ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့စက် မန္တလေးမြို့အတွက် တရုတ်နိုင်ငံ လှူဒါန်း

0
64

ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်တဲ့စက်ကို တရုတ်နိုင်ငံက မန္တလေးမြို့အတွက် ဒီနေ့ လှူဒါန်းခဲ့ပါတယ်။မန္တလေးမြို့ Pullman Hotel မှာ မန္တလေးတိုင်းအစိုးရထံ မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်က လှူဒါန်းခဲ့တာပါ။

ယူနန်ပြည်နယ်က ဆေးပညာရှင်တွေလည်း မန္တလေးမြို့ကို ရောက်ရှိနေပြီး စက်အသုံးပြုပုံကို သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးနောက်ပိုင်း အဲဒီစက်နဲ့ ဒီလကုန်မှာ စတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒီနေ့ လှူဒါန်းတဲ့ စက်ဟာ တစ်ရက်ကို ဘယ်နှစ်ယောက်စစ်ဆေးနိုင်တယ်ဆိုတာ တိတိကျကျ မသိရသေးကြောင်း တိုင်းကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။မန္တလေးမြို့မှာ အရင်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ လူ ၁၈၀ စစ်ဆေးနိုင်တဲ့ စက်ရှိထားပါတယ်။

————–

ကို႐ိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ စမ္းသပ္စစ္ေဆးႏိုင္တဲ့စက္ကို တ႐ုတ္ႏိုင္ငံက မႏၲေလးၿမိဳ႕အတြက္ ဒီေန႔ လႉဒါန္းခဲ့ပါတယ္။မႏၲေလးၿမိဳ႕ Pullman Hotel မွာ မႏၲေလးတိုင္းအစိုးရထံ မႏၲေလးၿမိဳ႕အေျခစိုက္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္က လႉဒါန္းခဲ့တာပါ။

ယူနန္ျပည္နယ္က ေဆးပညာရွင္ေတြလည္း မႏၲေလးၿမိဳ႕ကို ေရာက္ရွိေနၿပီး စက္အသုံးျပဳပုံကို သင္တန္းပို႔ခ်သြားမွာ ျဖစ္ပါတယ္။ သင္တန္းၿပီးေနာက္ပိုင္း အဲဒီစက္နဲ႔ ဒီလကုန္မွာ စတင္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

ဒီေန႔ လႉဒါန္းတဲ့ စက္ဟာ တစ္ရက္ကို ဘယ္ႏွစ္ေယာက္စစ္ေဆးႏိုင္တယ္ဆိုတာ တိတိက်က် မသိရေသးေၾကာင္း တိုင္းက်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။မႏၲေလးၿမိဳ႕မွာ အရင္က ကို႐ိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ လူ ၁၈၀ စစ္ေဆးႏိုင္တဲ့ စက္ရွိထားပါတယ္။

RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here