ကိုဗစ်ကြောင့်ဂျပန်အစိုးရပေးတဲ့ ယန်းတစ်သိန်းကို မြန်မာနိုင်ငံသားတွေလည်း လျှောက်နိုင်

0
96

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်မှာနေထိုင်သူတစ်ဦးကို ယန်းငွေတစ်သိန်းစီ ထောက်ပံ့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီထောက်ပံ့ကြေးကို ခံစားလျှောက်ထားခွင့်ရှိသူတွေထဲမှာ ၂၀၂၀ပြည့်နှစ်၊ ဧပြီ ၁၇ ရက်အထိ နေထိုင်သူ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား အလုပ်သင် သင်တန်းသား တွေလည်း အကျုံးဝင်တယ်လို့ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးက မေ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် သတ်မှတ်အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံသား အလုပ်သင်တွေဆီကို လက်ရှိနေထိုင်တဲ့မြို့မှာ နေထိုင်ကြောင်း မှတ်ပုံတင်ထားတဲ့အုပ်ချုပ်ရေးမှူးရုံးကနေ လျှောက်လွှာပုံစံတွေ ပေးပို့မှာဖြစ်ပြီး အဲဒီလျှောက်လွှာကို ပြည့်စုံစွာ ဖြည့်စွက်ပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးရုံးကို ပြန်ပို့ရမယ်လို့ ဆိုပါတယ်။

မရှင်းလင်းတဲ့အချက်ရှိရင် တိုကျိုက မြန်မာသံရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ပြီး မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း သံရုံးက ကြေညာထားတာတွေ့ရပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိသူနဲ့ အချိန်ပိုင်းအလုပ်နဲ့ ရပ်တည်နေရတဲ့ ကျောင်းသားတွေ(နိုင်ငံခြားသားအပါ) ကိုပါ ယန်းတစ်သိန်းပေးမယ့်အစီအစဉ်ထဲ ထပ်မံပါဝင်လာပါတယ်။

“ယန်းတစ်သိန်းကတော့ အားလုံးရမှာဆိုတော့ ရမှာပါ။ Mask နှစ်ခုလည်း ရမယ်ပြောတယ်။ Mask ကတော့ တစ်အိမ်ထောင်နှစ်ခုစီဝေတယ်ပြောတယ်။ အခုထိတော့ ကျွန်မတို့ဆီမရောက်လာသေးဘူး။ ယန်းတစ်သိန်းက ဖောင်နဲ့လျှောက်ရမှာပါ။ အခုထိတော့အဲဒီဖောင်တွေ အိမ်ကိုမရောက်သေးဘူး”လို့ တိုကျိုမှာ နေထိုင်တဲ့ မြန်မာတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဂျပန်ငွေ တစ်ယန်းကို မြန်မာငွေ ၁၃ ကျပ်ကျော်ပေါက်ဈေးရှိတဲ့အတွက် ယန်းတစ်သိန်းဆို မြန်မာငွေ ၁၄ သိန်းခန့်ရှိနေပါတယ်။

ဓာတ်ပုံ-ဂျပန်သံရုံး၊ တိုကျို  / ဘီဘီစီမြန်မာပိုင်း

ဂ်ပန္အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကို တုံ႔ျပန္တဲ့အေနနဲ႔ ဂ်ပန္မွာေနထိုင္သူတစ္ဦးကို ယန္းေငြတစ္သိန္းစီ ေထာက္ပံ့မွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

အဲဒီေထာက္ပံ့ေၾကးကို ခံစားေလွ်ာက္ထားခြင့္ရွိသူေတြထဲမွာ ၂၀၂၀ျပည့္ႏွစ္၊ ဧၿပီ ၁၇ ရက္အထိ ေနထိုင္သူ မွတ္ပုံတင္ထားတဲ့ ႏိုင္ငံျခားသား အလုပ္သင္ သင္တန္းသား ေတြလည္း အက်ဳံးဝင္တယ္လို႔ တိုက်ိဳမွာရွိတဲ့ ျမန္မာသံ႐ုံးက ေမ ၂၁ ရက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ သတ္မွတ္အခ်က္အလက္ေတြနဲ႔ ကိုက္ညီတဲ့ ျမန္မာႏိုင္ငံသား အလုပ္သင္ေတြဆီကို လက္ရွိေနထိုင္တဲ့ၿမိဳ႕မွာ ေနထိုင္ေၾကာင္း မွတ္ပုံတင္ထားတဲ့အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန ေလွ်ာက္လႊာပုံစံေတြ ေပးပို႔မွာျဖစ္ၿပီး အဲဒီေလွ်ာက္လႊာကို ျပည့္စုံစြာ ျဖည့္စြက္ၿပီးတဲ့ေနာက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ျပန္ပို႔ရမယ္လို႔ ဆိုပါတယ္။

မရွင္းလင္းတဲ့အခ်က္ရွိရင္ တိုက်ိဳက ျမန္မာသံ႐ုံးကို ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းႏိုင္ၿပီး ေမးျမန္းႏိုင္တဲ့ ဖုန္းနံပါတ္ေတြကိုလည္း သံ႐ုံးက ေၾကညာထားတာေတြ႕ရပါတယ္။

ဒါ့အျပင္ ဒီအစီအစဥ္မွာ အလုပ္လက္မဲ့ျဖစ္ၿပီး ဝင္ေငြမရွိသူနဲ႔ အခ်ိန္ပိုင္းအလုပ္နဲ႔ ရပ္တည္ေနရတဲ့ ေက်ာင္းသားေတြ(ႏိုင္ငံျခားသားအပါ) ကိုပါ ယန္းတစ္သိန္းေပးမယ့္အစီအစဥ္ထဲ ထပ္မံပါဝင္လာပါတယ္။

“ယန္းတစ္သိန္းကေတာ့ အားလုံးရမွာဆိုေတာ့ ရမွာပါ။ Mask ႏွစ္ခုလည္း ရမယ္ေျပာတယ္။ Mask ကေတာ့ တစ္အိမ္ေထာင္ႏွစ္ခုစီေဝတယ္ေျပာတယ္။ အခုထိေတာ့ ကြၽန္မတို႔ဆီမေရာက္လာေသးဘူး။ ယန္းတစ္သိန္းက ေဖာင္နဲ႔ေလွ်ာက္ရမွာပါ။ အခုထိေတာ့အဲဒီေဖာင္ေတြ အိမ္ကိုမေရာက္ေသးဘူး”လို႔ တိုက်ိဳမွာ ေနထိုင္တဲ့ ျမန္မာတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ဂ်ပန္ေငြ တစ္ယန္းကို ျမန္မာေငြ ၁၃ က်ပ္ေက်ာ္ေပါက္ေဈးရွိတဲ့အတြက္ ယန္းတစ္သိန္းဆို ျမန္မာေငြ ၁၄ သိန္းခန႔္ရွိေနပါတယ္။

ဓာတ္ပုံ-ဂ်ပန္သံ႐ုံး၊ တိုက်ိဳ  / ဘီဘီစီျမန္မာပိုင္း

LEAVE A REPLY

Please enter your comment!
Please enter your name here