး၊ အမျိုးသားအရေး ဆောင်ရွက်ချက်တွေမှာ တချို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်။

ပြည်သူလူထုအပေါ်မှာ ဘာတွေများ ပွန်းပဲ့သွားလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ကျနော် ပြောလိုတာကတော့ ဒါတွေနဲ့ပတ်သက်ပြီး ဘေးထိုင်ဘုပြောနေမယ့်အစား တည့်တည့်ထိုင် အမှန်ပြောပြီးတော့ လက်တွေ့လုပ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်လို့၊ လက်တွေ့ဆန်လိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်။”

ကိုဗစ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို ဘယ်အဖွဲ့အစည်းကိုမှ ချန်လှပ်ထားတာမျိုး မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ လှူဒါန်းတာတွေပြီး အများပြည်သူသွားလာတဲ့ လေဆိပ်၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေ၊ တည်းခိုရေးရိပ်သာတွေမှာ Quarantine Center အဖြစ် ထားရှိပေးတာတွေ၊ အများပြည်သူသက်သာချောင်ချိရေးအတွက် ထမင်းဟင်းချက်ရောင်းချ တာတွေလည်း ရှိပါတယ်။

တပ်မတော်က ကိုဗစ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဘာသာရေးအဆောက်အအုံတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ ၁၃၈၀၀ နေရာကျော်ကို ပိုးသတ်ဆေးဖျန်းတာတွေ၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

DVB TV News

တပ္မေတာ္ရဲ႕ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြအေပၚ အမ်ိဳးမ်ိဳးေဝဖန္ေျပာဆို မႈေတြရွိေနေပမယ့္ ႏိုင္ငံအက်ိဳး၊ အမ်ိဳးသားေကာင္းက်ိဳး၊ ျပည္သူ႔ေကာင္းက်ိဳး၊ ႏိုင္ငံေကာင္းက်ိဳး အမ်ားအတြက္ ဆက္လုပ္သြားမယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေမ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာၾကားခဲ့တာပါ။

“တပ္မေတာ္ရဲ႕ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မွာ အမ်ိဳးမ်ိဳးေဝဖန္ေနတာေတာ့ ရွိပါတယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ႏိုင္ငံအက်ိဳး၊ အမ်ိဳးသားေကာင္းက်ိဳး၊ ျပည္သူ႔ေကာင္းက်ိဳး ေဆာင္႐ြက္ေနေန၊ ႏိုင္ငံေတာ္ရဲ႕လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေဆာင္႐ြက္ေပးေနသူေတြကို က်ေနာ္တို႔က ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ မၾကာခဏေျပာသလို ျပည္သူလူထု အားကိုးရတဲ့၊ ႏိုင္ငံေတာ္က အားထားရတဲ့ တပ္မေတာ္ျဖစ္ေအာင္ က်ေနာ္တို႔ ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ႏိုင္ငံအေရး၊ အမ်ိဳးသားအေရး ေဆာင္႐ြက္ခ်က္ေတြမွာ တခ်ိဳ႕ ေဝဖန္ေနတာေတြလည္း ရွိပါတယ္။

ျပည္သူလူထုအေပၚမွာ ဘာေတြမ်ား ပြန္းပဲ့သြားလဲလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။ က်ေနာ္ ေျပာလိုတာကေတာ့ ဒါေတြနဲ႔ပတ္သက္ၿပီး ေဘးထိုင္ဘုေျပာေနမယ့္အစား တည့္တည့္ထိုင္ အမွန္ေျပာၿပီးေတာ့ လက္ေတြ႕လုပ္တာက ပိုၿပီးေတာ့ ေကာင္းလိမ့္မယ္လို႔၊ လက္ေတြ႕ဆန္လိမ့္မယ္လို႔ အႀကံျပဳလိုက္ပါတယ္။”

ကိုဗစ္အတြက္ ကာကြယ္ေရးပစၥည္းေတြကို ဘယ္အဖြဲ႕အစည္းကိုမွ ခ်န္လွပ္ထားတာမ်ိဳး မရွိဘဲ တိုင္းရင္းသား လက္နက္ကိုင္ေဒသေတြမွာ လႉဒါန္းတာေတြၿပီး အမ်ားျပည္သူသြားလာတဲ့ ေလဆိပ္၊ စာသင္ေက်ာင္းေတြ၊ ဘာသာေရးအေဆာက္အအုံေတြမွာ ပိုးသတ္ေဆးဖ်န္းတာေတြ၊ တည္းခိုေရးရိပ္သာေတြမွာ Quarantine Center အျဖစ္ ထားရွိေပးတာေတြ၊ အမ်ားျပည္သူသက္သာေခ်ာင္ခ်ိေရးအတြက္ ထမင္းဟင္းခ်က္ေရာင္းခ် တာေတြလည္း ရွိပါတယ္။

တပ္မေတာ္က ကိုဗစ္ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ေရးအတြက္ ဘာသာေရးအေဆာက္အအုံေတြ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာ ၁၃၈၀၀ ေနရာေက်ာ္ကို ပိုးသတ္ေဆးဖ်န္းတာေတြ၊ ကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here