ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်း ၂၂၇၀၀ လျှော့ချရန်အန်အယ်လ်ဒီအမတ်အဆိုတင်သွင်း

0
80

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေထဲက ကျပ်သန်း ၂၂၇၀၀ ကို လျှော့ချခွင့်ပြုပေးဖို့ အန်အယ်လ်ဒီပါက ဒေါက်တာမေဝင်းမြင့်က အဆိုတင်သွင်းလိုက်ပါတယ်။

မေလ ၂၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘောအပါအဝင် ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး ကဆွေးနွေးခဲ့ကြတာပါ။

ကာကွယ်ရေးဝန်ကြီးဌာန သာမန်အသုံးစရိတ်ခေါင်းစဉ်ထဲက အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာမေဝင်းမြင့်က “စစ်ထောက်ချုပ်ရုံး အမှတ်စဉ် ၁ ဓါတ်ဆီ၊ စက်ဆီတောင်းခံရာမှာ အရမ်းများနေသည့်အတွက် ယခုအခါမှာ ဓါတ်ဆီဈေးကလည်း ကျဆင်းနေသည့်အတွက် ဓါတ်ဆီတောင်းခံသည့်ငွေမှ သန်းပေါင်း တစ်သောင်းတိတိ လျှော့ချခွင့်ပြုပါရန် အဆိုတင်သွင်းအပ်ပါတယ်။

စာမျက်နှာ ၃၅ စဉ် ၂ အမှုထမ်း ပို့ဆောင်ရေး ကျန် ၇ လအတွက် တောင်းခံထားသည်မှာ မူလလျာထားချက်ထက် ၂၁၉၉၅ ဒသမ ၆၂၂ သန်း ပိုမိုတောင်းခံထားသည်ကိုတွေ့ရသည့်အတွက် အဆိုပါအသုံးစရိတ်ထဲမှ ကျပ်သန်းပေါင်း တစ် သောင်းတိတိလျှော့ချခွင့်ပြုသင့်ပါကြောင်း အဆိုတင်သွင်းအပ်ပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုတွေထဲမှာ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွေ အတွက် နောက်ထပ်လိုအပ်ငွေတွေတောင်းခံမှုလည်း ပါဝင်လာပါတယ်။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွေရဲ့ အသုံးစရိတ်ကို နှစ်စဉ် အခွန်အကောက်ရငွေတွေနဲ့သာ သုံးစွဲခဲ့ပေမယ့် ဒီနှစ်မှတော့ ထပ်မံလိုအပ်ငွေအနေနဲ့ ဖြည့်စွက်ခွင့်ပြု ငွေထဲက တောင်းခံလာတာလည်း ဖြစ်ပါတယ်။

တပ်မြို့ စည်ပင်သာယာရေးအဖွဲ့အတွက် ထပ်မံလိုအပ်ငွေ ကျပ်သန်း ၈၂ ဒသမ ၇၂၀ တောင်းခံတာနဲ့ ပတ်သက်ပြီး မရမ်းကုန်းမဲဆန္ဒနယ်က ဒေါက်တာမေဝင်းမြင့်က ” တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား တာဝန်ခံအဖြစ် နိုင်ငံတော်သမ္မတသို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးသူဟူ၍ ဖော်ပြထားတာကို တွေ့ရပါတယ်။

ကျမအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ထဲက ပူးပေါင်းအဖွဲ့နဲ့ပါ နှစ်စဉ် ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်ခဲ့ရာ အခုနှစ်ကဲ့သို့ ဥပဒေကြမ်းတွင်ဖော်ပြထားခဲ့သလို မတွေ့ရှိခဲ့ရဖူးပါ။ ဒါ့ကြောင့်မို့လို့ ကျမအနေနဲ့ သိရှိလိုတာက တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ရဲ့ အသုံးစရိတ်ကို မည်သူက၊ မည်သည့်ဝန်ကြီးဌာနက တာဝန်ခံမည်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလို ခြင်းဖြစ်ပါတယ် ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာမှာ ပြည်ထောင်စုဌာနအဖွဲ့ အစည်းအလိုက် စုစုပေါင်း ကျပ်၂၆၆၀ ဒသမ ၉၈၇ ဘီလီယံတောင်းခံထားရာမှာ ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်မှာ မူလလျာထားချက်ထက် ကျပ်သန်းပေါင်း ၆ သောင်းကျော်ပိုမိုတောင်းခံထားသလို ငွေလုံးငွေရင်းမှာလည်း မူလလျာထားချက်ထက် ကျပ်သန်းပေါင်း ၁ သိန်းကျော်ပိုမိုတောင်းခံထားတာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း နဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် ကိုယ်စားလှယ်များရဲ့ဆွေးနွေးချက်အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဆွေးနွေးခြင်းကို မေလ ၂၇ ရက်မှာ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားထားပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႕ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးအတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ အသုံးစရိတ္ေတြထဲက က်ပ္သန္း ၂၂၇၀၀ ကို ေလွ်ာ့ခ်ခြင့္ျပဳေပးဖို႔ အန္အယ္လ္ဒီပါက ေဒါက္တာေမဝင္းျမင့္က အဆိုတင္သြင္းလိုက္ပါတယ္။

ေမလ ၂၂ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႕ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒၾကမ္းရဲ႕ မူနဲ႔ အေျခခံသေဘာအပါအဝင္ ရေငြသုံးေငြေတြနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ (၁၈) ဦး ကေဆြးေႏြးခဲ့ၾကတာပါ။

