ႏိုင္ငံျခားဆရာကိုမွ အထင္ႀကီးမိတဲ့ ကေမာၻဒီးယားေက်ာင္းသူေလးႏွစ္ဦး၊ အဓမၼက်င့္ခံခဲ့ရ

0
123

ႏိုင္ငံျခားဘာသာရပ္ဟာ လက္ေတြ႕လုပ္ငန္းခြင္ နယ္ပယ္မွာ အလြန္အေထာက္အကူ ျပဳတာေၾကာင့္ အခုဆိုရင္ ေက်ာင္းေတြမွာ ႏိုင္ငံျခားဘာသာစကားကို တြင္က်ယ္စြာ သင္ခ်လာခဲ့ပါၿပီ။ အာရွႏိုင္ငံေတြဆီကို ႏိုင္ငံတကာေက်ာင္းေတြရဲ႕ ေက်ာင္းခြဲေတြ အလွ်ိဳလွ်ိဳ လာေရာက္ဖြင့္လွစ္ေနတာကိုလည္း အားလုံး ျမင္ေတြ႕ရမွာပါ။

ကေမာၻဒီယားမွာေတာ့ ေက်ာင္းသူေလးႏွစ္ေယာက္ကို ၿဗိတိန္ဆရာတစ္ေယာက္က လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့ပါတယ္။ ေဒသခံသတင္းမီဒီယာေတြမွာေတာ့ ဒါဟာ ႏိုင္ငံျခားသားဆိုရင္ လႊတ္ၿပီး အထင္ႀကီးတတ္တဲ့လူေတြအတြက္ သင္ခန္းစာ ယူစရာလို႔ ေထာက္ျပခဲ့ပါတယ္။ အာရွႏိုင္ငံေတြဟာ ဒီလို အမူအက်င့္ ရွိတတ္ပါတယ္။

အခုဆရာရဲ႕အမည္ကေတာ့ Matthew William Watkin ျဖစ္ၿပီး၊ အသက္(၃၇)ႏွစ္ပါ။ သူဟာ Shrewsbury ဇာတိျဖစ္ၿပီး၊ ကေမာၻဒီးယားႏိုင္ငံ၊ Siem Reap နယ္ေျမအတြင္း၊ ကေလးေတြကို အဂၤလိပ္ဘာသာ သင္ျပေနသူပါ။ သူဟာ ဒီမွာ ဆရာအျဖစ္ ႏွစ္ေတာ္ေတာ္ ၾကာေနပါၿပီ။

Matthew ကို ေမလ(၂၀)ရက္ ဗုဒၶဟူးေန႔က သက္ဆိုင္ရာအပိုင္ရဲစခန္းက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ လိင္ပိုင္းအေစာ္ကားခံရတဲ့ ေကာင္မေလးႏွစ္ေယာက္ကေတာ့ ညီအစ္မႏွစ္ဦးျဖစ္ၿပီး၊ တစ္ဦးမွာ (၁၃)ႏွစ္၊ တစ္ဦးမွာ (၁၇)ႏွစ္ ျဖစ္ပါတယ္။ ေမလ(၁၈)ရက္မွာ သူတို႔ကို Matthew က လိင္ေစာ္ကားခဲ့တယ္လို႔ မိခင္ကို တိုင္ခဲ့တာပါ။

Matthew ဟာ ကေလးမေလးေတြကို သူ႔ရဲ႕အခန္းမွာ ညပိုင္း စာေခၚျပေလ့ရွိပါတယ္။ ဒီနည္းအားျဖင့္ ကေလးေတြနဲ႔ အလြန္ရင္းနီးခဲ့ၿပီး၊ လိင္ပိုင္းေစာ္ကားမႈကို အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ပုံရပါတယ္။ အဓမၼက်င့္တဲ့အဆင့္ထိ မေရာက္ခဲ့ေၾကာင္း Matthew က ထြက္ဆိုထားၿပီး၊ ညဘက္ ျပန္တဲ့အခ်ိန္ အနမ္းနဲ႔ ႏႈတ္ဆက္တာေလာက္ပဲ ရွိတယ္လို႔ ေျပာပါတယ္။

