ရက္စက္လိုက္တဲ့ ဆိုရွယ္ လူမူ႔ကြန္ယက္က သူေတာင္းစား

0
101

ဒီလို လုပ္ရပ္မ်ိဳးေတြ ကို ဆိုရွယ္ အြန္လိုင္းလူမူ ့ကြန္ယက္က သနားကူညီတတ္တဲ့ ေစတနာရွင္ေတြ အတြက္ ၾကိဳတင္သိရွိနိုင္ဖို ့ပါ၊

ထိုင္းနိုင္ငံရဲ ့ စီးပြားပ်က္ကာလ မွာ လူတန္းစားမ်ိဳးစံု ဟာ လူလိမ္ေတြ ဘ၀ ေရာက္ေနၾကတာမို ့ လူ ့ပါတ္၀န္းက်င္မွာ ဆိုရွယ္ကေန ပံုစံမ်ိဳးစံုနဲ ့ ၾကည့္ရူ ့သူေတြသနားေအာင္ပို ့စ္ေတြတင္ျပီး အကူညီေတာင္းၾကတဲ့ သူေတြ အမ်ားအျပား ေတြ ့လာေနရပါတယ္။

ဆုိရွယ္လူမ့ူကြန္ယက္က အလွဴရွင္ေတြကသနားျပီး အမ်ားဆံုး၀ုိင္းကူေပးတာကေတာ့က်န္းမာေရးမေကာင္းတဲ့ ကေလးငယ္ေတြျပစားျပီး ေတာင္းစားေနသူေတြကုိပါ –

ဘန္ေကာက္ျမိဳ ဒိုးေမာင္း နယ္ေျမ မွာေနထိုင္ေနတဲ့ Nittha Wongwall နစ္ထာ ၀ုန္၀ယ္ အသက္ ၂၉ နွစ္ခန့္ရွိတဲ့ အမ်ိဳးသမီးဟာ သူ ့ကေလး ခံစားေနရတဲ့ ထူးဆန္းတဲ့ေရာဂါေၾကာင့္ သမီးေလးဟာ နာတာရွည္ ေဆးရံုမွာ ေဆးကုေနရပါတယ္ တကိုယ္လံုးဖူးေယာင္ေနျပီး ပါးစပ္ကအျမဳပ္ထြက္ ဆီးသြားရင္ေသြးေတြပါေနပါတယ္။ မိတ္ေဆြတို ့ ရယ္ တတ္နိုင္သမွ်ကူညီေပးၾကပါရွင္…..။ လို ့လူမူ ့ကြန္ယက္က ေန အကူညီေတာာင္းခဲ့တာပါ ။

ဒီလိုနဲ ့ ဆိုရွယ္ လူမူ ့ကြန္ယက္မွာ ပိုစ္ ့တင္ျပီး အကူညီေတာင္းခံလိုက္လို ့ သူမဘဏ္အေကာင့္မွာ ပို ့လာသူ လူ ၈၀၀၀ (ရွစ္ေထာင္)ခန္ ့ ရွိသြားျပီး ဘတ္ ၁၀ သန္းေက်ာ္ (က်ပ္ေငြ သိန္း၄၀၀) ရသြားပါတယ္။ခုလို ဆိုရွယ္လူမူ့ကေန သူမသမီး အသက္ ၀ိုင္းကယ္ဖို ့ ၾကိဳးစားၾကေပမယ့္ကေလးဟာ ေသဆံုးသြားခဲ့ပါတယ္။

ေဆးရံုက ကေလးအေလာင္းကိုေဆးစစ္တဲ့အခါမွ အစားအိမ္ထဲမွာ ပိုးသတ္ေဆးဓါတ္ေပါင္းေတြေတြ ့ရလို ့ သာမန္ေရာဂါမဟုတ္ဘဲ ကေလးဟာ ပိုးသတ္ဓါတုေဆး တစ္မ်ိဳး ကို စားမိ မ်ိဳမိထားတာကို စစ္ေဆးေတြ ့သြားခဲ့လို ့သူမကုိ သတိျပဳမိသြားႀကပါတယ္

