မြဝတီရောက် အလုပ်သမားများ ရောဂါပိုးတွေ့ရှိပါက ဝေဘာဂီဆေးရုံ လွှဲပြောင်းကုသမည်

0
38

ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကို ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေပြောင်းအလုပ်သမားတွေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်ပြီး လုံခြုံစိတ်ချရတဲ့ ဝေဘာဂီဆေးရုံကြီးကို လွှဲပြောင်းကုသမှု ပေးသွားမယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“လက်ရှိစစ်ဆေးလိုက်လို့ Positive ဖြစ်တယ်ဆိုရင်တော့ ဝေဘာဂီကို တိုက်ရိုက်လွှဲပြောင်းမှာဖြစ်တယ်။ ပြီးရင် သူတို့ Contacts တွေကို ရှာဖွေပြီးတော့ ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးတဲ့ဟာတွေ လုပ်သွားမယ်”လို့ ပြောပါတယ်။

မြဝတီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ထိုင်းကနေ အခုပြန်လည်ဝင်ရောက်လာတဲ့သူတွေကတော့ စိုးရိမ်စိတ်လွန်ကဲမှုတော့ မရှိပါဘူး။ ဒါတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေကိုတော့ အဆင့်ဆင့်ဆောင်ရွက် သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ တခွက်ဖိုးကျေးရွာနေ (ပြန်လည်ဝင်ရောက်လာသူ) နန်းချယ်ရီစိုးက “ရောဂါကူးမှာတော့ စိုးရိမ်တော့ စိုးရိမ်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပေါ့။ ရွာပြန်လည်း ကာကွယ်ရမှာပဲ။ ပေါ့ဆနေလို့ မရဘူး” လို့ ပြောပါတယ်။

မေ ၂၃ ရက်နေ့က နှစ်နိုင်ငံသဘောတူ ညှိနှိုင်းမှုအရ ပြန်လည်ဝင်ရောက်လာသူ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်နဲ့ သီးခြား ပြန်လည်ဝင်ရောက်လာသူ ၁၀၀ ကျော် ရှိပါတယ်။

မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာတွေ ဆောင်ရွက်ပေးပြီး မြဝတီမြို့ Quarantine စခန်းတွေမှာ ၂၁ ရက်ထားရှိပြီး စောင့်ကြည့်သွားမှာပါ။

ပြည်လည်ဝင်ရောက်လာသူတွေဟာ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်၊ တနဿ်ရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကဖြစ်ပြီး ကရင်ပြည်နယ်အစိုးရက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေ ချိတ်ဆက်ပြီး မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးသွားမှာပါ။

ပြန်လည်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေ ၃၃၀၀၀ ကျော် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမား သံအရာရှိထံ စာရင်းပေးပို့ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

၁ ရက်ကို လူဦးရေ ၂၅၀၀ အထိ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ စောင့်ရှောက်မှုပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

—————–

ထိုင္းႏိုင္ငံကေန ျမဝတီနယ္စပ္ကို ျဖတ္ေက်ာ္ၿပီး ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာေ႐ႊေျပာင္းအလုပ္သမားေတြ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိပါက က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈ အေကာင္းဆုံးေပးႏိုင္ၿပီး လုံၿခဳံစိတ္ခ်ရတဲ့ ေဝဘာဂီေဆး႐ုံႀကီးကို လႊဲ​ေျပာင္းကုသမႈ ေပးသြားမယ္လို႔ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္က ေျပာပါတယ္။

“လက္ရွိစစ္ေဆးလိုက္လို႔ Positive ျဖစ္တယ္ဆိုရင္ေတာ့ ေဝဘာဂီကို တိုက္႐ိုက္လႊဲေျပာင္းမွာျဖစ္တယ္။ ၿပီးရင္ သူတို႔ Contacts ေတြကို ရွာေဖြၿပီးေတာ့ ကိုဗစ္-၁၉ ရွိ၊ မရွိ စစ္ေဆးတဲ့ဟာေတြ လုပ္သြားမယ္”လို႔ ေျပာပါတယ္။

ျမဝတီၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္႔ဇင္ေအာင္က “ထိုင္းကေန အခုျပန္လည္ဝင္ေရာက္လာတဲ့သူေတြကေတာ့ စိုးရိမ္စိတ္လြန္ကဲမႈေတာ့ မရွိပါဘူး။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ စစ္ေဆးမႈေတြကိုေတာ့ အဆင့္ဆင့္ေဆာင္႐ြက္ သြားမွာျဖစ္တယ္” လို႔ ေျပာပါတယ္။

လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ တခြက္ဖိုးေက်း႐ြာေန (ျပန္လည္ဝင္ေရာက္လာသူ) နန္းခ်ယ္ရီစိုးက “ေရာဂါကူးမွာေတာ့ စိုးရိမ္ေတာ့ စိုးရိမ္တယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ရမွာေပါ့။ ႐ြာျပန္လည္း ကာကြယ္ရမွာပဲ။ ေပါ့ဆေနလို႔ မရဘူး” လို႔ ေျပာပါတယ္။

ေမ ၂၃ ရက္ေန႔က ႏွစ္ႏိုင္ငံသေဘာတူ ညႇိႏႈိင္းမႈအရ ​ျပန္လည္ဝင္ေရာက္လာသူ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂၀၀ ေက်ာ္နဲ႔ သီးျခား ျပန္လည္ဝင္ေရာက္လာသူ ၁၀၀ ေက်ာ္ ရွိပါတယ္။

​ျမန္မာႏိုင္ငံသား ေ႐ြ႕ေျပာင္းအလုပ္သမားေတြကို ကိုယ္ပူခ်ိန္တိုင္းတာ၊ Thermal Scan စက္ေတြနဲ႔ စစ္ေဆးတာေတြ ေဆာင္႐ြက္ေပးၿပီး ျမဝတီၿမိဳ႕ Quarantine စခန္းေတြမွာ ၂၁ ရက္ထားရွိၿပီး ေစာင့္ၾကည့္သြားမွာပါ။

ျပည္လည္ဝင္ေရာက္လာသူေတြဟာ မြန္၊ ကရင္၊ ကယား၊ ရွမ္း၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ေနျပည္ေတာ္၊ တနႆ္ရီ နဲ႔ ဧရာဝတီတိုင္းေဒသႀကီးေတြကျဖစ္ၿပီး ကရင္ျပည္နယ္အစိုးရ​က သက္ဆိုင္ရာျပည္နယ္၊ တိုင္းေဒသႀကီးအစိုးရေတြ ခ်ိတ္ဆက္ၿပီး ေမာ္ေတာ္ယာဥ္ေတြနဲ႔ အခမဲ့ပို႔ေဆာင္ေပးသြားမွာပါ။

ျပန္လည္ဝင္ေရာက္မယ့္ ျမန္မာႏိုင္ငံသားေတြ ၃၃၀၀၀ ေက်ာ္ ထိုင္းႏိုင္ငံဆိုင္ရာ အလုပ္သမား သံအရာရွိထံ စာရင္းေပးပို႔ထားတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။

၁ ရက္ကို လူဦးေရ ၂၅၀၀ အထိ က်န္းမာေရးစစ္ေဆးမႈေတြနဲ႔ ေစာင့္ေရွာက္မႈေပးႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ထားတယ္လို႔ တာဝန္ရွိသူက ​ေျပာပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here