မိဘတွေနဲ့အတူ တောထဲ လမ်းလျှောက်စဉ်၊ လက်ကို အက်ဒါမြွေပွေး အကိုက်ခံလိုက်ရတဲ့ ကလေးငယ်

0
89

အသက်(၂)နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ဟာ မိဘတွေနဲ့အတူ တောထဲကို လမ်းလျှောက်ထွက်စဉ်မှာ လက်ကို မြွေပွေးက ကိုက်တာကို ခံခဲ့ရပါတယ်။ ကိုက်တဲ့မြွေကတော့ အက်ဒါမြွေပွေး အမျိုးအစားဖြစ်ပြီး၊ ကလေးကို အမြန်ဆေးရုံပို့ပေးခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ၊ လင်ကွန်းရှိုင်းယားပြည်နယ်က ကလေးရဲ့ အိမ်နဲ့မနီးမဝေးမှာ ဖြစ်ခဲ့တာပါ။ ကလေးရဲ့အမည်ကတော့ Isaac McLusky ဖြစ်ပြီး၊ ဆေးရုံမှာ ချက်ချင်း အဆိပ်ဖြေဆေးထိုးကာ အရေးအပေါ်အနေအထားနဲ့ ဒေါက်တာတွေက စောင့်ကြည့်ခဲ့ရတာပါ။

အခင်းဖြစ်ချိန်မှာ မိဘတွေလည်း ကလေးဘေးမှာရှိနေခဲ့ပြီး၊ မိခင်ဖြစ်သူက ချက်ချင်း အရေးပေါ်သူနာပြုကားကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ ဒေါက်တာတွေက ကလေးကို အရေးပေါ်ဆေးကုပြီးနောက်၊ ကလေးအနေနဲ့ အဆိပ်ရဲ့ တိုက်ခိုက်မှုကြောင့် ညသန်းခေါင်လောက်အထိ ပြင်းထန်တဲ့ဝေဒနာကို ခံစားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Isaac ရဲ့လက်ကတော့ ပုံမှာ မြင်တဲ့အတိုင်း ယောင်ကိုင်းနေပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ မိခင် Sarah Turner က ရိုုက်ယူခဲ့တာတွေပါ။ သူမရဲ့အပြောအရ ကလေးပီပီ၊ လမ်းမှာ တွေ့သမျှတွေနဲ့ လိုက်ကစားနေစဉ်၊ တစ်ခုသော မြက်တောအတွင်းမှာ မြွေက လက်ကို ကိုက်ခဲ့တာပါတဲ့။

ကလေးအော်သံကြောင့် ချက်ချင်းပြေးကြည့်ချိန်မှာ မြွေက နောက်တစ်ကြိမ် ကိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် Tuner က ကလေးကို အမြန်ပွေ့ချီလိုက်ပြီး၊ သူမရဲ့ချစ်သူ Tom နဲ့အတူ အမြန်ဆုံး ကလေးကို ကားဆီ ခေါ်လာခဲ့ပါတယ်။ Tom ရဲ့လက်ထဲမှာ (၇)လအရွယ် သမီးလေးလည်း ပါလာခဲ့ပါတယ်။

Tom McLusky ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိဖြစ်ပြီး၊ ဇနီးဖြစ်သူ Turner ကတော့ ရေကူးသင်တန်းနည်းပြ ဖြစ်ပါတယ်။ Isaac ကတော့ ဆေးရုံမှာ (၃)ရက်ကြာ တက်ရောက်ပြီး နေအိမ်ကို ပြန်ခွင့်ရခဲ့ကြောင်း သိရပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

အသက္(၂)ႏွစ္အရြယ္ ကေလးငယ္ေလးတစ္ေယာက္ဟာ မိဘေတြနဲ႔အတူ ေတာထဲကို လမ္းေလွ်ာက္ထြက္စဥ္မွာ လက္ကို ေျမြေပြးက ကိုက္တာကို ခံခဲ့ရပါတယ္။ ကိုက္တဲ့ေျမြကေတာ့ အက္ဒါေျမြေပြး အမ်ိဳးအစားျဖစ္ၿပီး၊ ကေလးကို အျမန္ေဆး႐ုံပုိ႔ေပးခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ အဂၤလန္ႏုိင္ငံ၊ လင္ကြန္း႐ႈိင္းယားျပည္နယ္က ကေလးရဲ႕ အိမ္နဲ႔မနီးမေဝးမွာ ျဖစ္ခဲ့တာပါ။ ကေလးရဲ႕အမည္ကေတာ့ Isaac McLusky ျဖစ္ၿပီး၊ ေဆး႐ုံမွာ ခ်က္ခ်င္း အဆိပ္ေျဖေဆးထုိးကာ အေရးအေပၚအေနအထားနဲ႔ ေဒါက္တာေတြက ေစာင့္ၾကည့္ခဲ့ရတာပါ။

အခင္းျဖစ္ခ်ိန္မွာ မိဘေတြလည္း ကေလးေဘးမွာရွိေနခဲ့ၿပီး၊ မိခင္ျဖစ္သူက ခ်က္ခ်င္း အေရးေပၚသူနာျပဳကားကို ဖုန္းဆက္ေခၚခဲ့ပါတယ္။ ေဒါက္တာေတြက ကေလးကို အေရးေပၚေဆးကုၿပီးေနာက္၊ ကေလးအေနနဲ႔ အဆိပ္ရဲ႕ တုိက္ခိုက္မႈေၾကာင့္ ညသန္းေခါင္ေလာက္အထိ ျပင္းထန္တဲ့ေဝဒနာကို ခံစားရလိမ့္မယ္လုိ႔ ေျပာခဲ့ပါတယ္။

Isaac ရဲ႕လက္ကေတာ့ ပုံမွာ ျမင္တဲ့အတုိင္း ေယာင္ကိုင္းေနပါတယ္။ ဒီဓာတ္ပုံေတြကုိေတာ့ မိခင္ Sarah Turner က ႐ိုုက္ယူခဲ့တာေတြပါ။ သူမရဲ႕အေျပာအရ ကေလးပီပီ၊ လမ္းမွာ ေတြ႕သမွ်ေတြနဲ႔ လုိက္ကစားေနစဥ္၊ တစ္ခုေသာ ျမက္ေတာအတြင္းမွာ ေျမြက လက္ကုိ ကုိက္ခဲ့တာပါတဲ့။

ကေလးေအာ္သံေၾကာင့္ ခ်က္ခ်င္းေျပးၾကည့္ခ်ိန္မွာ ေျမြက ေနာက္တစ္ႀကိမ္ ကိုက္ဖုိ႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ Tuner က ကေလးကို အျမန္ေပြ႕ခ်ီလိုက္ၿပီး၊ သူမရဲ႕ခ်စ္သူ Tom နဲ႔အတူ အျမန္ဆုံး ကေလးကို ကားဆီ ေခၚလာခဲ့ပါတယ္။ Tom ရဲ႕လက္ထဲမွာ (၇)လအရြယ္ သမီးေလးလည္း ပါလာခဲ့ပါတယ္။

Tom McLusky ကေတာ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရး အရာရွိျဖစ္ၿပီး၊ ဇနီးျဖစ္သူ Turner ကေတာ့ ေရကူးသင္တန္းနည္းျပ ျဖစ္ပါတယ္။ Isaac ကေတာ့ ေဆး႐ုံမွာ (၃)ရက္ၾကာ တက္ေရာက္ၿပီး ေနအိမ္ကုိ ျပန္ခြင့္ရခဲ့ေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here