အခုလို ဒုတိယအႀကိမ္ သူမ ထပ္လုပ္တဲ့အခါမွာေတာ့ ဒါဟာ မေတာ္တဆ ျဖစ္ရပ္ေတာ့ မဟုတ္ပါဘူး မိခင္ဆိုတဲ့ တရားခံ အမ်ိဳးသမီးရဲ ့ လက္ခ်က္ျဖစ္ႏီုင္တယ္ ဆိုျပီး ဆို၇ွယ္လူမူ ့ကြန္ယက္ သတင္းသမား ေတြက ပထမ ျဖစ္ရပ္ကုိ ျပန္ျပီးရွာေဖြေပးခဲ့ပါတယ္။

တကယ္ေတာ့ အဲဒီအမ်ိဳးသမီးဟာ သူမကေလးကို က်န္းမာေရးဆိုးလာေအာင္ အစာထဲမွာ ပိုးသတ္ေဆး(အိမ္သာသန္ ့ရွင္းေရးေဆး)နည္းနည္းစီ ထည့္ေၾကြးျပီး အေျခအေနဆိုးလာတဲ့အခါ ပံုရိုက္ျပီး အြန္လိုင္းမွာ လိုက္ေတာင္းေတာ့တာပါပဲ တဲ့။

သူ ့မ လက္ခ်က္ေၾကာင့္ ပထမဆံုး ဇတ္လမ္းဆင္ ေငြေတာင္းခဲ့တဲ့ သံုးနွစ္ မိန္းကေလးတစ္ဦး ဟာလည္း ခုလိုပံုစံမ်ိဳးနဲ ့ကိုယ္ထဲမွာ ပိုးသတ္ေဆးအဆိပ္ျပန္ျပီးေသဆံုးခဲ့ရျပီး အြန္လိုင္းအလွဴရွင္ေတြဆီက ဘတ္သန္း၂၀ေက်ာ္ ရသြားခဲ့ဘူးပါတယ္။

ဒုတိယအႀကိမ္ ေနာက္ထပ္ ကေလးတဦးကို အဲဒီလိုမ်ိဳးပံုစံမ်ိဳးလုပ္ျပီးေတာင္းရမ္းမွ လူမူကြန္ယက္က သူကုိမွတ္မိသြားခဲ့တာပါ။သူဟာ သူ ့အုပ္ထိမ္းသူ ဆုိျပီးနံမည္ခံျပီး ေငြေတာင္းတာမို့ သူဟာ မိခင္အစစ္ျဖစ္တယ္ မျဖစ္ဘူးဆိုတာေတာ့မေသခ်ာေသးပါဘူး။ သူကုိ စစ္ေဆးေနဆဲပါပဲ ။

တရားခံအျဖစ္ အဲဒီအမ်ိဳးသမီးကို ရဲတတ္ဖြဲ ့က ဖမ္း၀ရမ္းထုတ္ျပီး မေန့ကေတာ့ ဖမ္းဆီးလိုက္ပါျပီ။ဒီလို လုပ္ရပ္မ်ိဳး လိုက္မလုပ္ႏိုင္ဘူးလို့မေျပာႏိုင္လို ့ အတုခိုးမယ့္ အြန္လိုင္းလူယုတ္မာသူေတာင္စားေတြေတြေပၚလာမွာစိုးတာေၾကာင့္ သတိေပး ေဖၚျပလိုက္တာျဖစ္ပါတယ္။

(Social Action For Children And Women )

ဒီလို လုပ်ရပ်မျိုးတွေ ကို ဆိုရှယ် အွန်လိုင်းလူမူ့ကွန်ယက်က သနားကူညီတတ်တဲ့ စေတနာရှင်တွေ အတွက် ကြိုတင်သိရှိနိုင်ဖို့ပါ၊

ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကာလ မှာ လူတန်းစားမျိုးစုံ ဟာ လူလိမ်တွေ ဘ၀ ရောက်နေကြတာမို့ လူ့ပါတ်ဝန်းကျင်မှာ ဆိုရှယ်ကနေ ပုံစံမျိုးစုံနဲ့ ကြည့်ရူ့သူတွေသနားအောင်ပို့စ်တွေတင်ပြီး အကူညီတောင်းကြတဲ့ သူတွေ အများအပြား တွေ့လာနေရပါတယ်။

ဆိုရှယ်လူမ့ူကွန်ယက်က အလှူရှင်တွေကသနားပြီး အများဆုံးဝိုင်းကူပေးတာကတော့ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေပြစားပြီး တောင်းစားနေသူတွေကိုပါ –

