ကွမ်းခြံကုန်းတွင် ငါးဖမ်းစက်လှေတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ

0
76

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ မေ ၂၂ ရက်နေ့က ငါးဖမ်းစက်လှေတိမ်းမှောက်ပြီး အမျိုးသား ၃ ဦး ပျောက်ဆုံးတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ (၂၈) ရပ်ကွက်နေ မျိုးအောင် (၃၇) နှစ် မောင်းနှင်ပြီး ရေလုပ်သား အောင်သူ (၃၅) နှစ်ပါ ၁၅ ဦးတို့ လိုက်ပါလာတဲ့ အမှတ် ×××(YSD) “ချယ်ရီ” ငါးဖမ်းစက်လှေဟာ ပင်လယ်ပြင်ဘက်မှ ရန်ကုန်မြစ်အတွင်း မောင်းနှင်လာစဉ် မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းက ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာ ရဲ့ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်အရောက်မှာ ရေလှိုင်းရိုက်ခတ်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ။

အနီးရှိ ငါးဖမ်း စက်လှေတွေက မျိုးအောင်ပါ ၁၂ ဦးတို့အား ကယ်ဆယ်ရရှိခဲ့ပြီး အောင်သူပါ ကျား ၃ ဦးတို့ ရေနစ် ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သပြီး စက်လှေမောင်း မျိုးအောင်(ဖမ်းမိ)အား ကွမ်းခြံကုန်း မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀ (ရေယာဉ်အားအရမ်းဦးစီးသွားလာမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

—————

ရန္ကုန္တိုင္း ကြမ္းၿခံကုန္းၿမိဳ႕နယ္မွာ ေမ ၂၂ ရက္ေန႔က ငါးဖမ္းစက္ေလွတိမ္းေမွာက္ၿပီး အမ်ိဳးသား ၃ ဦး ေပ်ာက္ဆုံးတယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (၂၈) ရပ္ကြက္ေန မ်ိဳးေအာင္ (၃၇) ႏွစ္ ေမာင္းႏွင္ၿပီး ေရလုပ္သား ေအာင္သူ (၃၅) ႏွစ္ပါ ၁၅ ဦးတို႔ လိုက္ပါလာတဲ့ အမွတ္ ×××(YSD) “ခ်ယ္ရီ” ငါးဖမ္းစက္ေလွဟာ ပင္လယ္ျပင္ဘက္မွ ရန္ကုန္ျမစ္အတြင္း ေမာင္းႏွင္လာစဥ္ ေမလ ၂၂ ရက္ေန႔ မနက္အေစာပိုင္းက ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ေသာင္ခုံေက်း႐ြာ ရဲ႕ အေရွ႕ေတာင္ဘက္ ၄ မိုင္ခန႔္အကြာ ပင္လယ္ျပင္အေရာက္မွာ ေရလႈိင္း႐ိုက္ခတ္မႈေၾကာင့္ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားခဲ့တာပါ။

အနီးရွိ ငါးဖမ္း စက္ေလွေတြက မ်ိဳးေအာင္ပါ ၁၂ ဦးတို႔အား ကယ္ဆယ္ရရွိခဲ့ၿပီး ေအာင္သူပါ က်ား ၃ ဦးတို႔ ေရနစ္ ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သၿပီး စက္ေလွေမာင္း မ်ိဳးေအာင္(ဖမ္းမိ)အား ကြမ္းၿခံကုန္း ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၂၈၀ (ေရယာဥ္အားအရမ္းဦးစီးသြားလာမႈ) နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here