ကိုဗစ်အတည်ပြုလူနာနှစ်ဦးထပ်တွေ့၊ မလေးရှားက ပြန်လာသူတွေဖြစ်

0
85

မြန်မာနိုင်ငံမှာ ကိုဗစ်အတြည်ပုလူနာနှစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မေ ၂၃ ရက်မနက် ၇ နာရီထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့က အသက် ၂၆ နှစ်နဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး တီးတိန်ပြည်သူ့ဆေးရုံမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။သူတို့ကို ကုသမှုပေးမယ့် ဆေးရုံကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

ဒီနှစ်ဦးနဲ့ဆိုရင်မလေးရှားကနေ ပြန်လာတဲ့သူတွေထဲကနေ ပိုးတွေ့လူနာ အရေအတွက် စုစုပေါင်း ၁၁ ဦးရှိသွားပါပြီ။မလေးရှားအစိုးရက ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်နဲ့ မေ ၁၁ ရက်က ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးက ပြန်လာသူတွေထဲကနေလည်း စုစုပေါင်း ပိုးတွေ့လူနာ ၈ ဦးထိ ရှိထားပါတယ်။မြန်မာမှာ စနေနေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာပေါင်း ၂၀၁ ဦးနဲ့ ရောဂါပိုး၁၁၆ ဦးရှိသွားပါပြီ။အတည်ပြုလူနာတွေအနက် ၆ ဦးသေဆုံးထားပါတယ်။

မြန်မာအစိုးရဟာ ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ရာမှာ မနေ့ကထိ စုစုပေါင်း ၂၀၀၁ ဦးကို ခေါ်ဆောင်ထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က မေ ၂၂ ရက်မှာ ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခုပေါင်း စစ်ဆေးမှုအရေအတွက်ဟာ ၇၄၀ ခု ရှိခဲ့ပြီး ဒါဟာ ကိုဗစ်စဖြစ်ပြီးတဲ့နောက် တစ်ရက်တည်းနဲ့ ဓာတ်ခွဲနမူနာအများဆုံး စစ်ဆေးခဲ့တဲ့ပမာဏလည်း ဖြစ်ပါတယ်။

—————–

ျမန္မာႏိုင္ငံမွာ ကိုဗစ္အၾတည္ပုလူနာႏွစ္ဦး ထပ္မံေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေမ ၂၃ ရက္မနက္ ၇ နာရီထုတ္ျပန္ပါတယ္။

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕က အသက္ ၂၆ ႏွစ္နဲ႔ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားႏွစ္ဦးျဖစ္ၿပီး တီးတိန္ျပည္သူ႔ေဆး႐ုံမွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။သူတို႔ကို ကုသမႈေပးမယ့္ ေဆး႐ုံကိုေတာ့ ေဖာ္ျပထားျခင္းမရွိေသးပါဘူး။

ဒီႏွစ္ဦးနဲ႔ဆိုရင္မေလးရွားကေန ျပန္လာတဲ့သူေတြထဲကေန ပိုးေတြ႕လူနာ အေရအတြက္ စုစုေပါင္း ၁၁ ဦးရွိသြားပါၿပီ။မေလးရွားအစိုးရက ထိန္းသိမ္းခံ ျမန္မာႏိုင္ငံသားေတြကို စင္းလုံးငွားေလယာဥ္နဲ႔ ေမ ၁၁ ရက္က ျပန္ပို႔ခဲ့တာျဖစ္ပါတယ္။

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု ယူေအအီးက ျပန္လာသူေတြထဲကေနလည္း စုစုေပါင္း ပိုးေတြ႕လူနာ ၈ ဦးထိ ရွိထားပါတယ္။ျမန္မာမွာ စေနေန႔မနက္ပိုင္းအထိ ပိုးေတြ႕လူနာေပါင္း ၂၀၁ ဦးနဲ႔ ေရာဂါပိုး၁၁၆ ဦးရွိသြားပါၿပီ။အတည္ျပဳလူနာေတြအနက္ ၆ ဦးေသဆုံးထားပါတယ္။

ျမန္မာအစိုးရဟာ ျပည္ပႏိုင္ငံေတြမွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္ေခၚရာမွာ မေန႔ကထိ စုစုေပါင္း ၂၀၀၁ ဦးကို ေခၚေဆာင္ထားၿပီးျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

မေန႔က ေမ ၂၂ ရက္မွာ ရန္ကုန္က ဓာတ္ခြဲခန္းႏွစ္ခုေပါင္း စစ္ေဆးမႈအေရအတြက္ဟာ ၇၄၀ ခု ရွိခဲ့ၿပီး ဒါဟာ ကိုဗစ္စျဖစ္ၿပီးတဲ့ေနာက္ တစ္ရက္တည္းနဲ႔ ဓာတ္ခြဲနမူနာအမ်ားဆုံး စစ္ေဆးခဲ့တဲ့ပမာဏလည္း ျဖစ္ပါတယ္။

BBC Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here