ဘန်ကောက်မြို ဒိုးမောင်း နယ်မြေ မှာနေထိုင်နေတဲ့ Nittha Wongwall နစ်ထာ ဝုန်ဝယ် အသက် ၂၉ နှစ်ခန့်ရှိတဲ့ အမျိုးသမီးဟာ သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ရောဂါကြောင့် သမီးလေးဟာ နာတာရှည် ဆေးရုံမှာ ဆေးကုနေရပါတယ် တကိုယ်လုံးဖူးယောင်နေပြီး ပါးစပ်ကအမြုပ်ထွက် ဆီးသွားရင်သွေးတွေပါနေပါတယ်။ မိတ်ဆွေတို့ ရယ် တတ်နိုင်သမျှကူညီပေးကြပါရှင်…..။ လို့လူမူ့ကွန်ယက်က နေ အကူညီတောာင်းခဲ့တာပါ ။

 

ဒီလိုနဲ့ ဆိုရှယ် လူမူ့ကွန်ယက်မှာ ပိုစ့်တင်ပြီး အကူညီတောင်းခံလိုက်လို့ သူမဘဏ်အကောင့်မှာ ပို့လာသူ လူ ၈၀၀၀ (ရှစ်ထောင်)ခန့် ရှိသွားပြီး ဘတ် ၁၀ သန်းကျော် (ကျပ်ငွေ သိန်း၄၀၀) ရသွားပါတယ်။ခုလို ဆိုရှယ်လူမူ့ကနေ သူမသမီး အသက် ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့်ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။

ဆေးရုံက ကလေးအလောင်းကိုဆေးစစ်တဲ့အခါမှ အစားအိမ်ထဲမှာ ပိုးသတ်ဆေးဓါတ်ပေါင်းတွေတွေ့ရလို့ သာမန်ရောဂါမဟုတ်ဘဲ ကလေးဟာ ပိုးသတ်ဓါတုဆေး တစ်မျိုး ကို စားမိ မျိုမိထားတာကို စစ်ဆေးတွေ့သွားခဲ့လို့သူမကို သတိပြုမိသွားကြပါတယ်

အခုလို ဒုတိယအကြိမ် သူမ ထပ်လုပ်တဲ့အခါမှာတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး မိခင်ဆိုတဲ့ တရားခံ အမျိုးသမီးရဲ့ လက်ချက်ဖြစ်နီုင်တယ် ဆိုပြီး ဆိုရှယ်လူမူ့ကွန်ယက် သတင်းသမား တွေက ပထမ ဖြစ်ရပ်ကို ပြန်ပြီးရှာဖွေပေးခဲ့ပါတယ်။

 

တကယ်တော့ အဲဒီအမျိုးသမီးဟာ သူမကလေးကို ကျန်းမာရေးဆိုးလာအောင် အစာထဲမှာ ပိုးသတ်ဆေး(အိမ်သာသန့်ရှင်းရေးဆေး)နည်းနည်းစီ ထည့်ကြွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာပါပဲ တဲ့။

သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇတ်လမ်းဆင် ငွေတောင်းခဲ့တဲ့ သုံးနှစ် မိန်းကလေးတစ်ဦး ဟာလည်း ခုလိုပုံစံမျိုးနဲ့ကိုယ်ထဲမှာ ပိုးသတ်ဆေးအဆိပ်ပြန်ပြီးသေဆုံးခဲ့ရပြီး အွန်လိုင်းအလှူရှင်တွေဆီက ဘတ်သန်း၂၀ကျော် ရသွားခဲ့ဘူးပါတယ်။

ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလိုမျိုးပုံစံမျိုးလုပ်ပြီးတောင်းရမ်းမှ လူမူကွန်ယက်က သူကိုမှတ်မိသွားခဲ့တာပါ။သူဟာ သူ့အုပ်ထိမ်းသူ ဆိုပြီးနံမည်ခံပြီး ငွေတောင်းတာမို့ သူဟာ မိခင်အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့မသေချာသေးပါဘူး။ သူကို စစ်ဆေးနေဆဲပါပဲ ။

 

တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတတ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး မနေ့ကတော့ ဖမ်းဆီးလိုက်ပါပြီ။ဒီလို လုပ်ရပ်မျိုး လိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အတုခိုးမယ့် အွန်လိုင်းလူယုတ်မာသူတောင်စားတွေတွေပေါ်လာမှာစိုးတာကြောင့် သတိပေး ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

(Social Action For Children And Women )

LEAVE A REPLY

Please enter your comment!
Please enter your name here