ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ လူနာအမှတ် ၁၁၁ ကင်ဆာရောဂါဖြင့် ကွယ်လွန်

0
84

ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားတဲ့ လှိုင်သာယာမြို့နယ်က လူနာ အမှတ် ၁၁၁ အမျိုးသမီးဟာ ကင်ဆာရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားတယ်လို့ လှိုင်သာယာမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

အသက် ၅၄ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ကိုဗစ်-၁၉ ရောဂါ Negative သုံးကြိမ်ပြပြီးနောက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကနေ မေလ ၁၁ ရက်နေ့ကတည်းက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်မှာ မေ ၁၈ ရက်နေ့ကစပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပြီး ဒီနေ့မနက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

လူနာအမှတ် ၁၁၁ ကို ဧပြီ ၁၉ ရက်က အတည်ပြုတွေ့ခဲ့တာ ဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။

သူနဲ့အတူ တရက်တည်း အတည်ပြုတွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်းက လူနာအမှတ် ၁၀၉ အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာဟာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်အနောက်ပိုင်းဆေးရုံမှ, စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။

—————

ကိုဗစ္-၁၉ ေရာဂါ ေပ်ာက္ကင္းသြားတဲ့ လႈိင္သာယာၿမိဳ႕နယ္က လူနာ အမွတ္ ၁၁၁ အမ်ိဳးသမီးဟာ ကင္ဆာေရာဂါနဲ႔ ဒီေန႔မနက္ ကြယ္လြန္သြားတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ဒီဗြီဘီကို ေျပာပါတယ္။

အသက္ ၅၄ ႏွစ္အ႐ြယ္ အဲဒီအမ်ိဳးသမီးဟာ ကိုဗစ္-၁၉ ေရာဂါ Negative သုံးႀကိမ္ျပၿပီးေနာက္ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံကေန ေမလ ၁၁ ရက္ေန႔ကတည္းက ဆင္းခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ ေမ ၁၈ ရက္ေန႔ကစၿပီး ရန္ကုန္ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရတာ ျဖစ္ၿပီး ဒီေန႔မနက္က ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

လူနာအမွတ္ ၁၁၁ ကို ဧၿပီ ၁၉ ရက္က အတည္ျပဳေတြ႕ခဲ့တာ ျဖစ္ၿပီး ကိုဗစ္-၁၉ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့တာ မရွိသလို ျပည္ပခရီးသြားတာ မရွိခဲ့ေပမယ့္ ရန္ကုန္ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ စစ္ေဆးခဲ့ရာကေန ေရာဂါကူးစက္ခံထားရတာကို ေတြ႕ခဲ့ရတာပါ။

သူနဲ႔အတူ တရက္တည္း အတည္ျပဳေတြ႕ခဲ့ရတဲ့ သဃၤန္းကြၽန္းက လူနာအမွတ္ ၁၀၉ အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသားလူနာဟာလည္း ကိုဗစ္-၁၉ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့တာ မရွိသလို ျပည္ပခရီးသြားတာ မရွိခဲ့ေပမယ့္ ရန္ကုန္အေနာက္ပိုင္းေဆး႐ုံမွ, ေစာင့္ၾကည့္လူနာအျဖစ္ စစ္ေဆးခဲ့ရာကေန ေရာဂါကူးစက္ခံထားရတာကို ေတြ႕ခဲ့ရတာပါ။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here