ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးစလုပ်

0
69

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ဆံတော်ရှင် ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်ရအောင် ကြိုတင်ကာကွယ်ရေး အစီအမံတွေ စတင်လုပ်ဆောင်နေပြီလို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။

မေ ၂၂ ရက်က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ကျိုက်ထီးရိုးတောင် ရေရှည်တည်တံ့ဖို့အတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးဖို့ မေးခွန်းမေးမြန်းတဲ့အပေါ် ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

ကျိုက်ထီးရိုးတောင် တောင်ပြိုမှု မဖြစ်ရအောင် ဗာတီဗာမြက်စိုက်ပျိုးတာအပြင် လိုအပ်တဲ့ နေရာတွေမှာ မြေထိန်းနံရံတွေ တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် တောင်ပေါ်ရှိ စျေးဆိုင်းခန်းတွေနဲ့ ဟိုတယ် တိုးချဲ့ တည်ဆောက်မှုကို စတင် ကန့်သတ်နေပြီး အမှိုက်တွေ စနစ်တကျ စွန့်ပစ်နိုင်အောင် နေရာတွေ စီစဉ်ပေးထားတဲ့အပြင် အမှိုက်ဖျက်စက်ရုံကိုလည်း တည်ဆောက်ပေးထားတယ်လို့ ပြောပါတယ်။

မေးခွန်းရှင်က မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်တွေရဲ့ ရေကြီးရေလျှံမှုတွေမှာ ဆံတော်ရှင် ကျိုက်သလ္လံစေတီနဲ့ ပေါင်မြို့နယ် မလတ်တောင်တောင်ပြိုတာတွေ ဖြစ်ခဲ့လို့ ကျိုက်ထီးရိုးတောင်ကိုလည်း ကြိုတင်ကာကွယ်ရေးတွေ လုပ်ပေးဖို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် အဲလို လုပ်ဆောင်ရာမှာ တောင်ပေါ်ရှိ စျေးဆိုင်းခန်းတွေနဲ့ ဟိုတယ်တိုးချဲ့ တည်ဆောက်တာတွေလည်း ကန့်သတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရာဖူးပြည်သူ သန်းချီ လာရောက်နေပါတယ်။

———–

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕က ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေတာင္ ေတာင္ၿပိဳမႈ မျဖစ္ရေအာင္ ႀကိဳတင္ကာကြယ္ေရး အစီအမံေတြ စတင္လုပ္ေဆာင္ေနၿပီလို႔ မြန္ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာထိန္လင္းက ေျပာပါတယ္။

ေမ ၂၂ ရက္က က်င္းပတဲ့ လႊတ္ေတာ္ အစည္းအေဝးမွာ သထုံၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္သူက က်ိဳက္ထီး႐ိုးေတာင္ ေရရွည္တည္တံ့ဖို႔အတြက္ ေဘးအႏၲရာယ္ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ေပးဖို႔ ေမးခြန္းေမးျမန္းတဲ့အေပၚ ဝန္ႀကီးက အခုလို ေျပာဆိုခဲ့တာပါ။

က်ိဳက္ထီး႐ိုးေတာင္ ေတာင္ၿပိဳမႈ မျဖစ္ရေအာင္ ဗာတီဗာျမက္စိုက္ပ်ိဳးတာအျပင္ လိုအပ္တဲ့ ေနရာေတြမွာ ေျမထိန္းနံရံေတြ တည္ေဆာက္သြားဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

ဒ့ါအျပင္ ေတာင္ေပၚရွိ ေစ်းဆိုင္းခန္းေတြနဲ႔ ဟိုတယ္ တိုးခ်ဲ႕ တည္ေဆာက္မႈကို စတင္ ကန႔္သတ္ေနၿပီး အမႈိက္ေတြ စနစ္တက် စြန႔္ပစ္ႏိုင္ေအာင္ ေနရာေတြ စီစဥ္ေပးထားတဲ့အျပင္ အမႈိက္ဖ်က္စက္႐ုံကိုလည္း တည္ေဆာက္ေပးထားတယ္လို႔ ေျပာပါတယ္။

ေမးခြန္းရွင္က မြန္ျပည္နယ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြရဲ႕ ေရႀကီးေရလွ်ံမႈေတြမွာ ဆံေတာ္ရွင္ က်ိဳက္သလႅံေစတီနဲ႔ ေပါင္ၿမိဳ႕နယ္ မလတ္ေတာင္ေတာင္ၿပိဳတာေတြ ျဖစ္ခဲ့လို႔ က်ိဳက္ထီး႐ိုးေတာင္ကိုလည္း ႀကိဳတင္ကာကြယ္ေရးေတြ လုပ္ေပးဖို႔ ေျပာဆိုခဲ့တာပါ။

ဒါ့အျပင္ အဲလို လုပ္ေဆာင္ရာမွာ ေတာင္ေပၚရွိ ေစ်းဆိုင္းခန္းေတြနဲ႔ ဟိုတယ္တိုးခ်ဲ႕ တည္ေဆာက္တာေတြလည္း ကန႔္သတ္ေပးဖို႔ တင္ျပခဲ့ပါတယ္။က်ိဳက္ထီး႐ိုးေစတီဟာ ႏွစ္စဥ္ ျပည္တြင္းျပည္ပ ဘုရာဖူးျပည္သူ သန္းခ်ီ လာေရာက္ေနပါတယ္။

DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here