ေ႐ႊဘိုၿမိဳ႕က ပုဂၢလိကဘဏ္ဝန္ထမ္း၁ ဦးကို ေငြက်ပ္သိန္း ၄၈၀၀ ေက်ာ္ အလြဲသုံးစားမႈျဖင့္ဖမ္းဆီး

0
80

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ရွိ ပုဂၢလိက ဘဏ္ဝန္ထမ္း ၁ ဦးကို ေငြက်ပ္သိန္း ၄၈၀၀ ေက်ာ္ အလြဲသုံးစားလုပ္မႈနဲ႔ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေ႐ႊဘိုၿမိဳ႕မရဲစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

ေ႐ႊဘိုၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉး သိန္းဆန္းဦးက “ျဖစ္စဥ္ကေတာ့ ဟုတ္ပါတယ္။ ဝန္ထမ္းအမည္၊ ဘဏ္နာမည္ေတြေတာ့ ေျပာလို႔မရဘူး။ က်ဴးလြန္တယ္လို႔ ယူဆရတဲ့သူကို ဖမ္းဆီးထားတယ္။ အမႈဖြင့္ၿပီး စစ္ေဆးေနပါတယ္။ တစ္ေသာင္းတန္အုပ္မွာ ထိပ္ဆုံး ၁ ႐ြက္ရယ္၊ ေအာက္ဆုံး ၁ ႐ြက္ရယ္က တစ္ေသာင္းတန္ေပါ့။ ၾကားထဲမွာက တစ္ေထာင္တန္ေတြ ထည့္ထားတာေပါ့။ ဒါကို ေသေသခ်ာခ်ာ စစ္ေဆးေနတုန္းပါ။ စေတြ႕တာေတာ့ ေကာင္တာ Customer တစ္ဦးက စေတြ႕တာေပါ့။” လို႔ ေျပာပါတယ္။

ဒီဗြီဘီက စုံစမ္းခ်က္အရ အဆိုပါဝန္ထမ္းဟာ ေ႐ႊဘိုၿမိဳ႕ရွိ ကေမာၻဇဘဏ္ခြဲ (၁) က အသက္ ၃၀ အ႐ြယ္ ဘဏ္ခြဲေငြေၾကးတာဝန္ခံ အမ်ိဳးသားတဦးျဖစ္ၿပီး ေငြက်ပ္သိန္းေပါင္း ၄၈၅၁ သိန္း အလြဲသုံးစားလုပ္မႈ ေမလ ၁၉ ရက္ေန႔က ျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

ေမလ ၁၉ ရက္ ညေနပိုင္းမွာ ေငြထုတ္သူတဦးက ေငြေတြကို စစ္ေဆးခ်ိန္မွာ တစ္ေသာင္းတန္အုပ္အျဖစ္ တစ္ေထာင္တန္ ၉၈ ႐ြက္ကို တစ္ေသာင္းတန္ ၂ ႐ြက္ အထက္ေအာက္ညႇပ္ၿပီး ျပဳလုပ္ထားတာကို စတင္ေတြ႕ရွိခဲ့ၿပီး ဘဏ္တာဝန္ရွိသူေတြကို ေျပာဆိုခဲ့လို႔ တာဝန္ရွိသူေတြက ေငြထုတ္ေကာင္တာနဲ႔ ေငြသိုေလွာင္ခန္းကို ဝင္ေရာက္စစ္ေဆးရာမွာ အခုလို ျပဳလုပ္ထားတာ ထပ္မံေတြ႕ရွိခဲ့တာပါ။

ဘဏ္ရဲ႕ ေငြထုတ္ေကာင္တာမွာ တစ္ေသာင္းတန္အုပ္ က်ပ္သိန္း ၁၀၀ စီပါ ၁၅ ထုပ္၊ ေငြသိုေလွာင္ခန္းမွာ တစ္ေသာင္းတန္ သိန္း ၁၀၀ စီပါ ၄၀ ထုပ္တို႔ကို စစ္ေဆးရာမွာ အလားတူ ဖန္တီးျပဳလုပ္ထားတာ ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။

စုစုေပါင္း ေငြထုပ္ ၅၅ ထုပ္မွာ က်ပ္သိန္း ၅၅၀၀ ရွိရမွာျဖစ္ေပမယ့္ စစ္ေဆးေရတြက္ခ်ိန္မွာ ၆၄၉ သိန္းသာ ေတြ႕ရွိရၿပီး ၄၈၅၁ သိန္းထိ ကြာဟေနတာလည္းျဖစ္ပါတယ္။ ဒီအတြက္ ဘဏ္ရဲ႕ စီစီတီဗြီေတြကို ထပ္မံစစ္ေဆးရာမွာ ေငြေၾကးတာဝန္ခံဆိုသူကို မသကၤာဖြယ္ေတြ႕ရတဲ့အတြက္ ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနတာလည္း ျဖစ္ပါတယ္။

