ကင်ဂျုံအန် ပျောက်ဆုံးနေမှုကို ကင်ရဲ့အရင်းနီးဆုံးလူ ဒန်းနစ်ရော့ဒ်မန်းရဲ့ ဝန်ခံချက်

0
183

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ မေလ(၁)ရက် အလုပ်သမားနေ့မှာ ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲ တက်ရောက်ခဲ့ပြီး၊ သူ သေဆုံးပြီဆိုတဲ့ သတင်းတွေကို အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဗွီဒီယိုမှာလည်း အငြင်းပွားစရာ အချက်တွေ ရှိနေခဲ့ပါတယ်။ ယခင်တုန်းက ရိုက်ထားတဲ့ ဗွီဒီယိုအဟောင်းလို့ ဆိုနေသူတွေ ရှိသလို၊ ကင်ရဲ့ Body double (ရုပ်ချင်းတူသူကို သုံးထားတယ်လို့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

မကြာသေးခင်က သတင်းတွေကတော့ ကင်ဟာ ကိုဗစ်ကို ရှောင်ဖို့ သီးခြားနေထိုင်နေတယ်လို့ ဆိုပါတယ်။ ကင်ဟာ ဧပြီ(၁၁)ရက်နောက်ပိုင်းကတည်းက ပျောက်နေခဲ့ပြီး၊ မေလ(၁)ရက်နေ့ လူမြင်ကွင်း ပြန်ထွက်လာခဲ့တာသာ ယခင်က ဗွီဒိယိုဖိုင်အဟောင်း၊ ဒါမှမဟုတ် အများထင်နေသလို Body double သာ ဖြစ်နေခဲ့ရင်၊ အခုအချိန်ထိ ကင်ဟာ ဘယ်နေရာ ဘယ်ဒေသ ဘယ်လိုအခြေအနေဆိုတာ အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ပါ။

ကင်နဲ့ အလွန်ရင်းနီးတဲ့ ဒန်းနစ်ရော့ဒ်မန်းကတော့ မိတ်ဆွေကြီး ကင်ဂျုံအန် ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒန်းနစ်ရော့ဒ်မန်းဆိုတာ အမေရိကန် ဂန္ထဝင် ဘက်စကတ်ဘောသမားကြီးပါ။ ကင်ကလည်း အလွန်ခင်မင်သူဖြစ်လို့ မြောက်ကိုရီးယားကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ ရှားရှားပါးပါး အမေရိကန်သားတစ်ယောက် ဖြစ်ပါတယ်။ ကင်နဲ့လည်း အဆက်အသွယ် မပြတ်သူပါ။ မကြာခဏ ကင်နဲ့ တွေ့ဆုံလေ့လည်း ရှိပါတယ်။

အခုကိစ္စမှာတော့ ရော့ဒ်မန်းကိုယ်တိုင်က ကင်ကို စိုးရိမ်နေပါတယ်။ မြောက်ကိုရီးယားရုပ်သံမြင်ကွင်းမှာ ကင်ရဲ့ညီမဖြစ်သူ ကင်ယိုဂျောင်ကပဲ အစိုးရအခမ်းအနားတွေကို ဦးဆောင်တက်ရောက်နေတဲ့ပုံတွေ၊ ဗွီဒီယိုတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့လို့ ရော့ဒ်မန်းအနေနဲ့ မိတ်ဆွေကြီး ကင်အတွက် စိုးရိမ်စရာ ဖြစ်လာစေခဲ့တာပါ။

နောက်ပြီး ပြီးခဲ့တဲ့ရက်ကပဲ ဘယ်သူမှ မတို့ရဲမထိရဲတဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ဧရာမပန်းချီကားတွေကို ပြည်သူရင်ပြင်ကနေ ဖြုတ်ချလိုက်ပါတယ်။ ဒါက အချက်တစ်ခုပါ။

ရော့ဒ်မန်းက သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ” နိုင်ငံပိုင်ရုပ်သံတွေမှာ သူ့ညီမကိုပဲ ဆက်တိုက်တွေ့နေရချိန် … ခင်ဗျားစိတ်ထဲမှာ တစ်ခုခုတော့ မှားနေပြီလို့ တွေးနေမှာပါ … သူမဟာ တောင်ကိုရီးယားကို သူ့အရင်က သွားခဲ့တယ် ….

