စင်ကာပူတွင် မေ ၂၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄၂ ဦး ထပ်တွေ့

0
75

စင်ကာပူနိုင်ငံမှာ မေ ၂၃ ရက်မှာပဲ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၆၄၂ ဦး ထပ်တွေ့ပါတယ်။စာရင်းအရ အတည်ပြုလူနာဦးရေဟာ ၃၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၃ ယောက် ရှိသွားပါပြီ။

စင်ကာပူ အခြေစိုက် ချန်နယ်နယူးအေးရှားစ် သတင်းကတော့ ဒီလူနာအသစ်တွေထဲမှာ မူကြိုကျောင်းဝန်ထမ်း နှစ်ဦး ပါတယ်လို့ ဖော်ပြထားပါတယ်။စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကူးစက်ခံရတဲ့ လူနာအများစုမှာ ရွှေ့ပြောင်းလုပ်သား အများစုပါဝင်တယ်လို့ သိရပါတယ်။

စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော်ရှိပြီး သူတို့ဟာ ကျဉ်းကျပ်တဲ့ အဆောင်တွေထဲမှာ နေထိုင်ရလို့ ကူးစက်နှုန်း မြင့်မားတာလို့ သတင်းတွေက ဆိုပါတယ်။အစိုးရကတော့ အားလုံးကို ကိုဗစ်-၁၉ ရှိ၊ မရှိ ဆေးစစ်သွားမယ်လို့ မေ ၁၂ ရက်နေ့ကတည်းက ထုတ်ပြန်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

—————-

စင္ကာပူႏိုင္ငံမွာ ေမ ၂၃ ရက္မွာပဲ ကိုဗစ္-၁၉ အတည္ျပဳလူနာဦးေရဟာ ၆၄၂ ဦး ထပ္ေတြ႕ပါတယ္။စာရင္းအရ အတည္ျပဳလူနာဦးေရဟာ ၃၁,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂၃ ေယာက္ ရွိသြားပါၿပီ။

စင္ကာပူ အေျခစိုက္ ခ်န္နယ္နယူးေအးရွားစ္ သတင္းကေတာ့ ဒီလူနာအသစ္ေတြထဲမွာ မူႀကိဳေက်ာင္းဝန္ထမ္း ႏွစ္ဦး ပါတယ္လို႔ ေဖာ္ျပထားပါတယ္။စင္ကာပူ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ကူးစက္ခံရတဲ့ လူနာအမ်ားစုမွာ ေ႐ႊ႕ေျပာင္းလုပ္သား အမ်ားစုပါဝင္တယ္လို႔ သိရပါတယ္။

စင္ကာပူမွာ ေ႐ႊ႕ေျပာင္းလုပ္သား ၃ သိန္းေက်ာ္ရွိၿပီး သူတို႔ဟာ က်ဥ္းက်ပ္တဲ့ အေဆာင္ေတြထဲမွာ ေနထိုင္ရလို႔ ကူးစက္ႏႈန္း ျမင့္မားတာလို႔ သတင္းေတြက ဆိုပါတယ္။အစိုးရကေတာ့ အားလုံးကို ကိုဗစ္-၁၉ ရွိ၊ မရွိ ေဆးစစ္သြားမယ္လို႔ ေမ ၁၂ ရက္ေန႔ကတည္းက ထုတ္ျပန္ထားတယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပထားပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here