ရက်ပေါင်း(၅၀)အတွင်း ကိုဗစ် Positive (၈)ကြိမ်အထိ ပြသခဲ့တဲ့ အံ့ဖွယ်သူနာပြုဆရာမရဲ့အဖြစ်

0
98

အသက်(၄၉)နှစ်အရွယ် သူနာပြုဆရာမတစ်ဦးကတော့ ကိုဗစ်-၁၉ ကူုးစက်ခံရလို့ ဆေးဝါးစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။ သူမဟာ ရက်ပေါင်း(၅၀)အတွင်းမှာ စံချိန်တင်အဖြစ် Positive (၈)ကြိမ်အထိ ပြသခဲ့တာကြောင့် ဆေးဘက်ပညာရှင်တွေအနေနဲ့ အံ့သြခဲ့ရပါတယ်။

သူနာပြုဆရာမရဲ့အမည်ကတော့ Tracy Schofield ဖြစ်ပါတယ်။ Cambridge, Ontario မှာ နေထိုင်သူပါ။ ကလေး(၃)ယောက်မိခင်ဖြစ်ပြီး၊ မတ်လ(၃၀)ရက်နေ့မှာ ထူးဆန်းတဲ့ ကိုယ်လက်မအီမသာဖြစ်မှုတွေ၊ အသက်ရှူရကြပ်တာတွေ ဖြစ်ခဲ့တာကြောင့် စမ်းသပ်မှု ခံယူခဲ့ရာ ကိုဗစ်ကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့ပါတယ်။

သူမဟာ ဆေးခွင့်နဲ့ နေအိမ်မှာ နှစ်ပတ်ကြာ နေထိုင်ခွင့်ရရှိခဲ့ပြီး၊ သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲခဲ့ပေမယ့် အကြိမ်ကြိမ် စစ်တိုင်း Positive ပဲပြနေခဲ့တာပါ။ နှစ်ပတ်ကြာတဲ့အခါမှာ အဖျားရှိန် ပိုများလာခဲ့ပြီး၊ (၄၀.၁) C အထိ ရှိလာခဲ့ပါတယ်။

အနံ့အရသာကို ခံစားနိုင်စွမ်း မရှိတော့ဘဲ စားချင်သောက်ချင်စိတ်လည်း ကုန်ခမ်းခဲ့တယ်လို့ ဆိုပါတယ်။ Q ဝင်နေရတဲ့ကာလ လွန်မြောက်ချိန်မှာတော့ Cambridge Memorial Hospital ဆေးရုံမှာ တက်ရောက်ကုသဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီမတိုင်ခင် နှစ်ကြိမ် Positive ဖြစ်ထားတာပါ။

အဲဒီဆေးရုံမှာ နောက်ထပ် တစ်ပတ်ခြားဆီ (၆)ကြိမ် စစ်ဆေးခဲ့ရာ စစ်ဆေးတိုင်း Positive သာ ပြနေခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် Negative ဖြစ်တယ်လို့ ပြတိုင်းလည်း အချိန်မရွေး Positive ပြလာနိုင်တယ်လို့ ဒေါက်တာတွေက ယူဆခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလို Positive ဖြစ်နေရခြင်းမှာ သူမရဲ့စနစ်အတွင်း ဗိုင်းရပ်စ်ဆဲလ်အသေတွေ ကျန်ရှိနေခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ Tracy Schofield ကတော့ သူနာပြုဆရာမအဖြစ် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးစားနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

အသက္(၄၉)ႏွစ္အရြယ္ သူနာျပဳဆရာမတစ္ဦးကေတာ့ ကုိဗစ္-၁၉ ကူုးစက္ခံရလုိ႔ ေဆးဝါးေစာင့္ေရွာက္မႈ ခံယူခဲ့ရပါတယ္။ သူမဟာ ရက္ေပါင္း(၅၀)အတြင္းမွာ စံခ်ိန္တင္အျဖစ္ Positive (၈)ႀကိမ္အထိ ျပသခဲ့တာေၾကာင့္ ေဆးဘက္ပညာရွင္ေတြအေနနဲ႔ အံ့ၾသခဲ့ရပါတယ္။

သူနာျပဳဆရာမရဲ႕အမည္ကေတာ့ Tracy Schofield ျဖစ္ပါတယ္။ Cambridge, Ontario မွာ ေနထုိင္သူပါ။ ကေလး(၃)ေယာက္မိခင္ျဖစ္ၿပီး၊ မတ္လ(၃၀)ရက္ေန႔မွာ ထူးဆန္းတဲ့ ကိုယ္လက္မအီမသာျဖစ္မႈေတြ၊ အသက္ရွဴရၾကပ္တာေတြ ျဖစ္ခဲ့တာေၾကာင့္ စမ္းသပ္မႈ ခံယူခဲ့ရာ ကိုဗစ္ကူးစက္ခံထားရေၾကာင္း အေျဖထြက္ခဲ့ပါတယ္။

သူမဟာ ေဆးခြင့္နဲ႔ ေနအိမ္မွာ ႏွစ္ပတ္ၾကာ ေနထိုင္ခြင့္ရရွိခဲ့ၿပီး၊ သတ္မွတ္ထားတဲ့ ေဆးဝါးေတြကုိ သုံးစြဲခဲ့ေပမယ့္ အႀကိမ္ႀကိမ္ စစ္တုိင္း Positive ပဲျပေနခဲ့တာပါ။ ႏွစ္ပတ္ၾကာတဲ့အခါမွာ အဖ်ားရွိန္ ပုိမ်ားလာခဲ့ၿပီး၊ (၄၀.၁) C အထိ ရွိလာခဲ့ပါတယ္။

အနံ႔အရသာကို ခံစားႏုိင္စြမ္း မရွိေတာ့ဘဲ စားခ်င္ေသာက္ခ်င္စိတ္လည္း ကုန္ခမ္းခဲ့တယ္လုိ႔ ဆုိပါတယ္။ Q ဝင္ေနရတဲ့ကာလ လြန္ေျမာက္ခ်ိန္မွာေတာ့ Cambridge Memorial Hospital ေဆး႐ုံမွာ တက္ေရာက္ကုသဖုိ႔ အခြင့္အေရး ရခဲ့ပါတယ္။ ဒီမတုိင္ခင္ ႏွစ္ႀကိမ္ Positive ျဖစ္ထားတာပါ။

အဲဒီေဆး႐ုံမွာ ေနာက္ထပ္ တစ္ပတ္ျခားဆီ (၆)ႀကိမ္ စစ္ေဆးခဲ့ရာ စစ္ေဆးတုိင္း Positive သာ ျပေနခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို ၾကည့္ခ်င္းအားျဖင့္ Negative ျဖစ္တယ္လုိ႔ ျပတုိင္းလည္း အခ်ိန္မေရြး Positive ျပလာႏုိင္တယ္လုိ႔ ေဒါက္တာေတြက ယူဆခဲ့ပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ ဒီလုိ Positive ျဖစ္ေနရျခင္းမွာ သူမရဲ႕စနစ္အတြင္း ဗုိင္းရပ္စ္ဆဲလ္အေသေတြ က်န္ရွိေနျခင္းေၾကာင့္ ျဖစ္ႏုိင္တယ္လုိ႔ သုံးသပ္ခဲ့ပါတယ္။ Tracy Schofield ကေတာ့ သူနာျပဳဆရာမအျဖစ္ လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ႏုိင္ေရး ႀကိဳးစားေနပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here