နောက်မှ သူက လိုက်သွားတာကို ခင်ဗျားတို့ မှတ်မိနေမယ်ထင်ပါတယ် … ဒါက သူမရဲ့ အရေးပါမှုပါ … ဒါပေမယ့် အခု သူ အဆင်ပြေလား မပြေဘူးလား တထစ်ချ မပြောနိုင်သေးပါဘူး …

သေချာတာကတော့ ကင်ယိုဂျောင်က နိုင်ငံပိုင်သတင်းစာမျက်နှာတွေထက်မှာ နေရာယူနေတာကို ကြည့့်ရရင် သူမဟာ ဆက်ခံမယ့်သူဆိုတာတော့ ပြောနိုင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

ကင်ယိုဂျောင်ဟာ အစ်ကိုဖြစ်သူ ကင်ဂျုံအန်ရဲ့နေရာကို ဆက်ခံမယ့်သူ ဖြစ်လာဖို့ရှိပြီး၊ မကြာသေးခင်ကမှ အစ်ကိုဖြစ်သူက သူမကို ပါတီရဲ့ အရေးကြီးတဲ့ရာထူးကို တိုးပေးခဲ့သလို၊ နိုင်ငံရေးရာတွေမှာ ဒုတိယသြဇာအကြီးဆုံးအဖြစ် ပွဲထုတ်လာခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို Ref ; The Sun

For Zawgyi ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဟာ ေမလ(၁)ရက္ အလုပ္သမားေန႔မွာ ဓာတ္ေျမၾသဇာစက္႐ုံဖြင့္ပြဲ တက္ေရာက္ခဲ့ၿပီး၊ သူ ေသဆုံးၿပီဆုိတဲ့ သတင္းေတြကို အဆုံးသတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဒီဗြီဒီယိုမွာလည္း အျငင္းပြားစရာ အခ်က္ေတြ ရွိေနခဲ့ပါတယ္။

ယခင္တုန္းက ႐ုိက္ထားတဲ့ ဗြီဒီယုိအေဟာင္းလုိ႔ ဆုိေနသူေတြ ရွိသလုိ၊ ကင္ရဲ႕ Body double (ရုပ္ခ်င္းတူသူကုိ သုံးထားတယ္လုိ႔ စြပ္စြဲခ်က္ေတြလည္း ထြက္ေပၚခဲ့ပါတယ္။ မၾကာေသးခင္က သတင္းေတြကေတာ့ ကင္ဟာ ကိုဗစ္ကို ေရွာင္ဖုိ႔ သီးျခားေနထုိင္ေနတယ္လုိ႔ ဆုိပါတယ္။

ကင္ဟာ ဧၿပီ(၁၁)ရက္ေနာက္ပိုင္းကတည္းက ေပ်ာက္ေနခဲ့ၿပီး၊ ေမလ(၁)ရက္ေန႔ လူျမင္ကြင္း ျပန္ထြက္လာခဲ့တာသာ ယခင္က ဗြီဒိယုိဖုိင္အေဟာင္း၊ ဒါမွမဟုတ္ အမ်ားထင္ေနသလုိ Body double သာ ျဖစ္ေနခဲ့ရင္၊ အခုအခ်ိန္ထိ ကင္ဟာ ဘယ္ေနရာ ဘယ္ေဒသ ဘယ္လုိအေျခအေနဆုိတာ အေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းတဲ့အခ်က္ပါ။

ကင္နဲ႔ အလြန္ရင္းနီးတဲ့ ဒန္းနစ္ေရာ့ဒ္မန္းကေတာ့ မိတ္ေဆြႀကီး ကင္ဂ်ဳံအန္ ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဝန္ခံမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒန္းနစ္ေရာ့ဒ္မန္းဆုိတာ အေမရိကန္ ဂႏၳဝင္ ဘက္စကတ္ေဘာသမားႀကီးပါ။ ကင္ကလည္း အလြန္ခင္မင္သူျဖစ္လုိ႔ ေျမာက္ကိုရီးယားကို ဝင္ခ်င္တုိင္းဝင္ ထြက္ခ်င္တုိင္းထြက္လုိ႔ရတဲ့ ရွားရွားပါးပါး အေမရိကန္သားတစ္ေယာက္ ျဖစ္ပါတယ္။