ကာကြယ္ေရးဝန္ႀကီးဌာန သာမန္အသုံးစရိတ္ေခါင္းစဥ္ထဲက အသုံးစရိတ္ေတြနဲ႔ ပတ္သက္ၿပီးလည္း ေဒါက္တာေမဝင္းျမင့္က “စစ္ေထာက္ခ်ဳပ္႐ုံး အမွတ္စဥ္ ၁ ဓါတ္ဆီ၊ စက္ဆီေတာင္းခံရာမွာ အရမ္းမ်ားေနသည့္အတြက္ ယခုအခါမွာ ဓါတ္ဆီေဈးကလည္း က်ဆင္းေနသည့္အတြက္ ဓါတ္ဆီေတာင္းခံသည့္ေငြမွ သန္းေပါင္း တစ္ေသာင္းတိတိ ေလွ်ာ့ခ်ခြင့္ျပဳပါရန္ အဆိုတင္သြင္းအပ္ပါတယ္။

စာမ်က္ႏွာ ၃၅ စဥ္ ၂ အမႈထမ္း ပို႔ေဆာင္ေရး က်န္ ၇ လအတြက္ ေတာင္းခံထားသည္မွာ မူလလ်ာထားခ်က္ထက္ ၂၁၉၉၅ ဒသမ ၆၂၂ သန္း ပိုမိုေတာင္းခံထားသည္ကိုေတြ႕ရသည့္အတြက္ အဆိုပါအသုံးစရိတ္ထဲမွ က်ပ္သန္းေပါင္း တစ္ ေသာင္းတိတိေလွ်ာ့ခ်ခြင့္ျပဳသင့္ပါေၾကာင္း အဆိုတင္သြင္းအပ္ပါတယ္ ” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒီႏွစ္ရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြေတာင္းခံမႈေတြထဲမွာ တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕ေတြ အတြက္ ေနာက္ထပ္လိုအပ္ေငြေတြေတာင္းခံမႈလည္း ပါဝင္လာပါတယ္။ တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕ေတြရဲ႕ အသုံးစရိတ္ကို ႏွစ္စဥ္ အခြန္အေကာက္ရေငြေတြနဲ႔သာ သုံးစြဲခဲ့ေပမယ့္ ဒီႏွစ္မွေတာ့ ထပ္မံလိုအပ္ေငြအေနနဲ႔ ျဖည့္စြက္ခြင့္ျပဳ ေငြထဲက ေတာင္းခံလာတာလည္း ျဖစ္ပါတယ္။

တပ္ၿမိဳ႕ စည္ပင္သာယာေရးအဖြဲ႕အတြက္ ထပ္မံလိုအပ္ေငြ က်ပ္သန္း ၈၂ ဒသမ ၇၂၀ ေတာင္းခံတာနဲ႔ ပတ္သက္ၿပီး မရမ္းကုန္းမဲဆႏၵနယ္က ေဒါက္တာေမဝင္းျမင့္က ” တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕မ်ားအား တာဝန္ခံအျဖစ္ ႏိုင္ငံေတာ္သမၼတသို႔မဟုတ္ ႏိုင္ငံေတာ္သမၼတက တာဝန္ေပးသူဟူ၍ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

က်မအေနနဲ႔ လြန္ခဲ့တဲ့ ၄ ႏွစ္ထဲက ပူးေပါင္းအဖြဲ႕နဲ႔ပါ ႏွစ္စဥ္ ကာကြယ္ေရးဘတ္ဂ်က္ကို စိစစ္ခဲ့ရာ အခုႏွစ္ကဲ့သို႔ ဥပေဒၾကမ္းတြင္ေဖာ္ျပထားခဲ့သလို မေတြ႕ရွိခဲ့ရဖူးပါ။ ဒါ့ေၾကာင့္မို႔လို႔ က်မအေနနဲ႔ သိရွိလိုတာက တပ္ၿမိဳ႕ စည္ပင္သာယာေရးအဖြဲ႕ရဲ႕ အသုံးစရိတ္ကို မည္သူက၊ မည္သည့္ဝန္ႀကီးဌာနက တာဝန္ခံမည္ဆိုတာကို ရွင္းရွင္းလင္းလင္း သိလို ျခင္းျဖစ္ပါတယ္ ” လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံရာမွာ ျပည္ေထာင္စုဌာနအဖြဲ႕ အစည္းအလိုက္ စုစုေပါင္း က်ပ္၂၆၆၀ ဒသမ ၉၈၇ ဘီလီယံေတာင္းခံထားရာမွာ ကာကြယ္ေရးဝန္ႀကီးဌာနက သာမန္အသုံးစရိတ္မွာ မူလလ်ာထားခ်က္ထက္ က်ပ္သန္းေပါင္း ၆ ေသာင္းေက်ာ္ပိုမိုေတာင္းခံထားသလို ေငြလုံးေငြရင္းမွာလည္း မူလလ်ာထားခ်က္ထက္ က်ပ္သန္းေပါင္း ၁ သိန္းေက်ာ္ပိုမိုေတာင္းခံထားတာျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရဲ႕ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒၾကမ္း နဲ႔ ပတ္သက္ၿပီး ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ႕ ေလ့လာေတြ႕ရွိခ်က္နဲ႔ သေဘာထားမွတ္ခ်က္ အစီရင္ခံစာအပါအဝင္ ကိုယ္စားလွယ္မ်ားရဲ႕ေဆြးေႏြးခ်က္အေပၚ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္က ျပန္လည္ေဆြးေႏြးျခင္းကို ေမလ ၂၇ ရက္မွာ ျပဳလုပ္သြားမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာယက က ေျပာၾကားထားပါတယ္။

ၿဖိဳးသက္ပိုင္ျမင့္(ေနျပည္ေတာ္) DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here