Bureau of Anti-Human Trafficking and Juvenile Protection မွ အရာရွိျဖစ္သူက ဒီျဖစ္စဥ္ကို အမႈဖြင့္အေရးယူခဲ့တာျဖစ္ၿပီး၊ ေလာေလာဆယ္ေတာ့ Matthew ကို လိင္ပိုင္းေစာ္ကားမႈနဲ႔ အမႈဖြင့္ထားပါတယ္။ သူ႔ကို ေလာေလာဆယ္ အခ်ဳပ္မွာပဲ ထားရွိၿပီး၊ ေရွ႕ေနလည္း ငွားခြင့္ေပးထားတယ္လို႔ သိရပါတယ္။

လင္းေဇာ္ကို (D Nae Khit)

နိုင်ငံခြားဘာသာရပ်ဟာ လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှာ အလွန်အထောက်အကူ ပြုတာကြောင့် အခုဆိုရင် ကျောင်းတွေမှာ နိုင်ငံခြားဘာသာစကားကို တွင်ကျယ်စွာ သင်ချလာခဲ့ပါပြီ။ အာရှနိုင်ငံတွေဆီကို နိုင်ငံတကာကျောင်းတွေရဲ့ ကျောင်းခွဲတွေ အလျှိုလျှို လာရောက်ဖွင့်လှစ်နေတာကိုလည်း အားလုံး မြင်တွေ့ရမှာပါ။

ကမ္ဘောဒီယားမှာတော့ ကျောင်းသူလေးနှစ်ယောက်ကို ဗြိတိန်ဆရာတစ်ယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါတယ်။ ဒေသခံသတင်းမီဒီယာတွေမှာတော့ ဒါဟာ နိုင်ငံခြားသားဆိုရင် လွှတ်ပြီး အထင်ကြီးတတ်တဲ့လူတွေအတွက် သင်ခန်းစာ ယူစရာလို့ ထောက်ပြခဲ့ပါတယ်။ အာရှနိုင်ငံတွေဟာ ဒီလို အမူအကျင့် ရှိတတ်ပါတယ်။

အခုဆရာရဲ့အမည်ကတော့ Matthew William Watkin ဖြစ်ပြီး၊ အသက်(၃၇)နှစ်ပါ။ သူဟာ Shrewsbury ဇာတိဖြစ်ပြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap နယ်မြေအတွင်း၊ ကလေးတွေကို အင်္ဂလိပ်ဘာသာ သင်ပြနေသူပါ။ သူဟာ ဒီမှာ ဆရာအဖြစ် နှစ်တော်တော် ကြာနေပါပြီ။

Matthew ကို မေလ(၂၀)ရက် ဗုဒ္ဓဟူးနေ့က သက်ဆိုင်ရာအပိုင်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လိင်ပိုင်းအစော်ကားခံရတဲ့ ကောင်မလေးနှစ်ယောက်ကတော့ ညီအစ်မနှစ်ဦးဖြစ်ပြီး၊ တစ်ဦးမှာ (၁၃)နှစ်၊ တစ်ဦးမှာ (၁၇)နှစ် ဖြစ်ပါတယ်။ မေလ(၁၈)ရက်မှာ သူတို့ကို Matthew က လိင်စော်ကားခဲ့တယ်လို့ မိခင်ကို တိုင်ခဲ့တာပါ။

Matthew ဟာ ကလေးမလေးတွေကို သူ့ရဲ့အခန်းမှာ ညပိုင်း စာခေါ်ပြလေ့ရှိပါတယ်။ ဒီနည်းအားဖြင့် ကလေးတွေနဲ့ အလွန်ရင်းနီးခဲ့ပြီး၊ လိင်ပိုင်းစော်ကားမှုကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပုံရပါတယ်။ အဓမ္မကျင့်တဲ့အဆင့်ထိ မရောက်ခဲ့ကြောင်း Matthew က ထွက်ဆိုထားပြီး၊ ညဘက် ပြန်တဲ့အချိန် အနမ်းနဲ့ နှုတ်ဆက်တာလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

Bureau of Anti-Human Trafficking and Juvenile Protection မှ အရာရှိဖြစ်သူက ဒီဖြစ်စဉ်ကို အမှုဖွင့်အရေးယူခဲ့တာဖြစ်ပြီး၊ လောလောဆယ်တော့ Matthew ကို လိင်ပိုင်းစော်ကားမှုနဲ့ အမှုဖွင့်ထားပါတယ်။ သူ့ကို လောလောဆယ် အချုပ်မှာပဲ ထားရှိပြီး၊ ရှေ့နေလည်း ငှားခွင့်ပေးထားတယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here