ကင္နဲ႔လည္း အဆက္အသြယ္ မျပတ္သူပါ။ မၾကာခဏ ကင္နဲ႔ ေတြ႕ဆုံေလ့လည္း ရွိပါတယ္။ အခုကိစၥမွာေတာ့ ေရာ့ဒ္မန္းကိုယ္တုိင္က ကင္ကို စုိးရိမ္ေနပါတယ္။ ေျမာက္ကိုရီးယား႐ုပ္သံျမင္ကြင္းမွာ ကင္ရဲ႕ညီမျဖစ္သူ ကင္ယုိေဂ်ာင္ကပဲ အစုိးရအခမ္းအနားေတြကို ဦးေဆာင္တက္ေရာက္ေနတဲ့ပုံေတြ၊ ဗြီဒီယုိေတြ ဆက္တုိက္ ေပၚထြက္လာခဲ့လုိ႔ ေရာ့ဒ္မန္းအေနနဲ႔ မိတ္ေဆြႀကီး ကင္အတြက္ စုိးရိမ္စရာ ျဖစ္လာေစခဲ့တာပါ။

ေနာက္ၿပီး ၿပီးခဲ့တဲ့ရက္ကပဲ ဘယ္သူမွ မတုိ႔ရဲမထိရဲတဲ့ ေျမာက္ကုိရီးယားေခါင္းေဆာင္ေတြရဲ႕ ဧရာမပန္းခ်ီကားေတြကို ျပည္သူရင္ျပင္ကေန ျဖဳတ္ခ်လုိက္ပါတယ္။ ဒါက အခ်က္တစ္ခုပါ။ ေရာ့ဒ္မန္းက သတင္းမီဒီယာမ်ားနဲ႔ ေတြ႕ဆုံစဥ္မွာ ” ႏုိင္ငံပုိင္႐ုပ္သံေတြမွာ သူ႕ညီမကိုပဲ ဆက္တုိက္ေတြ႕ေနရခ်ိန္ …

ခင္ဗ်ားစိတ္ထဲမွာ တစ္ခုခုေတာ့ မွားေနၿပီလုိ႔ ေတြးေနမွာပါ … သူမဟာ ေတာင္ကုိရီးယားကုိ သူ႕အရင္က သြားခဲ့တယ္ …. ေနာက္မွ သူက လုိက္သြားတာကို ခင္ဗ်ားတုိ႔ မွတ္မိေနမယ္ထင္ပါတယ္ … ဒါက သူမရဲ႕ အေရးပါမႈပါ … ဒါေပမယ့္ အခု သူ အဆင္ေျပလား မေျပဘူးလား တထစ္ခ် မေျပာႏုိင္ေသးပါဘူး …

ေသခ်ာတာကေတာ့ ကင္ယုိေဂ်ာင္က ႏုိင္ငံပုိင္သတင္းစာမ်က္ႏွာေတြထက္မွာ ေနရာယူေနတာကို ၾကည့္႔ရရင္ သူမဟာ ဆက္ခံမယ့္သူဆုိတာေတာ့ ေျပာႏုိင္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။ ကင္ယုိေဂ်ာင္ဟာ အစ္ကိုျဖစ္သူ ကင္ဂ်ဳံအန္ရဲ႕ေနရာကို ဆက္ခံမယ့္သူ ျဖစ္လာဖုိ႔ရွိၿပီး၊ မၾကာေသးခင္ကမွ အစ္ကိုျဖစ္သူက သူမကို ပါတီရဲ႕ အေရးႀကီးတဲ့ရာထူးကို တုိးေပးခဲ့သလုိ၊ ႏုိင္ငံေရးရာေတြမွာ ဒုတိယၾသဇာအႀကီးဆုံးအျဖစ္ ပြဲထုတ္လာခဲ့ပါတယ္။

ဘာသာျပန္-လင္းေဇာ္ကို Ref ; The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here