မသုံးစွဲသင့်သည့် အလှကုန်ပစ္စည်း ၁၇ မျိုး အက်ဖ်ဒီအေ ထုတ်ပြန်

0
68

ဈေးကွက်ထဲမှာရောင်းချနေတဲ့ အသားဖြူခရင်မ်၊ နှုတ်ခမ်းနီ စတဲ့ အလှကုန်ပစ္စည်း ၁၇ မျိုးမှာ တားမြစ်ဓာတုပစ္စည်းတွေ ပါနေတာကြောင့် သုံးစွဲဖို့ မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) က ထုတ်ပြန်ပါတယ်။

Mercury (ပြဒါး)၊ Hydroquinone (အသားအရေမှာသုံးတဲ့ ချွတ်ဆေး)၊ Rhodamine B (အရောင်ဆိုးဆေး) တို့ပါဝင်နေတာဖြစ်ပြီး မနေ့က ထုတ်ပြန်ကြေညာရာမှာတော့ နှုတ်ခမ်းနီက အများဆုံး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထုတ် အသားဖြူ ညလိမ်းခရင်မ်၊ ကိုရီးယားနိုင်ငံထုတ် ဝက်ခြံပျောက်ဆေး၊ ထိုင်းနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံထုတ် အသားဖြူခရင်မ်၊ မြန်မာနာမည်နဲ့ ဖော်ပြထားပြီး ထုတ်လုပ်သူနာမည် မပါတဲ့ တင်းတိတ်စနိုးနဲ့ ထုတ်လုပ်သူနဲ့ နိုင်ငံဖော်ပြမထားတဲ့ နှုတ်ခမ်းနီတို့ ဖြစ်ပါတယ်။

ဒါတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြား ယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေ ဖြစ်တာ၊ ထုံကျင်စေတာ၊ ကြွက်သားတွေ တုန်ခါစေတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ကျရောဂါအပြင် ရေရှည်သုံးမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အရောင်ဆိုးဆေးတွေကတော့ အဝတ်အထည်တွေ အရောင်ဆိုးရာမှာ သုံးတာဖြစ်လို့ ရေရှည်သုံးရင် နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ လက်လီအရောင်းဆိုင်တွေအနေနဲ့လည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းမရှိတဲ့၊ အများပြည်သူသုံးစွဲဖို့ မသင့်ဘူးလို့ ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာ မလုပ်ဖို့၊ လုပ်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃ အရ အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

—————–

ေဈးကြက္ထဲမွာေရာင္းခ်ေနတဲ့ အသားျဖဴခရင္မ္၊ ႏႈတ္ခမ္းနီ စတဲ့ အလွကုန္ပစၥည္း ၁၇ မ်ိဳးမွာ တားျမစ္ဓာတုပစၥည္းေတြ ပါေနတာေၾကာင့္ သုံးစြဲဖို႔ မသင့္ဘူးလို႔ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (အက္ဖ္ဒီေအ) က ထုတ္ျပန္ပါတယ္။

Mercury (ျပဒါး)၊ Hydroquinone (အသားအေရမွာသုံးတဲ့ ခြၽတ္ေဆး)၊ Rhodamine B (အေရာင္ဆိုးေဆး) တို႔ပါဝင္ေနတာျဖစ္ၿပီး မေန႔က ထုတ္ျပန္ေၾကညာရာမွာေတာ့ ႏႈတ္ခမ္းနီက အမ်ားဆုံး ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံထုတ္ အသားျဖဴ ညလိမ္းခရင္မ္၊ ကိုရီးယားႏိုင္ငံထုတ္ ဝက္ၿခံေပ်ာက္ေဆး၊ ထိုင္းႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံထုတ္ အသားျဖဴခရင္မ္၊ ျမန္မာနာမည္နဲ႔ ေဖာ္ျပထားၿပီး ထုတ္လုပ္သူနာမည္ မပါတဲ့ တင္းတိတ္စႏိုးနဲ႔ ထုတ္လုပ္သူနဲ႔ ႏိုင္ငံေဖာ္ျပမထားတဲ့ ႏႈတ္ခမ္းနီတို႔ ျဖစ္ပါတယ္။

ဒါေတြမွာပါတဲ့ ဓာတုပစၥည္းေတြေၾကာင့္ အေရျပား ယားယံတာ၊ ေရာင္ရမ္းတာ၊ အျဖဴအနီကြက္ေတြ ျဖစ္တာ၊ ထုံက်င္ေစတာ၊ ႂကြက္သားေတြ တုန္ခါေစတာ၊ ပင္ပန္းႏြမ္းနယ္တာ၊ ေခါင္းကိုက္တာ၊ စိတ္က်ေရာဂါအျပင္ ေရရွည္သုံးမယ္ဆိုရင္ ေက်ာက္ကပ္ပ်က္စီးတာနဲ႔ တျခားေရာဂါေတြ ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

အေရာင္ဆိုးေဆးေတြကေတာ့ အဝတ္အထည္ေတြ အေရာင္ဆိုးရာမွာ သုံးတာျဖစ္လို႔ ေရရွည္သုံးရင္ ႏႈတ္ခမ္းကင္ဆာ၊ အစာအိမ္အူလမ္းေၾကာင္း ကင္ဆာနဲ႔ ေက်ာက္ကပ္ေရာဂါေတြ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

အလွကုန္ပစၥည္း တင္သြင္းေရာင္းခ်တဲ့ ကုမၸဏီေတြနဲ႔ လက္လီအေရာင္းဆိုင္ေတြအေနနဲ႔လည္း အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွာ မွတ္တမ္းမရွိတဲ့၊ အမ်ားျပည္သူသုံးစြဲဖို႔ မသင့္ဘူးလို႔ ေၾကညာထားတဲ့ အလွကုန္ပစၥည္းေတြကို တင္သြင္းျဖန႔္ျဖဴးေရာင္းခ်တာ မလုပ္ဖို႔၊ လုပ္ခဲ့တယ္ဆိုရင္ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၃ အရ အေရးယူမယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here