က်ဴးလြန္သူက ေ႐ႊဘိုၿမိဳ႕၊ အမွတ္ ၁၀ ရပ္ကြက္ေနသူျဖစ္ၿပီး ကနဦး စစ္ေဆးခ်က္ေတြအရ ေလာင္းကစားလုပ္မိတာကေန ေငြလိုလို႔ လုပ္တယ္ဆိုတာကို ဝန္ခံထြက္ဆိုထားတယ္လို႔ ဆိုပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေ႐ႊဘိုၿမိဳ႕ ကေမာၻဇဘဏ္ခြဲ (၁) မန္ေနဂ်ာ ေဒၚခင္မ်ိဳးခိုင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဘဏ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြအရ ေျဖၾကားခြင့္မရွိတဲ့အတြက္ ႐ုံးခ်ဳပ္ကိုသာ ဆက္သြယ္ေမးျမန္းဖို႔ ေျပာဆိုခဲ့ပါတယ္။

လတ္တေလာ ဖမ္းဆီးအမႈဖြင့္ခံထားရသူ ဘဏ္ခြဲေငြေၾကးတာဝန္ခံဆိုသူကိုေတာ့ ေ႐ႊဘိုၿမိဳ႕မရဲစခန္းမွာ (ပ)၃၁၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၈ အရ အမႈဖြင့္အေရးယူေနပါတယ္။

DVB TV News

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဘိုမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဝန်ထမ်းအမည်၊ ဘဏ်နာမည်တွေတော့ ပြောလို့မရဘူး။ ကျူးလွန်တယ်လို့ ယူဆရတဲ့သူကို ဖမ်းဆီးထားတယ်။ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ တစ်သောင်းတန်အုပ်မှာ ထိပ်ဆုံး ၁ ရွက်ရယ်၊ အောက်ဆုံး ၁ ရွက်ရယ်က တစ်သောင်းတန်ပေါ့။ ကြားထဲမှာက တစ်ထောင်တန်တွေ ထည့်ထားတာပေါ့။ ဒါကို သေသေချာချာ စစ်ဆေးနေတုန်းပါ။ စတွေ့တာတော့ ကောင်တာ Customer တစ်ဦးက စတွေ့တာပေါ့။” လို့ ပြောပါတယ်။

ဒီဗွီဘီက စုံစမ်းချက်အရ အဆိုပါဝန်ထမ်းဟာ ရွှေဘိုမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၃၀ အရွယ် ဘဏ်ခွဲငွေကြေးတာဝန်ခံ အမျိုးသားတဦးဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၄၈၅၁ သိန်း အလွဲသုံးစားလုပ်မှု မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မေလ ၁၉ ရက် ညနေပိုင်းမှာ ငွေထုတ်သူတဦးက ငွေတွေကို စစ်ဆေးချိန်မှာ တစ်သောင်းတန်အုပ်အဖြစ် တစ်ထောင်တန် ၉၈ ရွက်ကို တစ်သောင်းတန် ၂ ရွက် အထက်အောက်ညှပ်ပြီး ပြုလုပ်ထားတာကို စတင်တွေ့ရှိခဲ့ပြီး ဘဏ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့လို့ တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းကို ဝင်ရောက်စစ်ဆေးရာမှာ အခုလို ပြုလုပ်ထားတာ ထပ်မံတွေ့ရှိခဲ့တာပါ။

ဘဏ်ရဲ့ ငွေထုတ်ကောင်တာမှာ တစ်သောင်းတန်အုပ် ကျပ်သိန်း ၁၀၀ စီပါ ၁၅ ထုပ်၊ ငွေသိုလှောင်ခန်းမှာ တစ်သောင်းတန် သိန်း ၁၀၀ စီပါ ၄၀ ထုပ်တို့ကို စစ်ဆေးရာမှာ အလားတူ ဖန်တီးပြုလုပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စုစုပေါင်း ငွေထုပ် ၅၅ ထုပ်မှာ ကျပ်သိန်း ၅၅၀၀ ရှိရမှာဖြစ်ပေမယ့် စစ်ဆေးရေတွက်ချိန်မှာ ၆၄၉ သိန်းသာ တွေ့ရှိရပြီး ၄၈၅၁ သိန်းထိ ကွာဟနေတာလည်းဖြစ်ပါတယ်။ ဒီအတွက် ဘဏ်ရဲ့ စီစီတီဗွီတွေကို ထပ်မံစစ်ဆေးရာမှာ ငွေကြေးတာဝန်ခံဆိုသူကို မသင်္ကာဖွယ်တွေ့ရတဲ့အတွက် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ကျူးလွန်သူက ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်နေသူဖြစ်ပြီး ကနဦး စစ်ဆေးချက်တွေအရ လောင်းကစားလုပ်မိတာကနေ ငွေလိုလို့ လုပ်တယ်ဆိုတာကို ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဘိုမြို့ ကမ္ဘောဇဘဏ်ခွဲ (၁) မန်နေဂျာ ဒေါ်ခင်မျိုးခိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖြေကြားခွင့်မရှိတဲ့အတွက် ရုံးချုပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။

လတ်တလော ဖမ်းဆီးအမှုဖွင့်ခံထားရသူ ဘဏ်ခွဲငွေကြေးတာဝန်ခံဆိုသူကိုတော့ ရွှေဘိုမြို့မရဲစခန်းမှာ (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ အရ အမှုဖွင့်အရေးယူနေပါတယ်။

————–

LEAVE A REPLY

Please enter your comment!
Please enter your name here